ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားနိုင်ရေး အဖွဲ့အတွင်း UNFC ဆွေးနွေးခဲ့

0
292

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားနိုင်ရေးအတွက် ယမန်နေ့ (သြဂုတ်လ ၂၆ရက်)က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ၎င်းတို့၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။

UNFC အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်(PC) တို့အကြား တစ်ဆို့နေသည့် အချက်များအပေါ် ပြန်လည်သုံးသပ်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်သွားနိုင်ရေးအ တွက် အဓိက ဆွေးနွေးကြခြင်းဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က ကေအိုင်စီသို့ ယနေ့ ပြောဆို သည်။

၎င်းက “ကျနော်တို့က လက်ရှိ NCA လမ်းကြောင်းကြီးအတိုင်း ဆက်သွားမယ်ဆိုတဲ့ သဘောထားလည်း ရှိတယ်။ ဒါကို UNFC အနေနဲ့ ဖော်ဆောင်တဲ့နေရာမှာ DPN နဲ့ ကြိုးပမ်းမှုရဲ့ နောက်ဆုံးဖြစ်ထွန်းမှုကလည်းပဲ တစ်ဆို့နေမှုတွေရှိတယ်။ ဒါတွေကို ဘယ် လိုဆက်လုပ်မလဲဆိုတာကို သုံးသပ်မှုတွေပြုလုပ်ပြီး ဒါကို အခြေခံပြီးတော့မှ ဆက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

DPN နှင့် အစိုးရအကြား တစ်ဆို့နေသည့် ဖက်ဒရယ်ဒီမိုကရေစီ ဝေါဟာရဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ယမန်နှစ် ဒီဇင်ဘာ လက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ တပ်ဖွဲ့ဝင်နှင့် အရပ်သားတို့ အသတ်ဖြတ်ခံရသည့်အပေါ် တရားမျှတမှု ပေါ်ပေါက်ရန် ညှိနှိုင်းအဖြေရှာရေး ကတိကဝတ်ပေးရန်တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့်တွေ့ဆုံ၍ NCA စာ ချုပ်တွင် အားလုံးလိုက်ပါရေးထိုးနိုင်သော အခင်းအကျင်းတစ်ခုဖြစ်လာစေရန် ညှိနှိုင်းကြိုးပမ်းခဲ့သည်။ သို့သော်လည်း လက်ရှိ တွင် PC အနေဖြင့် DPN နှင့် ဆွေးနွေးမှုကို ရပ်စဲထားပြီး UNFC အဖွဲ့ဝင် ရခိုင်အမျိုးသားကောင်စီ- ANC ကိုလည်း ဆွေးနွေးမှု မပြုတော့ဘဲ တစ်ဖက်သတ် ရပ်ဆိုင်းထားသည်ဟု ဦးထွန်းဇော်က ဆက်ပြောသည်။

လက်ရှိတွင် UNFC အဖွဲ့ဝင် နှစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ-NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDU တို့ ဖေဖော်ဝါ ရီလ ၁၃ရက်နေ့က အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့ပြီးသော် လည်း လက်ရှိအချိန်ထိ ကျန်ရှိသည့် အဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) နှင့် သျှမ်း(ရှမ်း)ပြည်တိုးတက်ရေးပါတီ(SSPP)တို့က အပစ်ရပ်လက်မှတ်ကို ရေးထိုးနိုင်ခြင်း မရှိသေးပေ။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)သည် ၂ဝ၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ဖွဲ့စည်းခဲ့ ပြီး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၁၁ဖွဲ့ရှိခဲ့ရာမှ ယခုအချိန်တွင် NMSP၊ KNPP၊ LDU၊ ANC နှင့် SSPP တို့သာ အဖွဲ့ဝင်အဖြစ် ကျန်ရှိ ခဲ့သော်လည်း ယမန်နေ့က ပြုလုပ်သည့် UNFC အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အားလုံး တက်ရောက် ခဲ့ကြသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here