၂၁ ပင်လုံတပ်ချုပ်၏ မိန့်ခွန်းအချက်များကို ဥပဒေအထောက်အကူပြု ကွန်ရက် ဝေဖန်

0
230

ကချင်တော်လှန်ရေးအစ ဘာသာရေးပြဿနာအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်မှ ပြောဆိုခြင်းသည် ကချင်လူထု ၏ မတရားဖိနှိပ်မှုကို တော်လှန်သော စိတ်ဓါတ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့၏ နို်င်ငံရေး ခံယူချက်ကို စောကားရာရောက်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်က ထုတ်ပြန်လိုက်ပါသည်။

ဇူလို်င် ၁၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီနေ့အထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်ရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ပြည်ထောင်စုပါတီ (ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ရတာကို နောက်မှ တိုင်းရင်းသားအရေး ပြောလာတာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ကချင်လူထုသည် ၄င်းတို့ဆုံးရှုံးခဲ့ရသော နိုင်ငံရေးအခွင့်အရေးကို ပြန်လည်ရရှိရအောင် လက်နက်စွဲကိုင်တော်လှန်နေသော အဖွဲ့အစည်းအဖြစ် ၁၉၆၀ အောက်တိုဘာ ၂၅ တွင် စတင်ဖွဲ့စည်းခဲ့ပြီ ဖြစ်သည့်အတွက် ကာချုပ်မင်းအောင်လှိုင်၏ ပြောဆိုမှုများသည် ကချင်လူထုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ကို စော်ကားရာရောက်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ ဦးအောင်ထူးက သုံးသပ်ထားပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ တွင် တည်ထောင်ပြီး၊ ၄င်း၏ တပ်မတော် KIA ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်သည့် သုံးသပ်စာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညီလာခံ မိန့်ခွန်းအတွင်း စုစုပေါင်း အချက် ၆ ချက်ကို ပြန်လည် ဝေဖန် ထားသည်ကို တွေ့ရပါသည်။

ထို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ချုပ်ကြီး လိုက်နာဖော်ဆောင်သင့်သည့့် အချက်များအား ထောက်ပြထားသည်ကိုလည်း သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here