7 July 2025 /

See today's Peace Related News

Homeအင်တာဗျူး“တစ်ခုပြောချင်တာက ပြည်သူတွေအားလုံး အားတင်းထားပါလို့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီတိုက်ပွဲကြီးက အောင်နေပါပြီဆိုတဲ့အ‌ကြောင်း သတင်းကောင်းပေးချင်ပါတယ်” ဗိုလ်ဂဠုန်ရာဇာ (တာဝန်ခံ ၊ CLDF)

“တစ်ခုပြောချင်တာက ပြည်သူတွေအားလုံး အားတင်းထားပါလို့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီတိုက်ပွဲကြီးက အောင်နေပါပြီဆိုတဲ့အ‌ကြောင်း သတင်းကောင်းပေးချင်ပါတယ်” ဗိုလ်ဂဠုန်ရာဇာ (တာဝန်ခံ ၊ CLDF)

ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF) တာဝန်ခံ ဗိုလ်ဂဋ္ဌုန်ရာဇာနဲ့ အမေးအဖြေ

၅ သြဂုတ် ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ အာဏသိမ်းစစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး နည်းမျိုးစုံနဲ့ တော်လှန်နေကြပါတယ်။

ဒါပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်းလိုအပ်ချက် မြင့်မားလာတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF) တာဝန်ခံ ဗိုလ်ဂဠုန်ရာဇာ နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စတင်ရွေးချယ်ဖြစ်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – နွေဦးတော်လှန်ရေးစလုပ်ခဲ့ကြတယ်။ နောက်ပိုင်း ဆန္ဒဖော်ထုတ်ရုံနဲ့ မပြီးဘူးဆိုတာ ပြည်သူတရပ်လုံးက သဘောပေါက်လာတယ်။ အဲဒါနဲ့ လက်နက်ကိုင်လမ်းစဥ် ရွေးချယ်ကြရတာပေါ့နော်၊ အစုအဖွဲ့တွေ အင်အားတွေ စုစည်းပြီးတော့ တည်ထောင်ဖြစ်ခဲ့ကြတယ်လို့ပဲ ဆိုကြပါစို့။

မေး – ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါသလဲ။

ဖြေ – Local Defense Froce (ပြည်သူ့ကာကွယ်ရေးတပ်) မှာ တပ်ဖွဲ့လေးဖွဲ့ရှိပါတယ်ခင်ဗျာ့။ တစ်ဖွဲ့ကို အင်အား (၃၀၀) နီးပါးလောက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ အဖွဲ့တစ်ခုတိုင်းမှာ မိုင်းအဖွဲ့၊ တိုက်ခိုက်ရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ဆေးတပ်အဖွဲ့၊ ထောက်ပို့အဖွဲ့တွေနဲ့ သေချာတည်ဆောက်ထားပါတယ် ခင်ဗျာ့။

မေး – ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လက်ရှိမှာ ဘယ်လို Mission တွေကို ဆောင်ရွက်နေပါသလဲ။

ဖြေ – မစ်ရှင် (mission) တွေကတော့ ရက်ဆက်ဆိုသလို ရှိနေပါတယ်၊ တောက်လျှောက် မိုင်းဆွဲတိုက်တာများတယ်။ ထိပ်တိုက်ရင်ဆိုင် တိုက်တဲ့ပွဲတွေက လက်ရှိမှာ နည်းနေပါသေးတယ်။ သူတို့ (စစ်ကောင်စီ) နဲ့ ထိပ်တိုက် တိုက်ခိုက်မို့ကလည်း လက်နက်ခဲယမ်း မတရားလိုတာကိုး၊ အဲဒါကြောင့် ကျွန်တော်တို့က ပျောက်ကြားစနစ်နဲ့ပဲ မိုင်းဆွဲ တိုက်ခိုက်နေတယ်ဗျာ့၊ နောက်တစ်ခါ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ အင်အားအနည်းအများကို သုံးသပ်ပြီးတော့ ချုံခိုတိုက်ခိုက်တာရှိတယ်၊ မိုင်းဆွဲတိုက်ခိုက်တာရှိတယ်။ တော်တော်များများကိုတော့ တက်ညီလက်ညီနဲ့ ဆောင်ရွက်နိုင်ခဲ့တယ် ခင်ဗျာ့။

မေး – လက်ရှိမှာရော ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်နေရပါသလဲ။

ဖြေ – ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့မှာက တစ်ဖွဲ့ကို အင်အား (၃၀၀) နီးပါးလောက်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ အဲဒီအထဲကမှ တပ်ဖွဲ့အား ၅၀ လောက် ကို ရွေးထုတ်တယ်၊ နောက်ပြီး Local Defense Froce (ပြည်သူ့ကာကွယ်ရေးတပ်) တပ်ရင်းဆိုပြီး တော့လည်း MOD (Ministry of Defence – National Unity Government of Myanmar) ဆီ တင်ထားတာ ရှိပါတယ်၊ တပ်ရင်းအမှတ်ကတော့ မကျသေးဘူးပေါ့နော်။

အဲဒီအထဲကမှ ကျန်တဲ့လူအင်အားကို တိုက်ခိုက်ရေးအဖွဲ့ ဆိုပြီး သီးသန့်ပြန်လည် ဖွဲ့စည်းပေးဖို့ ပြင်ဆင်နေတယ်။ ဘာတွေလိုအပ်သလဲဆိုတော့ အဲဒီအဖွဲ့ကို လက်နက်တပ်ဆင်ပေးဖို့ အခက်အခဲက တော်တော်ကြီးကြီးမားမား ဖြစ်နေတာပေါ့ဗျာ။ ဝိုင်းဝန်း ကူညီဖြေရှင်းပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။

မေး – လက်နက်ခဲယမ်းလိုအပ်ချက်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တင်ပြထားတာရှိလား။

ဖြေ – တင်ပြထားတော့ မရှိသေးဘူးခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ Local Defense Froce (ပြည်သူ့ကာကွယ်ရေးတပ်) အမည်နဲ့ တပ်ရင်းလည်း တင်ထားတာဆိုတော့လေ၊

မေး – နောက်တစ်ခုက လက်နက်ခဲယမ်းလိုအပ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဘာတွေ တောင်းဆိုချင်တာ ရှိမလဲ။

ဖြေ – အဲဒါတော့ ပြောတော့ ပြောပြချင်တာပေါ့နော်၊ ဒါပေမယ့် သူတို့လည်း ဒီဟာနဲ့ပတ်သတ်လို့ ဆောင်ရွက်နေကြမှာပါ၊ သိပ်ပြီးတော့ နား ပေးမပူချင်တော့ဘူး၊ အခက်အခဲတွေက NUG မှာလည်း အများကြီး ရှိနေနိုင်တာဆိုတာ ကျွန်တော်တို့လည်း နားလည်တယ်။ ကျွန်တော်တို့ မျှော်လင့်မိတာက နိုင်ငံတကာအနေနဲ့လည်း ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြဖို့ မျှော်လင့်မိတယ်ဗျ။

မေး – နောက်ဆုံးအနေနဲ့ ပြည်သူတွေကိုရော ဘာများ ပြောပြချင်တာရှိမလဲ။

ဖြေ – ကျွန်တော်တစ်ခုပြောချင်တာက ပြည်သူတွေ အားလုံး အားတင်းထားပါလို့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီတိုက်ပွဲကြီးက အောင်နေပါပြီဆိုတဲ့အ‌ကြောင်း သတင်းကောင်းပေးချင်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။