11 July 2025 /

See today's Peace Related News

Homeသတင်းအပစ်ရပ်ကာလ စောင့်ကြည့်ရေးနှင့် ကြားကာလအခြေအနေများအပေါ် ကရင်အရပ်ဖက်အဖွဲ့များ စိုးရိမ်

အပစ်ရပ်ကာလ စောင့်ကြည့်ရေးနှင့် ကြားကာလအခြေအနေများအပေါ် ကရင်အရပ်ဖက်အဖွဲ့များ စိုးရိမ်

KNU – ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ကရင်အရပ်ဖက်အဖွဲ့အစည်း များထံမှ သဘောထားရယူသည့် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်မှ ၅ရက်နေ့အထိ လှိုင်းဘွဲမြို့နယ်၊ လေးဝါးနေ ရာ၌ ကျင်းပပြုလုပ်ခဲ့ရာ အပစ်ခတ်ရပ်စဲရေးကာလ စောင့်ကြည့်ရေးလုပ်ငန်းများအပေါ် စိုးရိမ်ကြောင်း တက်ရောက်လာကြသူ များက ဆွေးနွေးပြောဆိုခဲ့ကြသည်။

“ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျနော်တို့ CBO/CSOတွေ အလုပ်လုပ်ရတာ အခက်အခဲတွေ အများကြီးပါပဲ။ ပထမအခက်အခဲက ဘာလဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက်က အယုံအကြည်မရှိကြဘူး။ ဒုတိယအချက်ကတော့ အစိုးရစစ်တပ်ဘက်က ဒီ CBO/ CSOတွေ ဒီအပစ်ရပ်စောင့်ကြည့်ရေးလုပ်တဲ့အပိုင်းမှာ ချုပ်ကိုင်ထားတာရှိပါတယ်။ ကျနော်တို့ သွားချင်သလို၊ လုပ်ချင်သလို လုပ်လို့မရဘူး။ NCA စာချုပ်ထဲမှာ ပါတဲ့အချက်တွေကို ပြည်သူတွေကို ချပြဖို့ အခက်အခဲတွေအများကြီး ရှိတယ်။ သူတို့ လုပ် ထားတဲ့ သင်ရိုးမာတိကာအတိုင်းပဲ လုပ်ရမယ်။ မလုပ်ရင် ကျနော်တို့ အခက်တွေ့နိုင်တယ်”ဟု ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အခြေစိုက် ( Thwee Community Development Network) ဒါရိုက်တာ မန်းသိဏ်းဇော်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ကရင်၊ ကယား(ကရင်နီ)နှင့် မွန်ပြည်နယ် အပါအဝင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းများက ကရင်လူထုအခြေပြုနှင့် ကရင်လူမှုအဖွဲ့အစည်း ၃၇ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၁၄၅ဦး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ အဖွဲ့အ စည်းကိုယ်စားလှယ်များက မိမိတို့အဖွဲ့၏ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို အပြန်အလှန် ဖလှယ်ခြင်းများဖြင့် ဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်အကြောင်းကို ပါဝင်ခဲ့သည့် လူမှုအဖွဲ့အစည်း ကိုယ်စား လှယ်များက ရှင်းလင်းတင်ပြခြင်း၊ ကေအဲန်ယူ၏ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တင်ပြခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ/သဘာဝသယံဇာတ၊ လုံခြုံရေးကဏ္ဍဆိုင်ရာ စာ တမ်းများ၊ ပြည်ထောင်စု သဘောတူညီချက်အပေါ် ရှင်းလင်းမှုများကို ဆွေးနွေးမေးမြန်း၊ ဖြေကြားကာ အကြံပြုခဲ့ကြသည်။

ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် Safer World အဖွဲ့မှ ၎င်းတို့လေ့လာထားခဲ့သည့် နီပေါလ်၊ တောင်အာဖရိက အပါအဝင် နိုင်ငံတ ချို့၏ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ တင်ပြခဲ့ကြပြီး ဆွေးနွေးပွဲကိုယ်စားလှယ်များက ငြိမ်းချမ်းရေးဖြစ်စဉ်၏ ကြားကာလအတွင်း ကရင်ဒေသများ၌ ဖြစ်ရှိခဲ့သည့်ကိစ္စရပ်များကို ဆွေးနွေးကာ အမြင်သဘောထားများ စုစည်းခြင်းနှင့် ရှေ့ လုပ်ငန်းစဉ်အတွက် ဆောင်ရွက်သွားရန် လိုအပ်သည့် အကြံပြုချက်များကို အကျေအလည် ဆွေးနွေးရယူခဲ့ကြသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ-JMC မဖွဲ့စည်းခင်ကတည်းက ကရင်အရပ်ဖက်အဖွဲ့လေးဖွဲ့က မိမိတို့သက်ဆိုင်ရာ နယ်မြေ ဒေသများအတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့ပြီး ရရှိလာသည့် အချက်အလက်၊ မှတ်တမ်းများကို စုဆောင်းထားလျှက်ရှိကြောင်းလည်း ကိုယ်စားလှယ်အချို့က ပြောဆိုသည်။

ကေအဲန်ယူ ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနခွဲ တာဝန်ခံ ပဒိုစောကလယ်စေးက “ကျနော်တို့ကေအဲန်ယူကလည်း CSO တွေရဲ့ စိုးရိမ်ချက်တွေကို သိနားလည်ပါတယ်။ CSO တွေရဲ့ အခန်းကဏ္ဍဟာ ဒီလိုကာလမျိုးမှာ တအား အရေးကြီးတယ်ဆိုတာ နား လည်တဲ့အတွက် ဒီလိုအခင်းအကျင်းတွေ စီစဉ်ရတာဖြစ်ပါတယ်။ ဒါ့အပြင် အခြားတိုင်းရင်းသားတွေလည်း ကျနော်တို့သွား CSO နေတဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း သိတယ်။ ဒါကို ဖြေလျှော့နိုင်ဖို့၊ ကျော်လွှားနိုင်ဖို့အ တွက် CSO တွေနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ ပုံမှန် လုပ်ဖို့လိုတယ်ဆိုတာလည်း ကျနော်တို့က သံဓိဋ္ဌာန်ချထားတယ်။”ဟု ကေအိုင်စီ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဆက်လက်၍ ပဒိုစောကလယ်စေးက သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲ၏ ပြောဆိုဆွေးနွေး၊ အကြံပြုချက်များမှာ တန်ဘိုးရှိပြီး ရှေ့ဆက် ကျော်လွှားရမည့် အခက်အခဲများအတွက် လမ်းကြောင်းများကို တွေ့ရှိလာခဲ့ရကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအနေ ဖြင့်လည်းကောင်း၊ ပါဝင်ဆောင်ရွက်မှုအနေဖြင့်လည်းကောင်း CSO များနှင့် ကေအဲန်ယူ ခေါင်းဆောင်များ သဘောတူညီမှု ရရှိခဲ့ ကြသည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲမတိုင်ခင် သြဂုတ်လ ၃၀ရက်မှ စက်တင်ဘာလ ၁ရက်နေ့အထိ အဆိုပါနေရာ၌ပင် ကရင်အမျိုးသားနိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ(Karen National Dialogue Convening Committee – KNDCC)က ၂၁ရာစုပင်လုံ၊ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသေးသည်။