မြိုင်က စစ်ကောင်စီစခန်းအား တိုက်ခိုက်ချိန်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

0
136

မကွေးတိုင်း၊ မြိုင်မြို့နယ် က စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ (၃၀) ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့က ကျောက်ခွက်ရေနံမြေ Well-2 အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတာပါ။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မနက် (၉) နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ (၃) ကြိမ်လောက် လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာကြောင့် ခေတ္တနောက်ပြန်ဆုတ်ခဲ့ရပြီး လေယာဉ်ပြန်သွားချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က (၅) ဦးဒဏ်ရာရရှိခဲ့ပြီး Black God ပြောက်ကျားတပ်ဖွဲ့က အသက် (၁၉) နှစ်အရွယ် ရဲဘော် ဖြိုးဇာ(ခ)မောင်ဇာနည်အောင် ကျဆုံးခဲ့ ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ သိရပြီး စစ်ကောင်စီစခန်းအတွင်းက အဆောက်အဦးတချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပေမယ့် စခန်းကို အလုံးစုံသိမ်းပိုက်အောင်မြင်ခါနီးမှာ ကျည်မလုံလောက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုထားပါတယ်။

စခန်းကိုဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပြီး ပြည်သူတစ်ဦး ပေါင်ထိမှန်ဒဏ်ရာရရှိသွားသလို ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်- ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ ထန်းပေါက်ကုန်း တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက မြိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၄) ကြိမ်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာနာမှာရှိတဲ့ ဖလံကိုင်းရွာမှာ အထိုင်ချနေတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here