ကသာမြို့နယ်အတွင်း စာသင်ကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ အမျိုးသမီးတစ်ဦး သေဆုံး

0
161

ကသာမြို့နယ်အတွင်းက ကျောက်ထုံးကြီးကျေးရွာ စာသင်ကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ကသာအထက်၊ အောင်မြင်သာစည်၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသန်း ပစ်ခတ်ခဲ့မှုကြောင့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကျောင်းထုံးကြီးကျေးရွာ စာသင်ကျောင်းအနီး ပေါက်ကွဲကာ လူသူထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဒီနေ့ အကြမ်းဖက်စစ်ကောင်စီမှ ကသာအထက် အောင်မြေသာစည်မှာ လက်နက်ကြီးထိုင်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီ ဧရာဝတီမြစ် အရှေ့ဖက်ကမ်း ကျောက်ထုံးကြီးရွာ စာသင်ကျောင်းနား လက်နက်ကြီး ကျကွဲတာပါ။ အဲ့ဒါ အမျိုးသမီးတယောက် သေဆုံးတယ်။ လူငယ်တယောက် ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

ကျောင်ထုံးကြီးကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုးမရှိပဲ စစ်ကောင်စီက အရပ်သားပစ်မှတ်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

သို့သော် “မိုးတားလေး မှတ်တိုင်အနီးမှာတော့ စစ်အုပ်စုနဲ့ ABSDF တို့ ထိတွေ့မှုဖြစ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာမြို့နယ်၊ မိုးတာလေး ကျေးရွာနှင့် မိုးတားလေးမှတ်တိုင်အနီးတွင် စစ်ကောင်စီတပ်နှင့် ABSDF (မြောက်ပိုင်း)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန္နဝါရီလ ၂၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မိုးတားလေးကျေးရွာကို စစ်တပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ရွာသား ၃၀ နီးပါးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ABSDF (မြောက်ပိုင်း) တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ အင်အား ၁၅၀ ကျော်ခန့်ရှိသည့် စစ်ကြောင်းမှာ အယောက် ၂၀ ခန့်သာကျန်ပြီး အများစုမှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် “လွန်ခဲ့တဲ့ရက်ပိုင်းက အကျအရှုံးများသွားတဲ့ စစ်အုပ်စုဟာ မကြေမချမ်းဖြစ်နေပြီး အရပ်သားပစ်မှတ်တွေကိုပါ ဥပဒေမဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။ စစ်တပ်က အဲ့လိုမျိုး ရမ်းသမ်းပစ်ခတ် တိုက်ခိုက်နေလို့ ပြည်သူအများအပြား စစ်ရှောင်နေရပါတယ်” ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းက မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့ပြီးနောက် မြေပြင်တွင် စစ်တပ်နှင့် KIA, ABSDF-NB, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ ဇန္နဝါရီလ ၂၆ ရက်နေ့အထိဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့သည်ဟု မြေပြင်ရှိ သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ရန်သူအဖြစ် သတ်မှတ်ချေမှုန်းနေသဖြင့် ပြည်သူများ အစစအရာရာ အန္တရာယ်ကင်းစေရေး ဂရုစိုက်ကြရန်လည်း ABSDF မြောက်ပိုင်းက သတိပေးထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here