သျှမ်းပြည်တိုးတက်ရေးပါတီ

0
1959

သျှမ်းပြည်တိုးတက်ရေးပါတီ – SSPP/SSA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၄ ဧပြီ ၁၉၆၄၊ ၁၆ သြဂုတ် ၁၉၇၁

ရုံးချုပ် – ဝမ့်ဟိုင်း၊ ကျေးသီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း

လှုပ်ရှားရာနယ်မြေ – သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးနှင့် ရပ်စောက်မြို့နယ်များ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များ

အင်အား – ၁၀,ဝ၀ဝ ကျော်

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ

ဒု-ဥက္ကဋ္ဌ – ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်

အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးကြီး ကျော်လှ

စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် SSPP/SSA အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နှင့် ၁၁ ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်း (၁၀) ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။ အဆိုပါတပ်စခန်းများသည် SSPP/SSA ၏ ခိုလမ်တိုင်းစစ်ဌာနနှင့် ဌာနချုပ်အတွက် လုံခြုံရေးအရ အရေးပါသည့် နေရာများသဖြင့် ဆုတ်ခွာရန် အစီအစဉ်မရှိဟု ဆိုပါသည်။ 1

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်အထိ UWSA၊ မိုင်းလားအဖွဲ့ (NDAA)၊ SSPP/SSA နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှုအပြီးတွင်တော့ အာဏာသိမ်းစစ်အုပ်စုက ကျင်းပနိုင်ရေး ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးညီလာခံကို ၎င်းတို့ (၃) ဖွဲ့အနေဖြင့် တက်ရောက်ရန် အဆင့်သင့်မဖြစ်သေးကြောင်း တင်ပြခဲ့သည်ဟု ဆိုပါသည်။ 2

၂၀၂၄ ခုနှစ် မေလ ၃ ရက်တွင်တော့ စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ရရှိရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သဖြင့် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန် ဆုံးဖြတ်ကြောင်း SSPP/SSA က ကြေညာသည်။

“စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသားလူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကိုမလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီးနောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းတွေ လုံးဝမဖြစ်နိုင်တော့တဲ့အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝမပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကိုရွေးချယ်ခဲ့ရတာဖြစ်ပါတယ်” ဟု SSPP/SSA ဒုတိယဥက္ကဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။ 3

SSPP/SSA အနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားသကဲ့သို့ သျှမ်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA နှင့် SSPP/SSA အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ သို့သော် နှစ်ဖက်ခေါင်းဆောင်နှစ်ဦး၏ ဆန္ဒအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၉ ရက်မှစပြီး အပစ်ရပ်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပါသည်။ 4

ထို့အပြင် ဒေသတွင်း နယ်မြေထိစပ်မှုများနှင့် အငြင်းပွားမှုများကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပါသည်။ မဟာမိတ်အချင်းအချင်းအကြား ပဋိပက္ခများအား ဖြေရှင်းရာတွင် ၎င်းကိုယ်တိုင်ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ (FPNCC) ၏ စားပွဲဝိုင်းတွင် ဖြေရှင်းလေ့ရှိပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ တိုက်ပွဲဖြစ်ပွားမှု (၁၀) ခု ရှိခဲ့သည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု SSPP/SSA နှင့် RCSS/SSA အကြား တိုက်ပွဲဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ် ၂၀၂၄ ခုနှစ် ဇူလိုင် (၉) ရက်အထိ (၃၅) ခု ရှိခဲ့သည်။ ဒေသတွင်း နယ်မြေထိစပ်မှုများနှင့် အငြင်းပွားမှုများကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။

1 SSPP/SSA တပ်တွေ လဲချားမြို့နယ်ကနေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေး၊ အာအက်ဖ်အေ၊ ၁၃ ဇွန် ၂၀၂၃
2 ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုနှင့် အမေးအဖြေ၊ BNI-MPM၊ ၁ သြဂုတ် ၂၀၂၃
3 စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း SSPP ပြော၊ အာအက်ဖ်အေ၊ ၃ မေ ၂၀၂၄
4 ကာလကြာတိုက်ပွဲဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ၊ အာအက်ဖ်အေ၊ ၂၉ နိုဝင်ဘာ ၂၀၂၃

ဆက်သွယ်ရန်

Email – [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here