စစ်အာဏာသိမ်းပြီး ၂နှစ်အတွင်း နေအိမ်ပေါင်း ၆ သောင်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့

0
160

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူတို့၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံး၊ မကွေးတိုင်းတွင် ၉,၀၁၉ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၅ လုံးနှင့် ကျန် ပြည်နယ်နှင့်တိုင်းများ၌ ၂,၁၇၇ လုံး အစရှိသဖြင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရခိုင်ပြည်နယ်ထဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် နေအိမ်အလုံးပေါင်း ၁၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အချက်အလက်တွေရရှိဖို့ မီဒီယာများနှင့် ဒေသဆိုင်ရာအလိုက် သတင်းပြန်ကြားရေးအဖွဲ့များထံကနေ ရယူထားသည်။ အရေအတွက်များသည့် ဖြစ်စဉ်များကို National Aeronautics and Space Administration (NASA) အဖွဲ့၏ Fire Information for Resource Management System (FIRMS Database) မှ အချက်အလက်များနှင့် အတည်ပြုစိစစ်ထားပြီး အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားရစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြေပြင်နှင့် နီးစပ်သည့်အဖွဲ့များ၏ အချက်အလက်များက အရေအတွက် ပိုများနိုင်ကြောင်း Data for Myanmar က ဆိုပါသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here