မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
|
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ နိုဝင်ဘာ ၁၉၈၈
ရုံးချုပ် – KNU ထိန်းချုပ်နယ်မြေအတွင်း ရုံးခွဲများ – အမေရိကန်နှင့် သြစတြေးလျ အခြေပြုဒေသ – KIA နှင့် KNU ထိန်းချုပ်နယ်မြေများအတွင်း အင်အား – ၄၀ဝ အထက် ဥက္ကဋ္ဌ – ရဲဘော်သံခဲ ဒု-ဥက္ကဋ္ဌ – ရဲဘော်မျိုးဝင်း အထွေထွေအတွင်းရေးမှူး – ရဲဘော်ဆန်နီ ၂၀၂၀ ပြည့်နှစ်တွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုံ့ဆိုင်းလေးဖင့်နေမှုများ၊ စစ်ရေးပဋိပက္ခများ မြင့်တက်နေမှုနှင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များကို ထိပ်တိုက်ရင်ဆိုင်နေရကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် ၃၂ နှစ် တင်းတင်းပြည့်သည့် မကဒတ (ABSDF) က သုံးသပ်ထားသည်။ စစ်ရေးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွင်း နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး၊ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများနှင့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များ ကြွေလွင့်ကျဆုံးခဲ့ရမှုများကို ဆင်ခြင်သုံးသပ်သင့်ကြောင်း တိုက်တွန်းထားပါသည်။ ABSDF တည်ထောင်ခြင်း ၃၂ နှစ်ပြည့် ကြေညာချက်တွင်တော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အင်အားစုအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းထားပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အင်အားစုအားလုံးပါသောနိုင်ငံရေး ဆွေးနွေးပွဲများဖြစ်မြောက်ရေး၊ ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ရှိသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးလုပ်ငန်းစဉ် သုံးရပ်ကို ထုတ်ဖော်ထားသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအတွက် လူထုအရေးတော်ပေါ်နှင့်အတူ ဖြစ်တည်ပေါက်ဖွားလာခဲ့သည့် ABSDF သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် အစိုးရ၏ မတရားအသင်းအဖြစ် ကြေညာထားခြင်းအား ပယ်ဖျက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း လိုက်ပါဆောင်ရွက်နေပါသည်။ အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပသည့် NCA ခြောက်နှစ်ပြည့်အခမ်းအနားသို့ ABSDF အနေဖြင့် တက်ရောက်ခဲ့သည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ခဲရပြီး အဆိုပါ တက်ရောက်သည့် ကိစ္စအား ဗဟိုကော်မတီဆုံးဖြတ်ချက် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန် ရှင်းလင်းခဲ့ရပါသည်။ နိုဝင်ဘာ ၂ ရက် ညနေ ငါးနာရီခန့်က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ မြဝတီမြို့ ABSDF ဆက်ဆံရေးရုံးကို ရောက်ရှိလာပြီး ဆက်ဆံရေးရုံးမှ တာဝန်ခံ ရဲဘော် အောင်ဘော်၊ ရဲဘော်တင်စိုး အပါအဝင် လေးဦးကို ဖမ်းဆီးသွားခဲ့ပါသည်။ စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်များအား တိုက်ခိုက်လာသည်ကို သတင်းများအရ တွေ့ရပါသည်။ ABSDF ဥက္ကဋ္ဌ အနေဖြင့်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်တော့ကြောင်း ပြောဆိုထားပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တရားဝင်ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးရုံးများ မဟာမိတ်အဖွဲ့များ ဗဟိုကော်မတီအဖွဲ့ဝင်များ (၁) ရဲဘော်သံခဲ – ဥက္ကဋ္ဌ ဆက်သွယ်ရန် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |