ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ပြင်းထန်လာ

By Staff 16 July, 2018 👁

နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်နေစဉ် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့၊ ဇူလိုင် (၁၄) နံနက်ပိုင်းမှ တိုက်ပွဲ ပြင်းထန်လာသည်။

ဖားကန့်မြို့နယ် KIA တပ်မဟာ (၉) နယ်မြေ ၎င်းတို့ တပ်ဖွဲ့ရှိသည့် Bum Chyang နှင့် Bum Htoi စခန်းများသို့ အင်အား (၁၀၀) ကျော် မြန်မာစစ်တပ် ခမရ (၁၃) နှင့် ခမရ (၁၂၀) ပူးပေါင်းတပ်များ Ja Ra Yang ကျေးရွာဘက်မှ စစ်ဆင် လှုပ်ရှားလာသောကြောင့် နံနက် (၇)နာရီကျော်မှ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

တနိုင်းမြို့နယ် ပယင်းမှော် KIA တပ်ရင်း (၁၄) နယ်မြေမှာလည်း မြန်မာစစ်တပ်များ စစ်ဆင်လှုပ်ရှား လာသောကြောင့် ဇူလိုင် (၈)ရက်နေ့ က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။