2 July 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျမတို့ မတူပီမှာ စစ်ဒဏ်ကို အများကြီးခံခဲ့ရတယ်ဆိုတော့ စစ်ကို လုံးဝမကြိုက်တာ၊ အဲ့ဒါကြောင့် ဘယ်သူရဲ့တိုက်တွန်းချက်မှမပါဘဲ စစ်ကို မကြိုက်လို့ CDM လုပ်တာ”...

“ကျမတို့ မတူပီမှာ စစ်ဒဏ်ကို အများကြီးခံခဲ့ရတယ်ဆိုတော့ စစ်ကို လုံးဝမကြိုက်တာ၊ အဲ့ဒါကြောင့် ဘယ်သူရဲ့တိုက်တွန်းချက်မှမပါဘဲ စစ်ကို မကြိုက်လို့ CDM လုပ်တာ” CDM ကျောင်းဆရာမ (မတူပီမြို့နယ်)

မတူပီမြို့နယ်မှ CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် နိုင်ငံတဝန်းက အစိုးရဝန်ထမ်းတွေဟာ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာ CDM လှုပ်ရှားမှု အားအကောင်း ဆုံးပြည်နယ်ဟာ ချင်းပြည်နယ်ဖြစ်ပြီးတော့ အစိုးရဝန်ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ရှိတဲ့အနက် ဝန်ထမ်း ပေါင်း ၁၄၀၀၀ ကျော်ဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီရဲ့လက်အောက်မှာ အလုပ်မလုပ်ချင် တော့တဲ့အတွက်ကြောင့် CDM ပြုလုပ်ခဲ့ကြပါတယ်။

ချင်းပြည်နယ်က CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်မီဇိုရမ်ပြည်နယ်သို့ လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုလက်ရှိ ရင်ဆိုင်ကြုံတွေနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်နယ် မတူပီမြို့နယ်က CDM ပြုလုပ်တဲ့ ကျောင်းဆရာမတစ်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ လွတ်မြောက်နယ်မြေကိုသွားဖို့ ဘာကြောင့်စိတ်ကူးခဲ့တာလဲ။

ဖြေ။ ။ ကျမလွတ်မြောက်နယ်မြေကို မလာချင်ပါဘူး ဒါပေမယ့် ကျမတို့ CDM လုပ်တဲ့ပတ်ဝန်းကျင်လည်း ရှိနိုင်တယ်။ အရင်တခါလည်း အဲ့သလိုကြုံခဲ့ပြီး နောက်ထပ်များပြန်ဖြစ်မလားဆိုတဲ့ စိတ်နဲ့ ဒီဘက်ကို ရောက်ခဲ့တာပါ။

မေး။ ။ လွတ်မြောက်နယ်မြေကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ရောက်ရှိခဲ့သလဲ။

ဖြေ။ ။ ကျမတို့နယ်စပ်မှာ တစ်လကျော်ကျော်နေတဲ့အချိန် နယ်စပ်မှာရှိတဲ့ရွာကလူတွေကလက်ခံတယ် အိန္ဒိယက စစ်သားတွေကလက်မခံဘူး တစ်လနေပြီးတာနဲ့ပြန်ခိုင်းတယ်။ သေနတ်တွေလည်းကိုင်ပြီးလာတယ် ကြောက်အောင်လို့နေမှာပေါ့နော် ပြီးတော့ပြန်ခိုင်းတယ် လုံးဝမနေရဘူး အခန်းထဲထိဝင်စစ်တယ်။ တံခါးတွေကို ထုပြီးဖွင့်ခိုင်းတယ် လူဘယ်နှစ်ရှိလဲအကုန်စစ်ပြီး အကုန်ရပ်ခိုင်းတယ်။ ပြီးတော့ဓာတ်တွေရိုက်တယ်။ အကုန်းလုံးကိုပြန်ခိုင်းတာ အဲ့ဒီနေ့ကကားရောက်လာတာနဲ့ ဒီဘက်ကိုလာတာ။ ဂိတ်ရောက်တဲ့အချိန်မှာလည်း ဂိတ်ကပြန်ခိုင်းတာ။ မီးဇိုးစကားတွေနဲ့မေးတယ် ကျမတို့က ကားထဲမှာတစ်ယောက်မှ ဘာသာစကားတတ်တဲ့သူ မရှိဘူး။ ရင်တထိတ်ထိတ်နဲ့ပဲ ဟိုဘက်ပြန်ခိုင်ရင်လည်းနေစရာမရှိဘူးအဲသလိုအမျိုးမျိုးတွေးတာပေါ့နော်။ တစ်နာရီလောက်စစ်တယ်မေးတယ်။ ဟိုထိုး ဒီထိုးလုပ်တယ်။ ကလေးတွေနဲ့ဆိုတော့ပြန်ခိုင်ရင်လည်း သနာစရာကောင်းတယ်။ ကားဆရာကလည်းတောင်းပန်ပေးတယ်၊ ကလေးတွေမြင်တာနဲ့ စိတ်ပြောင်းတာနဲ့ ပြန်လွတ်ပေးတော့ ဒီဘက်ရောက်လာတယ်။

မေး။ ။ လွတ်မြောက်နယ်မြေမှာ ဘာအခက်ခဲတွေကြုံတွေ့နေရလဲ။

ဖြေ။ ။ အခက်တွေကိုဘာမှမမှုတော့ပါဘူး။ တောထဲမှာရှိတဲ့ CDF တွေ CNA တွေ လူငယ်တွေရဲ့အခက်ခဲလောက် ကျမတို့မခက်ခဲသေးပါဘူး။ ကျမကောင်းတဲ့ဟာစားရင်တောင်မှ သူတွေရောစားရပါ့မလားဆိုတဲ့စိတ်နဲ့ ကျမမပေါ့မပါးနဲ့ရှိနေပေမယ့် ကျမစားချင်တာမစားရတဲ့အချိန်ပေါ့ မြို့ထဲမှာလည်းသွားပြီးတော့မဝယ်နိုင်ဘူး။ တအားဝေးတယ်ဆိုတော့ တစ်ခါသွားဖို့အရေးမှာရတယ်။ အဲ့အချိန်မှာ ငါဒီလောက်စားချင်တာ သူတို့တွေလည်းတောထဲမှာ ဘယ်လောက်များပင်ပန်းမလဲဆိုတဲ့ စိတ်နဲ့ လိုချင်တာတွေ လိုအပ်တာတွေ ရှိရင်လည်း ကျမသည်းခံပြီးတော့ လုပ်တယ်။ ဆေးခန်းသွားချင်ရင်တောင်မှ စကားနားမလည်ဘူးဆိုတော့ တစ်ယောက်ကိုခေါ်ပြီးတော့သွားရတယ်။ အိမ်ရှင်ကို သွားကူပါအုံးဆိုပြီးသွားရတယ်။

မေး။ ။ အစ်မကလေးရဲ့အနာဂတ်ကိုရောစိတ်ပူမိလား။

ဖြေ။ ။ ကျမသားလေးက သုံးနှစ်ပြည့်တော့မယ်။ ကျမသားလေးကငယ်သေးတယ်ဆိုတော့ အများကြီးလည်းလုပ်ပေးလို့မရသေးဘူး။ ကျမတို့တစ်နိုင်ငံလုံးရဲ ကလေးတွေရဲ့အနာဂတ်က ကျမတစ်ယောက်တည်းအတွက် တစ်ကိုယ်ကောင်းဆန်ပြီး ကျမအများကြီးလည်းမစဉ်းစာချင်ဘူး။ တစ်နိုင်ငံလုံး အကုန်လုံးအနာဂတ်ပျောက်နေတဲ့အချိန်မှာ သုံးနှစ်ပဲရှိသေးတဲ့ သားလေးရဲ့အနာဂတ်အတွက် ဘာမှမရှိသေးဘူး။

မေး။ ။ CDM ဝင်ခဲ့တဲ့အပေါ်မှာရောနောင်တရတာမျိုးရှိလား။

ဖြေ။ ။ CDM မလုပ်လိုက်ရလို့ပဲ နောင်တဆိုတာရှိမယ်။ CDM လုပ်လို့နောင်တဆိုတာတော့မရှိဘူး။ ကျမတို့ ပါတီအတွက်လည်း လုပ်တာမဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လည်း မလုပ်ပါဘူး။ စစ်ကို လုံးဝမကြိုက်လို့ပါ၊ ကျမတို့ မတူပီမှာ စစ်ဒဏ်ကို အများကြီးခံခဲ့ရတယ်ဆိုတော့ စစ်ကို လုံးဝမကြိုက်တာ၊ အဲ့ဒါကြောင့် ဘယ်သူရဲ့တိုက်တွန်းချက်မှမပါဘဲ စစ်ကို မကြိုက်လို့ CDM လုပ်တာ။

မေး။ ။ ကိုယ်လို့ CDM တဲ့သူ တွေကိုဘာပြောချင်လဲ။

ဖြေ။ ။ အခုချိန်မှာ လတွေလည်းကြာလာပြီဆိုတော့ စိတ်ဓာတ်အားငယ်တာတွေရှိမယ်။ ကိုယ်လုပ်တာမှန်လား မှားလာဆိုတာကို တခါတလေတွေဝေတဲ့အချိန်လည်း ရှိမယ်။ အားငယ်တဲ့အချိန်၊ ခက်ခဲတဲ့အချိန် ကိုယ် CDM လုပ်တာ နောင်တရချင်ရမယ်၊ ကျမ အားပေးချင်တာက ကျမတို့စစ်အာဏာကို မကြိုက်လို့ ကျမတို့ ဝန်ထမ်းတွေ တတ်နိုင်တာ CDM လုပ်တာက အင်မတန်မှ ထိရောက်တယ်ဆိုတော့ ကျမတို့သည်းခံပြီး နေကြရအောင်၊ ကိုယ်က ပညာရေးမှာ သင်ကြားရေးမှာပါတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ကလေးတွေကို မှန်တဲ့သမိုင်းပဲ သင်စေချင်တယ်၊ စိတ်ဓာတ်မကျဖို့အတွက် အားပေးဖြစ်ပါတယ်။

KMG – ပေးပို့သည်။