ချင်းအမျိုးသားတပ်ဦး

0
2184

ချင်းအမျိုးသားတပ်ဦး – CNF

chin national flag 1024 x 768


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈

ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း)

လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ ပလက်ဝ

အင်အား – ၁၅၀ဝ အထက်၊ တပ်မဟာ – ၅ ခု

ဥက္ကဋ္ဌ – ပူးဇင်ကျုံး (Pu Zing Cung)

ဒု-ဥက္ကဋ္ဌ – ၁ – ပူးထန်းနိန်းကီး (Pu Thang Ning Kee)

အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei)

ချင်းပြည်သူများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းပြည်နယ်အတွင်း ဒေသများနှင့် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားတိုက်ပွဲဝင်နေသည့် CNF သည် စစ်အုပ်စုအလိုကျ ရေးဆွဲပြဋ္ဌာန်းထားသည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ထားသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် မေလများတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ် အခတ်ရပ်စဲရေးအတွက် ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးကာ NCA အရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ငန်းစဉ်အတွင်း လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

တစ်ဖက်တွင်တော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ပြင်းထန်လာနေသည့် ရက္ခိုင့် တပ်တော် (AA) နှင့် တပ်မတော်အကြား စစ်ရေးပဋိပက္ခများသည်လည်း ချင်းအမျိုးသားအပေါ် သက်ရောက်မှုရှိနေသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များအား ချင်းအမျိုးသားပိုင်နက်အတွင်း တိုက်ပွဲများ ရပ်တန့်ရန်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း များ မပြုလုပ်ကြရန် ၂၀၂၀ပြည့်နှစ်တွင် ကျင်းပသော ချင်းအမျိုးသားတပ်ဦး (CNF) ၏ သတ္တမအကြိမ် ညီလာခံက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ ညီလာခံမှတစ်ဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေး၊ နိုင်ငံရေးတန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် ဒီမိုကရေစနစ်တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် သုံးချက်ကို ချမှတ်ခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း CNF အနေဖြင့် ချင်းပြည်သူလူထုနှင့်အတူ ရပ်တည်ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီး အာဏာသိမ်းကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း CNF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ရေးရာပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
– အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၁၁) ဖွဲ့မြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
– အဆင့် ၁ – ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဇန်နဝါရီ ၆ ၊ ၂၀၁၂)
– အဆင့် ၂- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မေ ၇၊ ၂၀၁၂)
– အဆင့် ၃- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (အောက်တိုဘာ ၁၅, ၂၀၁၅)

အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှုများ။
၂၀၂၁ – ၁

တရားဝင်အပစ်အခတ်ရပ်စဲရေးအဖွဲ့
အဖွဲ့ဝင် (၂၀) ဦးပါဝင်သည့် ကော်မတီအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုကော်မတီနှင့် အမြင့်ဆုံး ကောင်စီအဖွဲ့ဝင်များမှ ရွေးထုတ်ထားပါသည်။
ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက်ကို ၂၀၁၂ ခုနှစ် မေလတွင် ရရှိပြီးနောက် ချင်းပြည်နယ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်
၂၄ – ၃၁ ဩဂုတ်, ၂၀၁၂။

ဆက်ဆံရေးရုံးများ
၁။ တီးတိန် (၂၅/ဝ၉/၂၀၁၂)
၂။ ထန်တလန် (၂၉/ဝ၆/၂၀၁၂)
၃။ မတူပီ (၂၃/ဝ၆/၂၀၁၂)

စီးပွားဆက်ဆံရေးရုံးများ
၁။ ပလက်ဝ (၁၉/၁၀/၂၀၁၃)
၂။ ရန်ကုန်
၃။ အိန္ဒိယမြန်မာနယ်စပ်
၄။ ဖလမ်း (ဇွန် ၉ ရက်၊ ၂၀၁၄ နေ့တွင် ခွင့်ပြုချက်ရရှိခဲ့သည်)
၅။ မင်းတပ် (ဇွန် ၉ ရက်၊ ၂၀၁၄ နေ့တွင် ခွင့်ပြုချက်ရရှိခဲ့သည်)

ဆက်သွယ်ရန် –
ဝက်ဆိုဒ်: www.chinland.org
အီးမေးလ်: [email protected]
ဖုန်း: +9189741215887 (အမြင့်ဆုံးကောင်စီ)

၁။ ပူထန်ရန်
၂။ ဆလိုင်း ကပ်ခိုလမ်
၃။ ဒေါက်တာ ဇလေးထန်
၄။ ပူလိုင်အုပ်
၅။ ဘာဝီလိန်းမာန် (ဗဟိုအလုပ်အမှုအောင်)
၆။ ပူဟူခန်း
ရ။ ပူလယ်ရမ်းလောမာ
၈။ ပူနန်ထောင်
၉။ ပူမာန်လင်း
၁၀။ ပူဗာန်ဇာခိုင်
၁၁။ ပူအောင်လိန်းထန်

ဒေသဆိုင်ရာ ကော်မတီ
၁။ ပူဘာဝီကျုံး
၂။ ပူတလပန်
၃။ ပူငုံကျုံးလိန်
၄။ ဆလိုင်းပါဟန်း
၅။ ပူတောစီယူ

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here