နိုင်ငံတော်အတိုင်ပင်ခံ၏ မြစ်ကြီးနားခရီးစဉ်တွင် စစ်ရှောင်များ၏ အရေးကြီးဆန္ဒကို ဖော်ပြခွင့်မရခဲ့

0
154

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ်အတွင်း တင်ပြခွင့်မရခဲ့သည့်အချက်များတွင် တရုတ်ငှက်ပျောစိုက်ပျိုးမှု ကိစ္စအပြင် နေရပ်ပြန်နိုင်ရေးအချက် တို့သည် အဓိက ဖြစ်သည်ဟု စစ်ရှောင်းများ ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ ၁၉ ရက်နေ့ နေ့ချင်းပြန် ထိုခရီးစဉ်တွင် မြစ်ကြီးနား အင်ဂျန်ဒုံ KBC စစ်ရှောင်စခန်း၊ ပလန စိန်ဂျိုးဇက် ကတ်သလစ် စစ်ရှောင်စခန်း တို့အပြင် မူးယစ်တိုက်ဖျက်ရေး ဂေဟာတို့တွင် သွားရောက်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း တွေ့ဆုံမှုတွင် စစ်ရှောင်တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ လိုအပ်ချက်ကို တင်ပြရန် အခွင့်မရခဲ့ကြောင်း အင်ဂျန်ဒုံ စစ်ရှောင်စခန်းမှ ဦးဂျုံးဇေ ထံမှ သိရသည်။

“ကျွန်တော်တို့စကားပြောရင် မဆိုင်တာတွေ အရမ်းပြောတယ်ဆိုပြီး သူတို့ဘက်က မကြိုက်တာ ရှိတယ်။” ဟု ပြောသည်။

အခွင့်ရခဲ့လျှင် စစ်ရှောင်များအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံအား တင်ပြလိုသည့်အချက်များမှာ ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ရေး ကိစ္စ၊ ၎င်းတို့ နယ်မြေကို တရုတ်ကုမ္ပဏီများက တစ်သျှူး ငှက်ပျောစိုက်ပျိုးကာ သိမ်းပိုက်လာသည့် ကိစ္စအပြင် ဆိုင်ကယ်လိုင်စင် ပြုလုပ်ရာတွင် ငွေကုန်ကြေးကျ များနေသည့် ပြဿနာတို့ ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ရန် ၂ ပတ်ခန့်အလို ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ မြစ်ကြီးနားသို့ ရောက်ရှိလာခြင်းမှာ မဲဆွယ်ရန် သီးသန့်လာခဲ့သည့် ပုံစံ ဖြစ်နေကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP မှ ဒေါက်တာ မနမ်တူးဂျာပြောကြားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here