ကချင် စစ်ရှောင်စခန်းများ ဆောင်းရာသီ အနွေးထည်များ လိုအပ်နေ

0
293
ဟူးကောင်းချိုင့်ဝှ်မ်း KBC အသင်းတော် စစ်ရှောင်စခန်း၊ တနိုင်းမြို့၊ ကချင်ပြည်နယ်

ကချင်ပြည်နယ်ဒေသအတွင်း သွားလာရေးခက်ခဲသော စစ်ရှောင်စခန်းများ အချို့တွင် ယခုနှစ် ဆောင်းရာသီ အအေးဒဏ်ကြောင့် အနွေးထည်များနှင့်စောင်များ အကူအညီ လိုအပ်နေကြာင်းသိရသည်။

ထိုသို့သွားလာရေးခက်ခဲသော စစ်ရှောင်စခန်းများဖြစ်သည့် Sha-it Yang (ရှာအစ်ယန်) စစ်ရှောင်စခန်း နှင့် Chipwi (ချီဖွေ) စစ်ရှောင်စခန်းများ တွင် အနွေးအထည်နှင့်အစားအသောက်များ အလွန်ခက်ခဲနေကြာင်း စစ်ရှောင်တာဝန်ခံများမှ KNG သတင်းဌာနသို့ ပြောဆိုသည်။

“ယခုအချိန်မှာတော့ ကျနော်တို့မှာ အနွေးထည် စောင်တွေလိုအပ်နေတယ်။ အသက်ကြီးတဲ့အဘိုးအဘွားတွေဆို အနွေးခင်းတွေ ပိုပြီးလိုအပ်တာပေါ့။ အလွန်အေးတဲ့အတွက် လူကြီး လူငယ် ကလေးက အစ ကျန်းမာရေးဂရုစိုက်ရတယ်။ ပြီးရင် ဒီဒေသတွေမှာက အလွန်အေးတဲ့ဒေသဖြစ်တဲ့အတွက် ဘာမှ စိုက်ပျိုးလို့မရဘူး။ အစားသောက်ပိုင်းတွေလည်း ခက်ခဲတယ်။ ထောက်ပံ့ရေးတွေကလည်း အခုနှောက်ပိုင်းက ပိုပြီးနည်းပါးလာတယ်” ဟု Chipwi စစ်ရှောင်တာဝန်ခံ Sara Zawng Dai က ပြောဆိုသည်။

အဆိုပါ Sha-it Yang စစ်ရှောင်ပြည်သူများလည်း တရုတ်နယ်စပ်နှင့်နီးသော်လည်း ယခုနောက်ပိုင်း သွားလာရေးခက်ခဲမှုများ ရှိသဖြင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အဆင်မပြေသည့်အတွက် စားဝတ်နေရေးများအလွန်ခက်ခဲနေသလို ထောက်ပံ့ရေးအဖွဲ့အစည်းများလည်းလာရောက်ခြင်းများ နည်းပါးကြောင်းသိရသည်။

Chipwi စစ်ရှောင်စခန်း နှင့် Sha-it Yang စစ်ရှောင်စခန်း တစ်ခုစီမှာ စစ်ရှောင်ပြည်သူ ၂၀၀၀ ထောင်ကျော် ရှိသည့်အတွက် လာရောက်ထောက်ပံ့သည့်အဖွဲ့အစည်းများရှိသော်လည်း လုံလောက်မှု မရှိကြောင်းကို ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလ လဆန်းပိုင်းတွင်မှာလည်း Htoi Gender လူမှုကူညီရေးအဖွဲ့မှ အရေးပေါ်လိုအပ်နေသော စစ်ရှောင်စခန်းများဖြစ်သည့် လိုင်နှောင်ခူး (ကားမိုင်း)၊ ပူတာအို၊ တနိုင်း၊ ချီဖွေ စသော စစ်ရှောင်စခန်း (၁၂)ခုတွင် အနွေးထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို သွားရောက် ထောက်ပံ့မည်ဖြစ်ကြောင်း Htoi Gender ဒါရိုက်တာ Nang Pu ထံမှ သိရသည်။

“ကျမတို့က အရေးပေါ်လိုအပ်နေတဲ့ စခန်း ၁၂ခုကို ရွေးထားတယ်။ ဘယ်လိုရွေးဖြစ်လဲဆိုတော့ စစ်ရှောင်စခန်းအသစ်တွေ၊ ပိုပြီးအေးတဲ့ဒေသတွေ၊ ပြီးရင်တစ်ချို့စစ်ရှောင်စခန်းတွေက ထောက်ပံ့ရေးပိုင်းမှာ သိပ်လက်လှမ်းမမှီတဲ့နေရာတွေမှာ သွားရောက်ထောက်ပံ့မည်ဖြစ်သည်” ဟု ပြောသည်။

ယင်းစစ်ရှောင်စခန်း ၁၂ခုတွင် လိုအပ်နေသော စစ်ရှောင်ပြည်သူများ၏ လိုအပ်နေသော အနွေးထည်၊ စောင်၊ ငွေကြေးများကို Kachin Peace Network မှတာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း ဆရာမ Ester Naw ထံမှသိရသည်။

လက်ရှိတွင် စစ်ရှောင်စခန်း ၂၀ကျော်ခန့်က အအေးဒဏ်နှင့် စားဝတ်နေရေးအဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး များသောအားဖြင့် ကချင်လွတ်လပ်ရေးတပ်တော် KIA နယ်မြေအတွင်းမှာရှိသည့် စစ်ရှောင်စခန်းများဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here