အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်

0
164

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၃ ဦးတို့ အောက်တိုဘာ ၃၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်မှာ ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေထဲကတော့ ရက္ခိုင့်တပ်မတော် AA၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပါဝင်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ‘ဝ’ တပ်ဖွဲ့ UWSA တို့ကလည်း အဲဒီ တွေ့ဆုံပွဲမှာ ပါဝင်နိုင်ရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေမှာ ငြိမ်းချမ်းရေး ကော်မရှင် အနေနဲ့ မြောက်ပိုင်းတော်လှန်ရေးအဖွဲ့အားလုံးနဲ့ တွေ့ဆုံသင့်တယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ Manam Tu Ja က ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here