ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) |
||||
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁
ရုံးချုပ် – လိုင်ဇာ၊ ကချင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်တစ်ဝန်းလုံးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ အင်အား – ၁၂,၀ဝ၀ အထက် (တပ်မဟာ ၈ ခု) ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ ဒု-ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင် အထွေထွေအတွင်းရေးမှူး– ကွမ်ထပ်ထိန်နန် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရယူခဲ့သည့် KIO/KIA သည် ဦးသိန်းစိန်အစိုးရလက်ထက်၊ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ကာ ယနေ့အချိန်အထိ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေးမူကို ကိုင်ဆွဲထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးအတွက် ဦးသိန်းစိန်အစိုးရ၏ ကမ်းလှမ်းချက်ကို KIO က ငြင်းပယ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၃ ရက် အထိ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံဆုံးဖြတ်ချက်ဖြင့် UNFC မှ နှုတ်ထွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်၊ UWSA ဦးဆောင်သည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြင့် စုစည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်လျက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် KIO ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့မှကိုယ်စားလှယ်များနှင့် အမျိုးသားပြည်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး တိုက်ပွဲများအမြန်ဆုံး ရပ်တန့်ရေးနှင့် နှစ်ဖက်အပစ်ရပ်စဲရေး သဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးခဲ့ကြသည်။ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးမှသာ NCA အတွက် ဆက်လက်ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။ စစ်အာဏာသိမ်းကာလအတွင်း ဓမ္မဘက်မှ ရပ်တည်ကြရန် KIO ဥက္ကဌ အင်ဘန်လက တိုက်တွန်းခဲ့သလို KIO အနေဖြင့်လည်း ဓမ္မဘက်မှ ရပ်တည်ကြောင်း ပြောဆိုခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်၊ အာဏာသိမ်းစစ်ခေါင်း ဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုနှင့် ၂၀၂၂ ခုနှစ်မေလ ၂ရက်၊ တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စု၏ အကြောင်းကြားစာတို့နှင့်ပတ်သက်ပြီး “ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့် အချိန် အခါ၊အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်” ဟုအကြောင်းပြန်ကာ ငြင်းပယ်ခဲ့ပါသည်။ 1 နွေဦးတော်လှန်ရေးအတွင်း ဖြစ်တည်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ် ရောင်းချမှုတွင်လည်း KIO ၏ ငွေကြေးစီးဆင်းမှုစနစ်ကို အသုံးပြုကာ ပူးပေါင်းဆောင်ရွက်များ ရှိနေပါသည်။ ထို့ပြင် ပညာရေး ကဏ္ဍတွင်လည်း NUG နှင့် ပူးပေါင်းကာ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU) ကို ဖွင့်လှစ်ထားပါသည်။2 KIO/KIA အနေဖြင့် CRPH ၊ NUG တို့နှင့် နားလည်မှု အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးကဏ္ဍ တွင်လည်း C3C အစုအဖွဲ့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကချင်လွတ်မြောက်ရေး 1 ထုတ်ပြန်ကြေညာချက် (၂/၂၀၂၂)
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ပဋိပက္ခဖြေရှင်းရေး အဖွဲ့၏အဖွဲ့ဝင်များ ဆက်ဆံရေးရုံး – နည်းပညာအကြံပေးရုံး မဟာမိတ်များ ၂၀ဝ၇ မှ လက်ရှိ – ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့-ဗမာပြည် ဆက်သွယ်ရန် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |