တပ်မတော် ဖမ်းဆီးသွားသော ကထန်ယန် ကျေးရွာသား ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အရေးယူ

By Staff 12 September, 2018 👁

တပ်မတော်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကထန်ယန်ဒေသခံနှစ်ဦးဖြစ်သည့် ဦးဖော်ယမ်လဆမ် နှင့် ဦးလဖျော်ခေါင်ဒေါင် နှစ်ဦးအား မတရားအသင်း ဆက်သွယ်မူ ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့်တရားဆွဲထားပြီး တရားရင်ဆိုင်ရန် ယခု မြစ်ကြီးနားတွင် ရောက်နေပြီ ဖြစ်ကြောင်း မြို့မ ရဲစခန်း တာဝန်ရှိသူများမှ သိရပါသည်။

ထို့ကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ပထမအကြိမ် ရုံးချိန်း အဖြစ် စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

၎င်းတို့နှစ်ဦးအား လွန်ခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ နံနက် ၃နာရီခွဲချိန်တွင် နေအိမ်မှ တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

ထို့နောက် သူတို့ ၂ ဦး အမြန်ဆုံးလွှတ်မြောက်နိုင်ရန် မိသားစုဝင်များမှ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ စာရေးသား တောင်းဆိုခဲ့ပါသည်။