“Ethnics from the plains and mountainous areas march together”
“Root out the fascist military.”
This is a chant from the anti-coup protest column of the Spring Revolution. In addition to the cities like Yangon and Mandalay, this chant is heard in Launglon and Thayetchaung Townships in Dawei District, multi-village protest columns in Yinmarbin and Salingyi Townships, the protest columns in the villages beside Monywa-Amyint Road and in Pale Township.
This is a revolutionary chant against the military council and its cohorts along with a ceremony to welcome and honour the Revolutionary Day on March 27th, 2022. It is understood that this revolutionary chant motivates the people living in the plains and mountainous areas to march together for rooting out the military dictatorship.
Read more for download now>>>
“တောင်တန်းမြေပြန့် အတူချီတက်”
“ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်”
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသော နွေဦးတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းများထဲမှ ကြွေးကြော်သံတစ်ခုဖြစ်သည်။ ထိုကြွေးကြော်သံသည် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများအပြင် ထားဝယ်ခရိုင် လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်များအတွင်းတွင်လည်း ကြားရသည်။ ယင်းမာပင်-ဆာလင်းကြီးမြို့နယ်များရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းများထဲတွင်လည်း ကြားရသည်။ မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများမှ စစ်အာဏာရှင်ဆန့်ကျင်သော သပိတ်စစ်ကြောင်းများတွင်လည်း ကြားရပြန်ပါသည်။
ပုလဲမြို့နယ်အတွင်းတွင်လည်း ယင်း “တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဟူသည့် ကြွေးကြော်သံသည် လွင့်ပြန့်နေခဲ့ပါသည်။ မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့အတွက် ကြိုဆိုခြင်း၊ ဂုဏ်ပြုခြင်းနှင့်အတူ အာဏာသိမ်းစစ်ကောင်စီနှင့် အစေအပါးများအား တော်လှန်ဟစ်ကြွေးနေကြခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးအတွက် တောင်တန်းမြေပြန့် နေရာဒေသမရွေး အတူတကွ ချီတက်တော်လှန်ကြရန် နှိုးလှုပ်လိုက်ခြင်းဟု နားလည်ရပါသည်။
ဆက်လက်ဖတ်ရှုရန်>>>