ကချင်ပါတီ၊ အဖွဲ့စည်းများ ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ရေး ဆွေးနွေး

By Staff 27 September, 2018 👁

အစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချနိုင်ရန်အတွက် USAID အဖွဲ့မှ ဦိးဆောင်ပြီး ကချင်ပါတီအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများက ဆွေးနွေးပွဲကို ယနေ့ မြစ်ကြီးနား Palm Spring Hotel တွင်ပြုလုပ်ခဲ့ပါသည်။

ထိုဆွေးနွေးပွဲကို ‘မြန်မာနိုင်ငံတွင်ဖက်ဒရယ်စနစ်ကျင့်သုံးရေး၊ နိုင်ငံရေးအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးရှု့ ထောင့်များ’ ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး ဗဟိုအစိုးရမှ ပြည်သူလူထုများကိုသာ ချုပ်ကိုင်နေပြီး ပြည်နယ်အတွင်း အာဏာ သက်ရောက်မှု မရှိကြောင်းကို အဓိကထားပြီး ဆွေးနွေးခဲ့သည်ဟုသိရသည်။

ပြည်နယ်အတွင်း အာဏာသက်ရောက်မှုများ မရှိသောကြောင့် ပြည်သူများ၏ ပြဿနာများ ဖြစ်သော လယ်ယာမြေ ခွဲဝေရေး ကိစ္စများ၊ သဘာဝသယံဇာတ ဥပဒေများ၊ ရေအရင်းအမြစ်များ စသော ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို ကချင်အမျိုးသမီးရေးရာ တာဝန်ရှိသူ ဒေါ် Ja Lai ထံမှသိရသည်။

ဆွေးနွေးမှုတက်ရောက်သူများ ၄၀ကျော်ခန့်ရှိပြီး အဆိုပါဆွေးနွေးမှုကို စက်တင်ဘာ ၂၇ရက်အထိ ဆက်လက် ဆွေးနွး သွားမည်ဟု သိရသည်။