26 June 2025 /

See today's Peace Related News

Homeအင်တာဗျူး“စစ်ရှောင်တဲ့ နေရာဆိုပေမယ့်လည်း စိတ်ထဲမှာတော့ လုံခြုံမှုမရှိဘူးပေါ့ဗျာ။ ပြီးရင်ကျနော်တို့နေရတဲ့ အဆောက်အဦတွေကလည်း လုံလုံခြုံခြုံ အဆောက်အဦလည်း မဟုတ်ဘူး။ ဟင်းလင်းပြင်မှာ ဆောက်ထားတဲ့ နေရာဆိုတော့လည်း...

“စစ်ရှောင်တဲ့ နေရာဆိုပေမယ့်လည်း စိတ်ထဲမှာတော့ လုံခြုံမှုမရှိဘူးပေါ့ဗျာ။ ပြီးရင်ကျနော်တို့နေရတဲ့ အဆောက်အဦတွေကလည်း လုံလုံခြုံခြုံ အဆောက်အဦလည်း မဟုတ်ဘူး။ ဟင်းလင်းပြင်မှာ ဆောက်ထားတဲ့ နေရာဆိုတော့လည်း အားလုံးတော့ ထိတ်လန့်ကြတာပေါ့” စစ်ရှောင်စခန်းတာဝန်ခံတစ်ဦး (မိုးမောက်မြို့)

မိုးမောက်မြို့ စစ်ရှောင်စခန်းတာဝန်ခံ စစ်ရှောင်တစ်ဦးနှင့် အမေးအဖြေ

၃၁ အောက်တိုဘာ ၂၀၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ကနေရော မြို့တွင်းတပ်တွေကနေပါ ထိုးစစ်ဆင် နေသလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် စစ်ရှောင်အသစ်တွေထပ်တိုးလာပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူလည်း အောက်တိုဘာလအတွင်း ၇ ဦးခန့် ရှိခဲ့ပါတယ်။ မြေပြင်မှာ ဘာတွေဖြစ်နေလဲ၊ စစ်ရှောင်တွေရဲ့ အခက်အခဲ အခြေအနေကရော ဘယ်လိုရှိနေလဲ စတာတွေကို မိုးမောက်မြို့က အမည်မဖော်လိုတဲ့ စစ်ရှောင် စခန်းတာဝန်ခံ စစ်ရှောင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်ရှောင်အသစ်တွေ ဒီရက်ပိုင်းထပ်ရောက်တယ်ပြောလို့ပါ။ အခြေအနေလေးတွေ သိချင်ပါတယ်။

ဖြေ – ကျနော်တို့စဖြစ်တဲ့နေ့ ကတည်းက ၂၀ ရက်နေ့လား စဖြစ်တာ အဲကတည်းက ရှောင်ထားတာ မိုးမောက် လောက မဟာစေတီ ဘုန်းကြီးကျောင်းနဲ့ နိသောကရာမ ဘုန်းကြီးကျာင်းမှာ အားလုံးရှောင်တိမ်းထားတာ အဲဒီ မှာ ယနေ့အထိပေါ့နော ကျနော်တို့ ၃ မိုင် စစ်ရှောင်စခန်းမှာကျတော့ သူတို့က လာဖို့ကျတော့ အလှမ်းဝေးသွား တာ ပေါ့။ သူတို့နဲ့ နီးစပ်တဲ့ အဲဒီ မိုးမောက် ဘုန်းကြီးကျောင်းမှာပဲ ရှောင်တိမ်းထားကြတယ်။

မေး – စစ်ရှောင်ဘယ်နှစ်ယောက်လောက်တိုးလာတာလဲ။ အကူအညီတွေရော ဘယ်သူတွေက ကူညီဆောင်ရွက် ပေးထားလဲ။

ဖြေ – ဗန်းမော်မြို့ ၃ မိုင် ကွက်သစ် ရွှေပြည်သာက စစ်ရှောင် ၁၀၀ ကျော်ကို WFP နဲ့ ကရုဏာအဖွဲ့တို့က အခြေခံ စားနပ်ရိက္ခာတချို့ကို ကူညီပေးထားတယ်။ ဒါပေမယ့် မလောက်ဘူး။ မိုးမောက် ဘုန်းတော်ကျောင်းက စစ် ဘေးရှောင် ၆၀၀ ကျော်ကတော့ အကူအညီတွေ မရသေးဘူး။ အခုလောလောဆယ်ကတော့ မနေ့ကထိကတော့ သူတို့ ကတော့ ကူညီတဲ့ တခြားအဖွဲ့အစည်းတွေက မရောက်သေးလို့ ပြောတာပဲ။ သူတို့သတင်းအချက်အလက် ကျနော်မေးမြန်းကြည့်တော့ ကျန်တဲ့အဖွဲ့တွေ လက်လှမ်းမီတဲ့ ပုဂ္ဂလိက အဖွဲ့တွေ အဲ့လိုပဲ ရောက်နှင့်ထားတယ် လို့ အဲ့လိုကြားသိရပါတယ်။ ဟိုလိုမျိုး အခြေခံအစားအစာလောက် ပေါ့ဗျာ လုံလုံလောက်လောက် ဘာညာဆို တာကတော့ မရှိဘူးပေါ့နော်။ အဲ့လိုမျိုးအထိကတော့ ဒါပေမယ့် ကျန် တဲ့လူတွေကတော့ ယောက်ကျားသားတွေ ဘာတွေကတော့ အပြင်မှာ အလုပ်ရှာပြီးတော့ နေ့စားလုပ်ရတာပေါ့ဗျာ။

မေး – သူတို့အတွက် အဓိက ဘာတွေလိုအပ်နေတာလဲ။

ဖြေ – သူတို့အတွက် စားနပ်ရိက္ခာပေါ့။ နောက်ပြီး လူကြီးတွေလည်းများတယ်။ အဖိုးအဖွားတွေ များတယ်။ ကလေးတွေလည်း ပါတော့ ဆေးတွေလည်း လိုအပ်တယ်။ နောက်တစ်ခုက သူတို့က များသောအားဖြင့် လယ် သမားတွေ ဆိုတော့လေ အဲဒါ စပါးလည်း မသိမ်းရသေးဘူး။ အဲဒီမှာကျန်ထားတဲ့ တချို့ အိမ်းမွေးတိရစ္ဆာန် ဝက်တွေ ဘာတွေ ကျွဲ၊ နွားတွေ အဲဒီမျိုးလေး တွေကျန်ထားတော့ သူတို့ကလည်း သုံးမိုင်စခန်းကို လာဖို့ ခက်ခဲ တာပေါ့။ အဲ့ဒါတွေအတွက်လည်း စိုးရိမ်နေကြတယ်။ စပါးတွေ မရိတ်နိုင်ရင် လာမယ့်နှစ်အတွက်ဆိုပြီး စိတ်ပူနေကြတာပေါ့ဗျာနော်။

မေး – လက်ရှိက မြို့ထဲကတပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်ပြောတယ်။ ထိခိုက်ဒဏ်ရာရတာ မျိုးတွေလည်းရှိတယ်ဆိုတော့ အဲ့ဒီ အခြေအနေလည်း သိချင်တယ်။

ဖြေ – အခြေအနေကတော့ လုံလုံခြုံခြုံရှိတယ်လို့တော့ တပ်အပ်ပြီးတော့ ပြောလို့မရဘူးပေါ့နော။ ခုနလေးတင် ကမှ ကျနော်တို့နေတဲ့ Camp နားပတ်ဝန်းကျင် တစ်ဝိုက်တောင်မှ လက်နက်ကြီးတွေ ပစ်တာကျော် သွားတာပေါ့ နော။ အဲဒီလို ခုနလေးတင်ပဲဖြစ်သွားတယ်။ မနေ့ကဆိုရင် နေ့လည်မှာ တစ်ယောက်၊ ညမှာတစ်ယောက် အမျိုး သမီးတွေ လက်နက်ကြီးထိတာ။ တခြား လူတွေလည်းပါသေးတယ်။ ၅ ယောက် ၆ ယောက်လောက် ရှိတယ်။ ဘယ်ကကျမှန်းမသိတဲ့ လက်နက်ကြီးတွေ။ ထပ်ကျမှာလည်း စိုးရိမ်နေရတယ်။ သေနတ်သံ လက်နက်ကြီးသံ မကြားရတဲ့နေ့ကို မရှိဘူးနော် ဒီတလောဆိုရင်။ ၂၆ ရက်နေ့တုန်းကလည်း အမျိုးသမီးတစ်ယောက် မန်ခွန်ရွာ ကလေ ထိတာက။ ဒီလ ၂၄ ရက်နေ့တုန်းက ထိတာတော့ အမျိုးသားနော် အဲ့ဒါက ခါနန်ရပ်ကွက်မှာပေါ့။

မေး – အခုက လုံခြုံရေးကအစ မြို့ပေါ်မှာတောင် မလုံခြုံတော့ဘူး ဆိုတာမျိုးလား။

ဖြေ – အခုနလေးတင်မှ ဖြစ်သွားတဲ့ ကိစ္စကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့နေရာမှာလည်း တကယ် တမ်း ဖြစ်လာမယ်ဆိုရင်တော့ ပြောရတာက စစ်ရှောင်တဲ့ နေရာဆိုပေမယ့်လည်း စိတ်ထဲမှာတော့ လုံခြုံမှု မရှိ ဘူးပေါ့ဗျာ။ ပြီးရင်ကျနော်တို့ နေရတဲ့ အဆောက်အဦတွေကလည်း လုံလုံခြုံခြုံ အဆောက်အဦလည်း မဟုတ် ဘူး ။ ဟင်းလင်းပြင်မှာ ဆောက်ထားတဲ့ နေရာဆိုတော့လည်း အားလုံးတော့ ထိတ်လန့်ကြတာ ပေါ့။ ခုနတုန်းကဖြစ်တဲ့ ကိစ္စကို ပြန်ပြောပြရမယ်ဆိုရင်တော့ အားလုံး ဟိုမှာရှိတဲ့ ရုံးခန်းတိုက်ခန်းလေး တစ် ခန်းမှာ ပြေးပြီးမှ အဲဒီမှာ လာစုပြီးမှ ပုန်းနေကြတာ။ ဘယ်မှာနေရမလဲတောင်မှ မသိဘူး အခုက။

မေး – အခုလောလောဆယ်ရော စစ်ရှောင်တွေ နေထိုင်စားသောက်ရေး ဘယ်လိုဖြေရှင်းရတာလဲ။

ဖြေ – ဘုန်းကြီးကျောင်းတွေမှာနေတယ် အဲ့ဒီကနေပဲ အချင်းချင်းစီစဉ်ပေးပြီး ကူညီကြတာပါ။ ရှမ်းလူငယ်တွေလည်း နည်းနည်းပါးပါးတော့ လာကူညီပေးတယ်။ တခြား အလှူရှင်တော့ မရှိသေးပါဘူး။ အကူအညီလည်း ဘယ်မှာတောင်းရမလဲမသိကြဘူး။

NMG – ပေးပို့သည်။