28 June 2025 /

See today's Peace Related News

Homeအင်တာဗျူး“မြို့ကြီးတွေ ပြကြီးတွေ ရန်ကုန် မန္တလေးမြို့ကအစ ပြည်သူလူထုတွေလည်း ဒီစစ်အာဏာရှင် ဖြုတ်ချရေးမှာ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေကတော့ ကျနော်တို့...

“မြို့ကြီးတွေ ပြကြီးတွေ ရန်ကုန် မန္တလေးမြို့ကအစ ပြည်သူလူထုတွေလည်း ဒီစစ်အာဏာရှင် ဖြုတ်ချရေးမှာ တော်လှန်ရေးလုပ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဆိုတော့ တိုက်ပွဲတွေကတော့ ကျနော်တို့ KIA မဖြစ်ရင်လည်း PDF တို့ အခြားအဖွဲ့ အစည်းတွေ အများကြီးရှိပါတယ်” ဗိုလ်မှူးကြီးနော်ဘူ (KIO/KIA)

၂၅ ဇွန် ၂၀၂၁

မြို့ပြဒေသများအထိ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့်အတွက် စစ်ရေး သတိရှိရန်နှင့် လုံခြုံရေး အတွက် ကြို တင်ပြင်ဆင်ထားရန် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ကချင်ပြည်သူများ အား သတိပေးပြော ဆိုလိုက်သည်။ အခုလို သတိပေးပြောဆိုလိုက်တဲ့ အကြောင်းအရင်းအပါအဝင် ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားအဝင် စုပေါင်းဂိတ်ကို KIA က ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ အဲ့လိုတိုက်ခိုက်ပြီးနောက် ကချင်လွတ်လပ် ရေးတပ်မတော် KIA ရဲ့ တပ်စခန်းကုန်းတချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အကြောင်း တွေနဲ့ပတ်သက်ပြီး KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားသည်။

မေး – ဇွန်လ ၂၃ ရက်နေ့ညက လိုင်ဇာနားက KIA တပ်စခန်းကုန်းအပါအဝင် တခြားတပ်စခန်းကုန်းတွေကို စစ်ကောင် စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဘာ့ကြောင့် အခုလိုပစ်ခတ်ခံခဲ့ရတာလဲ။

ဖြေ – ၂၃ ရက်နေ့ ကတော့ ၇ နာရီ ၄၅ မိနစ် ၈ နာရီ ဝန်းကျင်လောက်ပေါ့ အဲမှာ မိုင်းနားစုပေါင်းဂိတ်ထဲမှာ KIA ဖက်ကနေ လာပစ်တာ ဖြစ်စဉ်ရှိပါတယ်။ အဲဒီနောက်ပိုင်း ၈ နာရီခွဲ ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီ စစ်တပ်ဖက်ကနေ ကျနော်တို့ KIA တပ်စခန်းတွေရှိတဲ့ နေရာ တော်တော်များများမှာ လက်နက်ကြီးနဲ့ ရမ်းပစ် တာ ဖြစ်ပါတယ်။ အဲဒီထဲက မိုင်ဂျာယန်တို့ ပေါ့နော မိုင်ဂျာယန်နဲ့ သိပ်နီးတဲ့ နေရာမှာတော့ မဟုတ်ပါဘူး။ KIA တပ်စခန်း တွေရှိတဲ့ နေရာဖက်မှာ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်တွေ နောက် လိုင်စင်တောင်ကြော တစ် လျှောက်တို့ ဖလပ်ဘွမ်လို နောက်ပြီးတော့ တပ်မဟာ ၉ တပ်ရင်း ၆ အဲဒီနေရာဖက်မှာ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ် တာ ဖြစ်ပါတယ်။ အဲဒါအခြေအနေကို ပြောတာ ဖြစ်ပါတယ်ခင်ဗျား။

မေး- ဒီလိုပစ်ခတ်လာတဲ့အတွက် အဲ့ဒီနေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့တာရှိလား။ မြစ်ကြီးနားမြို့အဝင်ဂိတ်မှာ ဖြစ်ခဲ့ တဲ့ကိစ္စကရော ဘယ်လိုဖြစ်တာလဲ။

ဖြေ – ကျနော်တို့ KIA တပ်စခန်းတွေ ရှိတဲ့နေရာမှာ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့တာကိုတော့ ကျနော်တို့လည်း တုန့်ပြန်ပြီးတော့ ပြန်ပစ်တာကိုတော့ မရှိပါဘူး။ အဲမှာ တိုက်ပွဲဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမယ့် မိုင်းနား စုပေါင်းဂိတ်မှာကတော့ KIA ဖက်နေ လာပစ်တဲ့ဟာ အပြန်အလှန်တိုက်ပွဲတွေ တိုက်ပွဲငယ်လေးတွေကတော့ ဖြစ်တာပေါ့။ အဲဒီနောက်ပိုင်းမှာကတော့ KIA က ပြန်ဆုတ်သွားတယ်။ ဆုတ်သွားတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီ ဖက်ကတော့ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ လာပြီးမှ တိုက်ပွဲကြီးပုံစံဖြစ်သွားတာပေါ့ အဲဒီနေရာမှာ က တော့။

မေး – လိုင်ဇာဒေသနားက KIA တပ်စခန်းကုန်းတွေကို စစ်ကောင်စီရဲ့ ဘယ်နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလဲ။

ဖြေ – ဒေါ့ဖုန်းယန်တို့ ဒီ ဖုန်ပြန်ဘွမ်တို့ ခါရာတို့ အများကြီးရှိပါတယ်။ သူတို့ လက်နက်ကြီး တွေ နောက်ပြီး ဂမ်ဒေါင်တို့ နောက်ပြီးတော့ အရင်တုန်းက ဂိဒေါင် တိုက်ပွဲဖြစ်တဲ့ နေရာ အဲဖက်ကနေလည်း ပစ်လို့ရပါတယ်။

မေး – နောက်ပြီး ဒီမိုင်ဂျာဘက်ကိုကျတော့ရော..

ဖြေ – တော်တော်များများရှိပါတယ်။ စိန်လုံဘွမ်လေ အဲဖက်က သူတို့ တပ်စခန်းတွေ ချထားတဲ့နေရာတွေ တော်တော် များများနေရာမှာ သူတို့ ဦးထားတာ ရှိပါတယ်။

မေး – KIA ရဲ့ မြေပြင်တပ်ရင်းတွေက ဘာ့ကြောင့် ဒီစုပေါင်းဂိတ်ကို သွားတိုက်ရတာလဲ။

ဖြေ – အဲဒါကတော့ ကျနော်တို့ တိတိကျကျတော့ မသိဘူး။ တပ်ပိုင်းဆိုင်ရာ တပ်မှူးတွေက ဘယ်လိုဖြစ် တာလဲဆိုတာ ကျနော်ကို ဘာမှမပြောတာ ရှိတဲ့အခါကျတော့ ကျနော်လည်း အဲဒါကတော့ ပြောလို့ မရဘူး။

မေး – စစ်ကောင်စီတပ်ရဲ့ စစ်အင်အားတိုးချဲ့မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ဟုတ်ကဲ့ မြို့သစ်ကုန်းလောတို့ လွယ်လမ်းတို့ပေါ့နော။ ဒေါ့ဖုန်းယန် အဲဖက်မှာလည်း သူတို့ စစ်အင်အား တွေ တိုးထားတယ်။ ပြန်ထပ်တိုးထားတယ်။ နောက်ပြီးတော့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ပို့ထားတယ်ဆိုတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကတော့ ရှိပါတယ်ခင်ဗျား။

မေး – အခုဆိုရင် မြစ်ကြီးနားမြို့အဝင်အထိ တိုက်ပွဲတွေက ဖြစ်လာနေပြီဆိုတော့ ပြည်သူတွေကို ဘာများ သတိ ပေးပြောကြားလိုပါသလဲ။

ဖြေ – လူထုတွေကိုလည်း ထူးထူးထွေထွေတော့ ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ခုအချိန်မှာကတော့ မြန် မာနိုင်ငံ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး လုပ်နေတဲ့ အချိန်ကာလ ဖြစ် ပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာသာ မကပါဘူး။ မြို့ကြီးတွေ ပြကြီးတွေ ရန်ကုန် မန္တလေးမြို့ကအစ ပြည်သူလူထုတွေလည်း ဒီ စစ်အာဏာရှင် ဖြုတ်ချရေးမှာ တော်လှန်ရေး လုပ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ ဆို တော့ တိုက်ပွဲတွေကတော့ ကျနော်တို့ KIA မဖြစ်ရင်လည်း အခြား အဖွဲ့အစည်းတွေ PDF တို့ တစ်ခြား အဖွဲ့ အစည်းတွေ အများကြီးရှိပါတယ်။ အဲဒါနဲ့ ဖြစ်ပြီးမှ တိုက်ပွဲတွေလည်း ဖြစ်တတ်တာပေါ့။ ဒါကြောင့် ပြည်သူ လူထုတွေလည်း အရင်နှစ်ထက်ပိုပြီးမှ စစ်ရေးအခြေအနေကို စောင့်ကြည့်ဖို့ စစ်ရေးနဲ့ ပတ်သက်တဲ့ သတင်း တွေကို နားစွင့်ဖို့ကတော့ လိုမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လို့ရှိရင်က ကိုယ့် မိသားစုအတွက် ကိုယ့်ကိုအတွက် လုံခြုံရေးတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ အဆင်ပြေသလို လုပ် ထားဖို့တော့ လိုမယ်လို့ ကျနော်ပြောလိုပါတယ်။

NMG – ပေးပို့သည်။