ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၈ နိုဝင်ဘာ ၂၀၁၀ ရုံးချုပ် – ကရင်ပြည်နယ် မြဝတီမြို့နယ် လှုပ်ရှားရာနယ်မြေ – လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူတောင်ကြား၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ် အင်အား – ၃၀ဝ၀ နီးပါး စစ်ဦးစီးချုပ် – ဒု-ဗိုလ်ချုပ်ကြီး စောစတီး စစ်ထောက်ချုပ် – ဗိုလ်မှူးကြီး စောစိန်ဝင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့် DKBA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ DKBA အနေဖြင့် NCA အရ ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းအတွင်း အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနည်းတူ လိုက်ပါဆောင်ရွက်နေသည့်အကြားမှပင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နှင့် လှိုင်းဘွဲ့မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်၊ ၇ ရက်နေ့များတွင်လည်း လှိုင်းဘွဲ့မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ DKBA လှုပ်ရှားရာ နယ်မြေများအတွင်း တပ်ပိုင်းဆိုင်ရာ နယ်မြေပိုင်းခြားနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသကဲ့သို့ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးရှောင်ပြည်သူများလည်း ထောင်နှင့်ချီကာ ရှိနေပါသည်။ ငြိမ်းချမ်းရေးဆိုင်ရာ ရပ်တည်ချက်များနှင့် ရည်မှန်းချက်များအဖြစ်မူ NCA လမ်းကြောင်းကိုသာ တွေ့ရပါသည်။ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်အတွင်း DKBA နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားမှု လေးရက် ရှိခဲ့ပါသည်။ DKBA အနေဖြင့် အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု အပြောင်းအလဲ ရှိခဲ့သော်လည်း PPST ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကွယ်လွန်သူ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်က အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နေပြည်တော်တွင် အလွတ်သဘော သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။ အပစ်အခတ်ရပ်စဲပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ဌာနချုပ် လုံခြုံရေးအဖွဲ့များ – ၉၀၄၊ ၉၀၆၊ ၉၀၈ ဆက်ဆံရေးရုံးများ မဟာမိတ် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |