၁၈| နိုဝင်ဘာ ၂၀၂၂
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၂၄) ဦးတို့ အတွက် စစ်ကောင်စီက ငွေကျပ် ၅ သိန်း၊ ဆန်အိတ် ၁၀ အိတ်နှင့် ဆီ ၁ ဗူး ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက DMG သို့ပြောသည်။
ထိုပစ်ခတ်မှုမှာ စစ်တပ်က ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောဆိုသော်လည်း မြန်မာစစ်တပ်အရာရှိများ သည် ဒေသခံများက ခေါ်ယူကာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခြငျးဟုရှငျးပွပွီး ထိခိုကျသူအားလုံးအတှကျ ထိုငှကွေေးပဏာမနှငျ့စားနပျရိက်ခာများကို ထောက်ပံ့ပေးခဲ့ခြင်းဟု DMG ၏ ယုံကြည်စိတ်ချရသော သတင်းရင်း မြစ်တစ်ဦးက ပြောသည်။
“သူတို့က(စစ်ကောင်စီ)က ခေါ်ပြီးတော့ မြေပုံတစ်ပုံ ပြတယ်လို့ သိရတယ်။ အဲဒီမှာ AA ရှိ တယ်။ ဒီနားကနေ ပစ်တာလို့ ပြောတာတွေရှိတယ်လို့ သိရတယ်။ သေဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရသွားတဲ့သူတွေအားလုံး အ တွက် ငွေ ၅ သိန်းပေးတယ်။ နောက်ပြီးတော့ မနေ့က ဆန် ၅ အိတ်နဲ့ ဒီနေ့ ဆန် ၅ အိတ်ပေးပါတယ် ” ဟု ၄င်းက ဆိုသည်။
ယနေ့ (နိုဝင်ဘာလ ၁၇ ရက်)၊ နံနက် (၁၀) နာရီခန့် က ကြိမ်ချောင်းစစ်ဆေးရေးဂိတ်အမှတ် – ၂၄ မှ ဗျူဟာမှူး နှင့် နခခ (၇) တပ်မှ ရဲမှူးကြီး တို့က ကျေးရွာသားများကို အစည်းအဝေးခေါ်ယူကာ ပစ်ခတ်မှုမှာ၄င်းတို့နှင့်မဆိုင် ကြောင်း အကျယ်တဝင့်ရှင်းပြကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြိတ်ချောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဂြိတ် ချောင်းကျေးရွာမှ ဒေသခံ ၁၁ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများမှာ ဦးရွှေလောင် (၆၅)နှစ်၊ ကိုမင်းယာ(၂၇)နှစ်၊ ကိုပြိုသွေး (၃၀)နှစ်၊ ကိုကြိုးအောင် (၂၅)နှစ်၊ ကိုစိန်လှမောင် (၃၅)နှစ်၊ မောင်နင်မဝိုင်(၅)နှစ်၊ ဦးဆင်ယုံး (၆၀)နှစ်၊ မောင်ကြာပုတ် (၁၅)နှစ်၊ မလှသိန်း (၆)နှစ်၊ခင်မောင်ဇော် (၅၅)နှစ်နှင့် မောင်အောင်အောင်စိုးတို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများမှာ ကိုကျိန်ပြည့်၊ ငွေအောင်၊ ဇာနည်ထွန်း၊ မဝီမိုင်း၊ မစိန်ဂေါ၊ မင်းအောင်၊ လိုင်ရိုး၊ ကြာအောင်၊ နန်နောင်း၊ ကြောင်ကြား၊ ဘာဘူး၊ မောင်လှသိန်း၊ စိန်ဝင်း၊ ထိန်ဝင်း၊ စွယ်ရ၊ စွယ်သီး၊ ပုညင်း၊ ကြောင်လန်း၊ စိန်ဝိုင်၊ မအိမ်ဂူး၊ အိမ်ညောင်၊ မလေရူး၊ ကိုဝီပင်၊ မောင်ယားတို့ဖြစ်ကြောင်းသိရသည်။
ယင်းအထဲမှ ကိုအိမ်ညောင် နှင့် ကိုဝီပင်တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့(နိုဝင်ဘာ ၁၇) ရက်နေ့ စစ်တွေ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
ယမန်နေ့ မွန်းတည့်ချိန်တွင် ကျေးရွာအနီးမှ လက်နက်ငယ်ပစ်ခတ်သံများကြားရသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်၍ နေအိမ်များတွင်စုနေကြစဉ် နေအိမ်သုံးဆောင်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျေးရွာသားများမှာ မိမိနေရပ် သို့ မပြန်ရဲဘဲ အနီးအနားကျေးရွာများကို ထွက်ပြေးတိမ်ရှောင်နေရကြောင်း ဂြိတ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
“ဒီနေ့တော့ လက်နက်ကြီးပစ်တာမရှိပါဘူး။ ဒါပေမယ့် အခုအချိန်ထိ အိမ်ကို မပြန်နိုင်သေးဘူး။ ဒဏ်ရာ ရထားတဲ့သူတွေ ကတော့ မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံ ကို ပို့ဆောင်လိုက်ရတယ် ” ဟု ၎င်းကဆိုသည်။
အဆိုပါ လက်နက်ကြီးကျည်မှာ မြန်မာစစ်တပ်၏ အမှတ်(၂၄) ကြိမ်ချောင်း စစ်ဆေးရေးဂိတ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၇)တို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဂြိတ်ချောင်းကျေးရွာသားများကပြောဆိုကြသည်။
သို့သော် စစ်ကောင်စီသတင်းများကို အသားပေးရေးသားနေသော ရခိုင်နေ့စဉ်လူမှုကွန်ရက်စာမျက်နှာတွင် AA က လက်နက်ကြီးပစ်ခတ်သဖြင့် ဂြစ်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ကာ ဒေသခံများသေဆုံး၊ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်နေ့၊ညပိုင်းတွင် ရေးသားထားသည်။
သို့သော်လည်း ယင်းဖြစ်စဉ်မှာ သူတို့လက်ချက်မဟုတ်ဘဲ စစ်ကောင်စီလက်ချက်ဖြစ်ကာ ပြည်သူလူထုများ အပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ပြီး ယင်းကိစ္စအတွက် မဖြစ်မနေ လက်စား ချေသွားမည်ဖြစ် ကြောင်းလည်း ရက္ခိုင့်တပ်တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။
ဂြိတ်ချောင်းကျေးရွာသည် မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု ၅၅ စုနှင့် လူဦးရေ ၄၇၀ ကျော်ရှိကာ တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။
အောင်ထိန် (DMG) – ပေးပို့သည်။