မြစ်ကြီးနားမြို့နယ် နေရာအချို့တွင် လုံခြုံရေးကြောင့် မဲဆွယ်ခွင့် မရ

0
188

မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အတွက် နေရာအချို့တွင် လုံခြုံရေးကြောင့်ဟု ဆိုကာ မဲဆွယ်စည်းရုံးရေး မပြုလုပ်ရန် ကန့်သတ်ထားသည်။

ဆင်ဘို၊ ဟိုကတ်၊ တီယန်ဇွပ် ကျေးရွာများတွင် ရွေးကောက်ပွဲကျင်းပပေးမည် ဖြစ်သော်လည်း မဲဆွယ်စည်းရုံးခွင့်ကို မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ပိတ်ပြင်ထားခြင်းဖြစ်သည်။

နေရာတစ်ခုတွင် မဲဆွယ်နိုင်ရန် ၃ ရက် (၇၂ နာရီ) ကြိုတင် အသိပေးရသောကြောင့် နေရာအတွက် အခက်အခဲ ဖြစ်ခြင်း၊ စည်းမျဉ်း ပိုမို တင်းကြပ်ထားခြင်း နှင့် မဲဆွယ်နိုင်ရန် ကန့်သတ်နယ်မြေ ရှိခြင်း တို့ဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ KDP မှ ကိုယ်စားလှယ်လောင်း ဦးကွမ်ကရောင် အောင်ခမ်း ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါ်န် က “ဆင်ဘို မှာတော့ သွားပြီးပြီ။ ဟိုကတ် ကျေးရွာဘက်ကိုတော့ ကော်မရှင်က ပိတ်ထားလို့ မသွားတော့ဘူး။ တီယန်ဇွပ်ဘက်ကိုလည်း သွားဖို့ ကြိုးစားနေတယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောပြသည်။

နိုဝင်ဘာ (၃)ရက် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၆)ဦး ရှိနေပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here