Observers at home and abroad questioned the regional countries’ stance after the ASEAN special meeting held on April 24th, to which coup leader Min Aung Hlaing was invited by neglecting the desires of Myanmar people who are defying the military coup and mounting pressures. The UN members and Myanmar people are monitoring the implementation of the five-point consensus agreed at the ASEAN special meeting.
The Myanmar people and the international community welcomed the ASEAN’s decision to exclude military chief Min Aung Hlaing from the ASEAN summit held on October 26th-27th. Now we need to monitor Cambodian Prime Minister Hun Sen’s moves. Cambodia will take the rotating chairmanship of the ASEAN for 2022.
Read more for download now>>>
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်နေကြသည့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဖိအားပေးမှုကိုဖီဆန်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်ကို နေရာပေးခဲ့သည့် ဧပြီ ၂၄ ရက်နေ့ အာဆီယံ အရေးပေါ်အစည်းအဝေးကတည်းက အာဆီယံအဖွဲ့ဝင် ဒေသတွင်းနိုင်ငံများ၏ ရပ်တည်ချက်ကို ပြည်တွင်း/ပြည်ပ စောင့်ကြည့်လေ့လာသူများက မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။
သို့နှင့်တိုင် ၎င်းအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် (၅) ချက်ကို အကြောင်းပြုပြီး အာဆီယံအဖွဲ့၏ လုပ်ဆောင်ချက်များကို မြန်မာပြည်သူလူထုနှင့်အတူ ကုလသမဂ္ဂအဖွဲ့အဝင် နိုင်ငံများက စောင့်ကြည့်နေခဲ့ကြသည်။
အောက်တိုဘာ ၂၆ မှ ၂၈ ရက်အထိ ပြုလုပ်သည့် အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ်မင်းအောင်လှိုင်အား တက်ခွင့်မပြုခဲ့သည့် အာဆီယံ၏လုပ်ရပ်ကို ကြိုဆိုခဲ့ကြသော်လည်း ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌဖြစ်လာမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ လုပ်ဆောင်ချက်များကို သတိထားစောင့်ကြည့်ရမည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။
ဆက်လက်ဖတ်ရှုရန်>>>