KNDF B05 တပ်ခွဲ ၄ ပြန်ကြားရေး တာဝန်ခံ စိုးမြာနှင့် အမေးအဖြေ
၃၁ အောက်တိုဘာ ၂၀၂၂
နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ အမျိုးသမီးတွေ ပါဝင်လာတဲ့အတွက် နွေဦးတော်လှန်ရေးအတွင်း အားသာချက်တွေ၊ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရတဲ့အကြောင်းအရင်း၊ အမျိုးသမီး စစ်သမီးတွေနေနဲ့ တပ်ထဲရောက်တဲ့အခါ ကြုံရတဲ့ မထင်မှတ်ထားတဲ့ အခက်အခဲတွေက ဘာတွေလဲ၊ သူတို့အတွက် ဘာတွေက အခက်အခဲဖြစ်နေတာလဲ။ အမျိုးသမီးတွေ လုပ်တဲ့အတွက် ပိုကောင်းနေတာလား။ အမျိုးသားတွေမလုပ်တဲ့ အလုပ်တွေကို ထူးထူးခြားခြားလုပ်နေရတာရှိမလဲ။ အမျိုးသား အမျိုးသမီးခွဲခြားမှုတွေ ရှိနေသေးလား စတဲ့အကြောင်းအရာတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF B05 တပ်ခွဲ ၄ ပြန်ကြားရေးတာဝန်ခံ စိုးမြာကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊
ဖြေ – နွေဦးတော်လှန်ရေးအတွင်းမှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍတွေက ဆန္ဒပြတာကနေ စပြီးတော့ အခု အချိန်အထိ အမျိုးသမီးပါဝင်မှု အားကောင်းတယ်လို့ ပြောရမှာပေါ့နော။ အမျိုးသမီးတွေက အခက်အခဲ အမျိုး မျိုးက နေပြီးတော့ ပါဝင်ကူညီပေးတယ်။ အမျိုးသားတန်းတူ လုပ်ဆောင်လာကြတယ်။ စိန်ခေါ်မှုတွေက ဘာ တွေလဲ ဆိုရင်တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီ အာဏာရှင်ကို ကိုယ်တိုင် သေနတ်ကိုင်ပြီးတော့ သေမှာ မကြောက်တော့ပဲ တော်လှန်ရမယ်လို့ မတွေးဖူးဘူးပေါ့နော။ ကိုယ်မထင်မှတ်ပဲ အခုလို တော်လှန်ရေးမှာ ပါဝင် တာက ကိုယ့်ရဲ့ ဘဝစိန်ခေါ်မှုကြီး တစ်ခုလို့ ပြောလို့ရတယ်။ နွေဦးတော်လှန်ရေး မတိုင်ခင်က ကျမဆို ကျောင်းသူတစ်ယောက်ပါ။ ဆယ်တန်းကျောင်းသူတစ်ယောက်ပါ။
မေး – မြို့ပြ၊ ကျေးလက် သပိတ်လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ ကွာခြားမှုတွေကရော ဘာတွေဖြစ်မလဲ။
ဖြေ – မြို့ပြကျေးလက်သပိတ်လှုပ်ရှားမှုနဲ့ လက်နက်ကိုင် လမ်းစဉ်နဲ့က ဘယ်လိုကွာခြားသလဲဆိုတော့ မြို့ပြ သပိတ်မှာကျတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတစ်ခုတည်း လုပ်ရတာမျိုးပေါ့။ အာဏာသိမ်းပြီးတော့ ဆန္ဒ ပြ တောင်းဆိုမှု စတဲ့အချိန် ဥပမာ ဖေဖော်ဝါရီလ မတ်လ အစပိုင်းလောက်ပေါ့ အဲဒီအချိန်အထိက အေးအေး ချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်လို့ရတယ်။ နောက်ပိုင်းကနေ အခုအချိန်အထိ မြို့ပြသပိတ်မှောက်တဲ့ သူတွေက အခက်အခဲများလာပြီ အခက်အခဲကြားကနေ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ရရှိဖို့ စစ်အာဏာရှင် တော်လှန် နိုင်ဖို့ သပိတ်မှောက်တာမျိုး ဒီဟာကလည်း မြို့ပြမှာ လုပ်ဆောင်သင့်တဲ့အရာလို့ မြင်တယ်။ ခုချိန်ကာလမှာကျတော့ စစ်ကောင်စီရဲ့ ယုတ်မာမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြရင်တောင်မှ အရင်လို မလွယ်ကူ တော့ဘူးပေါ့။ အသက်ပါ ပေးပြီးတော့ ဆန္ဒပြရတဲ့အထိ အဲလိုဖြစ်ခဲ့တာပေါ့နော။ အသက်ပါပေးပြီး ဆန္ဒပြသူတွေကိုလည်း တကယ်လေး စားတယ်။ နောက်ပြီးတော့ လက်နက်ကိုင် လမ်းစဉ်မှာကျတော့ အသက်ပေးစွန့်ပြီးတိုက်ပွဲဝင်ရတာပေါ့။ ကိုယ် တိုင်ကိုယ်ကျ လက်နက်ကိုင်ပြီး ကိုယ့်အသက်ကို ပဓနမထားပဲ ပြည်သူတွေအတွက် လှူပြီးတော့ ကိုယ်ကျိုးစွန့် ရတာမျိုးပေါ့။ ပိုပြီးပြောရရင်တော့ အခုအချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သူတွေရော တိုက်ပွဲဝင်ကြတဲ့ သူတွေ ရော နွေဦးတော်လှန်ရေးအတွက် နယ်ပယ်အသီးသီးကနေ ပါဝင် ကြတဲ့သူတွေက တမျိုးစီခက်ခဲကြပါတယ်။
မေး – အခုဏကပြောသလိုဆိုရင် ၁၀ တန်းကျောင်းသူဘဝကနေ ဆန္ဒပြပွဲတွေပါဝင်နေရင်းကနေ သေနတ်ကိုင်မယ့် လမ်းစဉ်ကို ပြောင်းရွေးလိုက်တာဆိုတော့ ဘယ်အကြောင်းအရာတွေကြောင့် သေနတ်ကိုင် တိုက်ပွဲဝင်ဖို့ ရွေးချယ်ဖြစ်သွားတာလဲ။
ဖြေ – အဓိကကတော့ ကိုယ့်ရပ်ရွာက လူက ထိခိုက်ဒဏ်ရာရတာကနေ ဖြစ်သွားတာဆိုတော့ ဝမ်းနည်းမိပါတယ်။ နောက်ပြီးတော့ အဲလိုမျိုး ထပ်မဖြစ်စေချင်တော့ဘူးပေါ့။ နောက်ပြီးတော့ အခုလို တိုက်ပွဲတွေ ဖြစ်နေ တာကလည်း ပြည်သူတွေအတွက်ကော ရဲဘော်တွေ အတွက်ကော ဘယ်လိုမှ အဆင်မပြေတဲ့ အရာ နောက် ပြီးတော့ လူတွေကလည်း အခုနောက်ပိုင်းဆို သေဆုံးလာတာတွေ ခြေထောက်ပြတ်သွားတာတွေ ကိုယ်လက် အင်္ဂါတွေ ဆုံးရှုံးရတာတွေက များလာတယ်။ အဲလိုမျိုးတွေ တွေ့ရင်တော့ အရမ်း ဝမ်းနည်းတာပေါ့။ ဒါတွေ ပါတယ်။ လက်နက်ကိုင် လမ်းစဉ်ရွေးချယ်ဖြစ်တာကတော့ စစ်အာဏာရှင်က အကြမ်းဖက်မှုတွေ ပြုလုပ်လာ တယ်။ နောက်အကြမ်းဖက်မှုတွေများလာတော့ တိုက်ယူဖို့ပဲ ကျန်တော့တာလေ။ အဲဒါကြောင့် ကိုယ်လိုချင်တဲ့ ဖက်ဒရယ် ဒီမိုက ရေစီ ပြည်ထောင်စုကို ရရှိဖို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တာပါပဲ။ အခုလည်း ကိုယ်က အချိန်မရွေးသေသွားနိုင်တယ်။ ခြေတွေလက်တွေလည်း ပြတ်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါတွေကို မစဉ်းစားပဲ လုပ်စရာရှိတာပဲ လုပ်တယ်။
မေး – တပ်ထဲရောက်ရောက်ချင်း မထင်မှတ်ပဲ ကြုံလိုက်ရတဲ့ အခက်အခဲကရော ဘာဖြစ်မလဲ။
ဖြေ – ညီမအနေနဲ့ ဒီအမျိုးသမီး အနေနဲ့ပေါ့နော တပ်ထဲရောက်တဲ့အခါမှာ မထင်မှတ်ပဲ ကြုံတွေ့ရတဲ့ အခက်အခဲက အဲလို တပ်ထဲစရောက်လာတော့ အမျိုးသားတွေများတယ်လေ။ အမျိုးသားတွေများတော့ သူတို့ကြား ထဲမှာ နေရတာ မလုံခြုံဘူး ခွဲခြားမှုတွေ ရှိမှာကို စိုးရိမ်ခဲ့တယ်။ သူတို့ကိုလည်း အမျိုးသမီးကိစ္စတွေကို တိုင်ပင် လို့ အဆင်မပြေတာတွေ ရှိတယ်။ အဲဒါတစ်ခုပဲ အခက်အခဲဖြစ်ခဲ့တာပါ။ နေသားကျလာတော့လည်း ခွဲခြားမှုတွေ မရှိတော့ဘူးဆိုတာကို သိလာတယ်။ ဘယ်လိုလှုပ်ရှားရမလဲ ဘယ်လိုသင်ယူရမလဲဆိုတာတွေကို အမျိုး သားတွေက သူတို့ အတွ့အကြုံတွေကို အားလုံး သင်ပြထောက်ပြပေး ကူညီပေးတော့ တခြား အရမ်းခက်ခဲတာ တွေ မရှိပါဘူး။
မေး – နေ့စဉ်ပေါ့ ဒီအစားအသောက်ပိုင်းရော ဘယ်လိုလဲ။ အသား တပတ်မှာ ဘယ်နှစ်ရက်လောက်စားရလဲ။
ဖြေ – နေ့စဉ် အခက်အခဲကတော့ ဒီအစားအသောက်မှာဆိုရင်ပေါ့။ ရဲဘော်ပဲ အစားအသောက်ကတော့ ကောင်းရင်ကောင်းသလို စားရတာပေါ့ မကောင်းရင်တော့ မကောင်းတဲ့အလျောက်ပေါ့ ကျန်တဲ့အခါကျန် ချန်တဲ့ အခါ ချန် ချေးများနေလို့မရဘူးလေ ရဲဘော်ပဲကော နောက်ပြီး သည်းခံခြင်းသည် အောင်မြင်ခြင်းအတိုင်းပဲပေါ့။ အသားက တစ်ပတ်ကို တစ်ခေါက်ကျွေးတယ်။ တစ်ပတ်ကို တစ်ခေါက်ကျွေးတယ်။ ဒါပေမယ့် အဲဒါက အဲလို မျိုး ထောက်ပို့တွေက မထောက်ပို့နိုင်ဘူး အဲလိုအခြေအနေကြောင့်ပေါ့ အဲလိုမျိုး မပို့နိုင်ဘူးဆိုရင် တစ်လမှာ ၂ ခေါက်လောက်ပဲ စားရတယ်။ ကိုယ်က သည်းခံပြီး ကိုယ်လုပ်ဆောင်ရမယ့်အရာကို ပုံမှန်လုပ်ဆောင်သွားရမှာပဲ ဒီမှာက လမ်းတွေ မကောင်းတာတွေ အဲလိုမျိုး နေရာထိုင်ရ အဲလိုမျိုး မိုးကာတွေပေါ့ အဲလိုမျိုး ခက်ခဲတာတွေ တော့ ဖြစ်တယ်။ နောက်ပြီးတော့ ကျန်းမာရေး ကိစ္စတွေမှာ ဆိုရင်လည်း ဆေးမှူးတွေနဲ့ အနီးကပ်နေရတယ် လေ။ အလှူရှင်တွေရှိရင် ဆေးတွေလည်း ပြည့်စုံသလောက်ရှိတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိသေး တယ်။ လုံးဝပြည့်စုံ နေတာမျိုးတော့ မဟုတ်ဘူးပေါ့။
မေး – နောက်တစ်ခု အမျိုးသမီးတွေဖြစ်တဲ့အတွက် လစဉ်သုံးတွေပစ္စည်းတွေကို တပ်က ထောက်ပံ့တာလား လုံလောက်မှုရှိလား။ ဘယ်လိုဖြေရှင်းကြလဲ။
ဖြေ – ဒီအမျိုးသမီး သုံးပစ္စည်းတွေဆိုရင်လည်း အများကြီးလိုအပ်သေးတယ်။ ဒီဖက်မှာက မိန်းကလေးတွေဆိုတော့ အဲလို အရမ်းလိုအပ်တာပေ့ါနော အဲဒါပါပဲ။ တစ်ခါတစ်လေ အလှူရှင်လာတယ်။ အလှူရှင်လာလို့ရှိရင် လည်း မိန်းကလေးအတွက်ဆို လုံလုံလောက်လောက်တော့ ပေးတယ်။ ဒါပေမယ့် အဲဒါမျိုး ကုန်သွားတာမျိုး ဆို ရင် ကိုယ်ကပဲ တစ်ခါတစ်လေဆိုရင် ကိုယ့်ဟာကိုယ်ပဲ ဝယ်လိုက်တယ် အဲလို ဝယ်လိုက်တာတွေ ရှိတယ်ပေါ့။ ဒါပေမယ့် ထောက်ပံ့တာကများပါတယ်။ တပ်ရင်းက ထောက်ပံ့တာရှိတယ်။ အလှူရှင်က ထောက်ပံ့တာရှိတာ ပိုများပါတယ်။
မေး – အမျိုးသမီးစစ်သည်တွေနဲ့ အမျိုးသားတွေကိုရော စစ်ရေးလေ့ကျင်ရာမှာပဲပြောပြော တခြား ရှေ့တန်းသွားတာမျိုးတွေမှာပဲဖြစ်ဖြစ် ခွဲခြားကန့်သတ်တာ ခံရတာမျိုးတွေရှိလား။
ဖြေ – ဘယ်လိုမျိုးပါဝင်ရသလဲဆိုတော့ အမျိုးသမီး အဲလိုမျိုး ကန့်သတ်ထားတာတော့ မရှိဘူး။ ဒါပေမယ့် အဲဒါ က အဲလို ရှေ့တန်းသွားမယ်ဆိုရင် စစ်ကြောင်းမှူးရဲ့ အမိန့်အတိုင်း စီစဉ်ရမှာပေါ့နော။ အဲဒါဆို စစ်ကြောင်းမှူးက ဒီနေရာမှာ မသွားနဲ့ မိုင်းရှိတယ်ဆိုရင် အဲဒီနေရာကို မသွားဖို့က ယောက်ကျားလေးရော မိန်းကလေးရော အကုန် လုံး တန်းတူ မသွားနဲ့ဆိုရင် မသွားဘူး။ မိန်းကလေးမို့လို့ အဲဒီနေရာကို မသွားရဘူး။ ယောက်ကျားလေးမို့လို့ အဲဒီနေရာကို မသွားရဘူး။ အဲလို မခွဲခြားထားပါဘူး။
မေး – စစ်သင်တန်းတုန်းကပဲဖြစ်ဖြစ် ဒီစစ်သမီးဖြစ်ပြီးနောက်ပဲပြောပြော တပ်ထဲမှာ ကြုံခဲ့ရဖူးတဲ့ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုလောက် ပြောပြပါလား။
ဖြေ – အဲဒါက ဘာကြီးလဲဆိုတော့ ကိုယ်ကလည်း ကျန်းမာရေး မကောင်းတဲ့လူလေ အဲလိုရောဂါတစ်ခုပေါ့ အစာ အိမ် ဖြစ်လိုက်သွေးအားနည်းလိုက် အဲလိုမျိုးနဲ့ ဖြစ်တယ်။ အဲဒါအခါကျတော့ စစ်တွေက လေ့ကျင့်နေတော့ အရမ်းပင်ပန်းလာတော့လေ သွေးအားနည်းပြီးတော့ မူးသွားတာ အဲဒါနောက်ပြီးတော့ ဆေးပုလင်းကြီး ချိတ်ရ တယ်။ ပုလင်းကြီးချိတ်ရတော့ သူများတွေက သေနတ်ပစ်နေကြတယ်ကွာ။ အဲမှာ ကိုယ်ကလည်း သေ နတ် အရမ်းပစ်ချင်တယ်။ ဒါပေမယ့် ကိုယ်က မထနိုင်ဘူး အဲလိုသွားပြီးတော့ မပစ်နိုင်ဘူးပေါ့နော။ အဲဒါကို တအား ဝမ်းနည်းတယ်။ စဉ်းစားရင်းစဉ်းစားရင်းပေါ့ ငါဘာလို့ အဲလိုဖြစ်သွား ပါလိမ့်။ ငါဘာလို့ သေနတ် မပစ် ခဲ့ရတာလဲ အဲလို ဝမ်းနည်းခဲ့တာပေါ့ အဲဒါပါပဲ။ အခုက သေနတ်ပစ်တယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ် ကျည်ဝယ် ထည့်ပြီး ပစ်ရမှာပေါ့။ ကိုယ်က ပုလင်းကြီးချိတ်ပြီးတော့ အခန်းထဲမှာ နေခဲ့ရတော့ သေနတ်မပစ်လိုက်ရတဲ့ အမှတ် တရပေါ့။
မေး – အခုအမျိုးသမီးတပ်ရင်းအနေနဲ့ပေါ့လေ အမျိုးသားစစ်သည်တွေ မလုပ်နိုင်တဲ့ သူတို့နဲ့ မတူတဲ့ အလုပ်တွေ ဘာတွေ လုပ်နိုင်ပြီလဲပေါ့။
ဖြေ – အခုအဲ့ဒါက ဘာလဲဆို အဲလိုအပ်ချုပ်တာ အမျိုးသမီးတွေက အပ်ချုပ်တာကို စပြီး သင်ယူနေပြီ သင်ယူနေပြီးတော့ ကိုယ်ပိုင် ဒီဇိုင်းထွင်ပြီးတော့ အဲလို ကိုယ့်ရဲ့ တပ်အတွက် ရံပုံငွေပုံစံ မျိုးရှာဖွေတယ်။ ကိုယ့်ရဲ့ တပ် တွင်း အထွက်ငွေနည်းပြီးတော့ အကောင်းဆုံးရပ်တည် နိုင်ဖို့အတွက်တော့ ထွက်ငွေနည်းအောင် ထွက်ငွေနည်း ပြီးတော့ ဝင်တဲ့ ငွေတိုးအောင် ဘယ်လိုကူညီနေသလဲ အမျိုးသမီး တွေက အပ်ချုပ်တာကို ထူးထူးခြားခြား လုပ် ဆောင်နေတာပေါ့နော။ အမျိုး သားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် တစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းရှိ တယ်။ အဲဒါတွေကို တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကူညီလုပ်ဆောင်ရတာပါပဲ။
မေး – တခြားရော ဘာတွေဖြည့်စွက်ပြောစရာရှိသေးလဲ။
ဖြေ – အလှူရှင်တွေအနေနဲ့ကတော့ အများကြီးပဲ ထပ်ပြီးတော့ ကူညီပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖက်မှာ အခုဆို မြန်မာငွေစျေးအရမ်းကျတယ်။ ဒီဒေါ်လာစျေးတွေ အရမ်းတက်တော့ ကုန်စျေးနှုန်းတွေ တက် တယ်။ ဒီဖက်ရဲဘော်တွေလည်းရှေ့တန်းမှာ စားသောက်ဖို့အတွက်ဆို အဲလိုစားသောက်ဖို့ အတွက်ဆို ကုန်စည် တွေ ဝယ်ရတယ်လေ။ အဲဒါကြောင့် နိုင်ငံခြားအလှူရှင်တွေကိုပဲဖြစ်ဖြစ် ပြည်တွင်းထဲက လူတွေပဲဖြစ်ဖြစ်ပေါ့ ပါဝင်လှူနိင်မယ်ဆိုရင် လှူပေးစေချင်တယ်။
NMG – ပေးပို့သည်။