မြစ်ဆုံရေကာတာ ပြန်စရန် တရုတ် SPIC ဒေသခံများကို ဆက်တိုက် စည်းရုံး

By Staff 12 September, 2018 👁

မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန် တရုတ်အစိုးရပိုင် ရေအားလျှပ်စစ် ကုမ္မဏီ (SPIC) မှ Alam ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် စည်းရုံးရေး အစီစဉ် ယနေ့ ပြုလုပ်ခဲ့သည်။

ကျေးရွာသားအားလုံးကိုဖိတ်ခေါ်ခြင်းမရှိဘဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၂၀ ဦးခန့်သာ ပါဝင်သော ထိုစည်းရုံးရေးအစီစဉ်တွင် State Power Investment Corporation ဘက်မှ ရေကာတာပြုလုပ်ခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ ကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရေကာတာစီမံကိန်းကြောင့် ရွှေ့ပြောင်းလာသောရွာသားများကို SPIC အဖွဲ့မှ ပုံမှန် ထောက်ပံ့ကူညီနေသောကြောင့် စီမံကိန်း ပြန်လည် အကောင်အထည်ဖော်လာ မည်ကို စိုးရိမ်နေကြောင်း Alam (အာလမ်) အုပ်ချုပ်ရေးမှူး ဦး Mung Ra ပြောဆိုသည်။

သြဂုတ်လ (၂၄) ရက်နေ့မှာလည်း မြစ်ဆုံပတ်ဝန်းကျင် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာ တွင် SPIC ဝန်ထမ်းများ လူထုနှင့်တွေ့ဆုံ စည်းရုံးရေး ပြုလုပ်ခဲ့သည်။