မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ဆိုင်မိုင်ကျေးရွာ သံကျောက်တူးသည့် လုပ်ကွက်ကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်

0
243

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ဆိုင်မိုင်ကျေးရွာ သံကျောက်တူးဖော်သည့် လုပ်ကွက်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

နံနက် ၁ နာရီတွင် လေယာဉ် ၁ စီးဖြင့် စစ်တပ်က အကြီးစားဗုံး ၄ လုံးကို ကျဲချခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“လူမရှိတဲ့ နေရာမှာ ကျတယ်။ မြေစာပုံမှာ တစ်ခု၊ ဂလန်ဂျာမှာ တစ်ခုနဲ့ ကျန်တဲ့ ၂ ခုတော့ ရှာမတွေ့သေးဘူး” ဟို ဆိုသည်။

ဆိုင်မိုင်ကျေးရွာသည် သံကျောက်ထွက်သည့်နေရာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ထိန်းချုပ်မှုဖြင့် တူးဖော်နေခြင်း ဖြစ်သည်။

ဆိုင်မိုင်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဒေသဖြစ်ပြီး လက်ရှိတွင် KIA နှင့် ရက္ခိုင်တပ်တော် AA တို့ စခန်းချ နေထိုင်သည်ဟု သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here