လောင်းလုံး-ထားဝယ် ကမြောကင်းတံတားမှာ အစစ်အဆေးကြမ်းနေ

0
185

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးနဲ့ထားဝယ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားမှာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းစပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီကမြောကင်းတံတားမှာ ဒီနေ့မနက် ၁၀ နာရီကစပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ခရီးသွားကားအပြင် ဆိုင်ကယ်တွေကိုလည်း တစ်စီးချင်း စစ်ဆေးနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးရာမှာလည်း လောင်းလုံးဘက်ခြမ်းက ထားဝယ်ဘက်ခြမ်း ဝင်မယ့်သူတွေကို ပိတ်ပင်ခဲ့ပြီး ထားဝယ်ကနေ လောင်းလုံးသွားမယ့် ခရီးသွားတွေနဲ့ ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာပါ။

စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ကမြောကင်းတံတားကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့အတွက် ခရီးသွားရာနဲ့ချီပိတ်ခဲ့သလို တချို့ခရီးသည်တွေက နောက်ကြောင်းပြန်လှည့်သွားကြတယ်လို့ သိရပါတယ်။

ကမြောကင်းတံတားမှာ လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့စစ်ဆေးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ တံတားကိုပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကမြောကင်းတံတားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့တုန်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တံတားဖြတ်သန်းသွားလာခွင့်ကိုလည်း စစ်ကောင်စီတပ်က အချိန် ၃ နာရီနီးပါးအကြာ ပိတ်ဆို့ထားခဲ့တာပါ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here