NCA လက်မှတ်ထိုး အဖွဲ့နှင့် မထိုးသည့်အဖွဲ့များ လိုင်ဇာ တွင် တွေ့ဆုံ ဆွေးနွေး

0
342

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အချို့ နှင့် မထိုးထားသည့် အဖွဲ့တို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ၃ ရက်သာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။

စက်တင်ဘာ ၁၇ မှ ၁၉ ရက်နေ့အထိ ပြုလုပ်သည့် ထိုဆွေးနွေးပွဲတွင် အဓိက အချက် ၂ ချက်ကို ဆွေးနွေးခဲ့သည်ဟု လိုင်ဇာ KIO သတင်းနှင့်ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ မှ ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အဓိကတော့ ခေါင်းစဉ် ၂ ခု ဆွေးနွေးတယ်။ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး တစ်ဖွဲ့ချင်းစီ ရဲ့ နောက်ဆုံး အခြေအနေ တင်ပြ တဲ့ အစီစဉ် နှင့် ငြမ်းချမ်းရေးကို အားလုံး ပူးပေါင်းပြီး ဘယ်လို ရအောင် လုပ်ဆောင်မလဲ ဆိုတဲ့ အချက်တွေ ဖြစ်တယ်။”

သို့သော်လည်း ဆွေးနွေးပွဲမှ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိခဲ့ဘဲ တွေ့ဆုံမှု သက်သက်သာ ဖြစ်သည်ဟု ဆက်ပြောပါသည်။

ထို ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးထားပြီ ဖြစ်သော မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် NCA လက်မှတ် မထိုးရသေးသော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် KIO တို့ ဖြစ်သည်ဟု သိရပါသည်။

KIO သည် ငြိမ်းချမ်းရေး အတွက် NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ ၁၉၉၄ တပ်မတော် နှင့် အပစ်ရပ် သဘောတူ စာချုပ်အတိုင်း ပြန်လည် အကောင်ထည်ဖော်သွားမည်အကြောင်း ကြိုးစားနေခြင်းလည်း ဖြစ်ပါသည်

LEAVE A REPLY

Please enter your comment!
Please enter your name here