ဖက်ဒရယ်အရေးကျွမ်းကျင်သူ ဝါရင့်နိုင်ငံရေးသမားကြီး ခွန်းမားကိုဘန်းနှင့် အမေးအဖြေ
၁၈ ဇူလိုင် ၂၀၂၂
ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တဲ့အတိုင်း၊ ဆွဲခဲ့တဲ့ဖွဲ့စည်းပုံအတိုင်အဆိုရင် မြန်မာပြည်သည် လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကတည်းက ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်နေပြီလို့ ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဝါရင့်နိုင်ငံရေးသမားကြီး ခွန်းမားကိုဘန်းက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ဖို့အတွက် ခေတ်အဆက်ဆက် အစိုးရတွေက တွန့်ဆုတ်နေခဲ့ကြပါတယ်။ ပင်လုံစာချုပ်အပေါ် လိုသလိုအသုံးပြုကာ “ခွဲထွက်ရေး” စကားလုံးတစ္ဆေခြောက်ကာ ပင်လုံစာချုပ်ကို စစ်ခေါင်းဆောင်တွေက ချောင်ထိုးထားခဲ့ပါတယ်။
ပင်လုံစာချုပ်ရဲ့ လက္ခဏာ၊ အနှစ်သာရ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ဘာကြောင့် ၁၉၄၇ ပင်လုံ ကတိကဝတ်တွေကို ဖော်ဆောင်ကြဖို့ အခုချိန်ထိ တောင်းဆိုနေကြတာလဲ၊ ပင်လုံစာချုပ်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တွေ ဘယ်လိုလုပ်ခဲ့ကြသလဲဆိုတဲ့ မေးခွန်းတွေကို ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဝါရင့်နိုင်ငံရေးသမားကြီး ခွန်းမားကိုဘန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – ပင်လုံစာချုပ် ဖြစ်လာဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ ဘယ်လိုလုပ်ခဲ့ကြတာလဲ။ ဘယ်ကနေ စခဲ့တာလဲ။
ဖြေ- လွတ်လပ်ရေးကြိုးပမ်းတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များ အဲ့ဒီမှာ ပင်လုံစာချုပ်ဖြစ်လာတယ်။ ပင်လုံစာချုပ်ကို ကျနော်တို့က သိရမယ်။ ပင်လုံစာချုပ်မှာ အဲ့ဒီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ မရောက်ခင်ဆိုရင် ရှမ်းတို့ ကချင်တို့ ချင်းတို့ရဲ့ သဘောတူညီချက် ၅ ချက်ကို လုပ်ထားတာ။ ဗိုလ်ချုပ်တို့ လာမယ်၊ ဖဆပလအစိုးရတို့ လာမယ်၊ အင်္ဂလိပ်အစိုးရ လာမယ်၊ ဒါကျနော်တို့ ဆွေးနွေးကြမယ်။ ကျနော်တို့ ပင်လုံစာချုပ်ဖြစ်ဖို့အတွက် ကျနော်တို့ ဘာပြင်ထားမလဲ၊ အဲ့ဒီက ပင်လုံစာချုပ် အခြေခံမူ ၅ ချက်က အဲ့ဒီက လုပ်ထားတာ၊ ပြင်ဆင်ထားတာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလိပ်အစိုးရတို့ ရောက်လာတဲ့အချိန် ကြ တော့ ၁၀ ရက် နေ့မှ တစ်ချက်ချင်း ဒီ ၅ ချက်အပေါ်မှာ ညှိနှိုင်းတယ်။ နံပါတ် ၁၊ ၂၊ ၃၊ ၄ ညှိနှိုင်းပြီးတော့ နောက် ဆုံးတော့ သဘော တူမယ့် အစိတ်အပိုင်းဖြစ်သွားတော့ အဲ့ဒီမှာ ပင်လုံစာချုပ်ရဲ့ အခြေခံမူ ၅ ချက် အကောင်အ ထည်ဖော်ဖို့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ၁၂ ရက်နေ့က အချက် ၉ ချက်ထွက်လာတယ်။ ပင်လုံ အခြေခံမူက အဲ့ဒီ ရှမ်း ကချင် ချင်းရဲ့ ၅ ချက် အခြေခံမူ။ ၉ ချက်က အဲ့ဒီ ၅ ချက်အပေါ်မှာ လုပ်ငန်း အကောင်အထည်ဖော်ဖို့ စာချုပ်။
မေး – ဒီ ၁၉၄၇ ပင်လုံစာချုပ်ရဲ့ အဓိပ္ပာယ်ကရော ဘယ်လိုဖွင့်ဆိုလို့ရလဲ။
ဖြေ – ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များက ဘယ်လိုလုပ်လဲဆိုတော့ ပင်လုံစာ ချုပ်ချုပ်ဆိုတာ တချို့က နားမလည်ဘူး။ ဗမာအများစုက အနိုင်ကျင့်တယ် အဲ့လိုပြောတယ်။ ပင်လုံစာချုပ် လက္ခဏာက ဒီလိုမဟုတ်ဘူး။ ပင်လုံစာချုပ်က လက္ခဏာ နှစ်ရပ်ရှိတယ်။ ပထမအချက်က ပင်လုံစာချုပ်က အနိုင်အရှုံးစာချုပ် မဟုတ်ဘူး။ တန်းတူရည်တူဖြစ်တယ်။ နောက်ပြီးတော့ ပင်လုံစာချုပ်ဟာ လူမျိုးစုကိုယ်စား ပြု စာချုပ်မဟုတ်ဘူး။ နယ်မြေကိုယ်စားပြု စာချုပ်ဖြစ်တယ်။ အဲ့ဒါက ရှင်းရှင်းလင်းလင်းကို ကျနော်တို့ သိဖို့လို တယ်။
မေး – ၁၉၄၇ ပင်လုံမှာ တချို့ပြောတာက ကချင်၊ ချင်းနဲ့ ရှမ်း နောက်ပြီး ဗမာပေါ့နော် ဒီမျိုးနွယ်စုတွေပဲပါတယ်။ တခြားတိုင်းရင်းသားတွေ မပါဘူးဆိုတာမျိုးလည်း တောက်လျှောက် ပြောဆိုလာခဲ့တယ်။ ဒါကရော ဘယ်လိုဖြစ်တာလဲ။
ဖြေ – ဆိုတော့ အဲ့ဒီမှာကြည့်လေ ငါတို့ ကရင်မပါဘူး၊ ရခိုင်မပါဘူး၊ မွန်မပါဘူးပြောတယ်။ ကရင်နီမပါဘူး ပြောတယ်။ ကရင်နီဘယ်ပါမလဲ ကရင်နီက သီးခြားလွတ်လပ်ရေးရပြီးသား။ အဲ့နောက်ပြီးတော့ ကရင် မွန် ရခိုင် ဘယ်ပါမလဲ လက်မှတ်ထိုးတဲ့လူထဲမှာ စာရင်းပြန်ကြည့်လေ။ ပင်လုံစာချုပ်ထိုးတာက ရှမ်းက ၁၄ ဦး ထိုး တယ်နော်။ ဘာဖြစ် လို့ ၁၀ ဦးမထိုးလဲ။ အခုနကပြောသလို ရှမ်းနယ်က ၃၃ နယ်စုစည်းထားတဲ့ ဖက်ဒရယ်၊ ကချင်က ဒူဝါနယ်မြေ တွေက အများစုရှိထားတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းမှာလည်း ရမ်အုပ်ဆိုတာ သူတို့ တောင်ပိုင် တောင်စား မင်းက အများကြီးစုထားတာသူက။ ၃ ဦးလက်မှတ်ထိုးရတာ။ ကချင်က ၆ ဦး လက်မှတ် ထိုးရတာ။ ဗမာမှာ ကြည့်လေ ဗမာပြည်မက တစ်ဦးပဲထိုးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘာဖြစ်လဲဆိုတော့ အဲ့ဒီ ဗမာပြည်မထဲမှာ ဖဆပလ အဖွဲ့ချုပ်ဆိုတဲ့ ကရင် မွန် ရခိုင် ဗမာ ကွန်မြူနစ်ပါတီ အကုန်လုံး ဒီတပ်ပေါင်းစုထဲမှာ ပါပြီးသား။
နောက်ပြီးတော့ အဲ့ဒီမှာ ကြားဖြတ်အစိုးရထဲမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီးချုပ်လည်း ဦးဆောင်၊ သူဦးဆောင်ပြီးတော့ ယာယီအစိုးရဖြစ်တာ။ အဲ့မှာ မွန်က မောင်ဖိုးချိုတို့၊ ရခိုင်က ဦးအောင်ဆန်းဝင်းတို့၊ စောဘဦးကြီးတို့ ကိုယ်တိုင်ပါတယ်။ အဲ့ဒီကပ်ဘိနပ်ထဲမှာ။ ဆိုတော့ ဝန်ကြီးချုပ်ထိုးတယ်ဆိုရင် ဘယ်ဝန်ကြီး ထိုးစရာ လို လဲ။ အဲ့ဒါကြောင့်မို့လို့ ပင်လုံစာချုပ်ဟာ လူမျိုးကိုယ်စားပြုမဟုတ်ဘူး။ နယ်မြေ ကိုယ်စားပြုဖြစ်တယ်ဆိုတာက အားလုံးက ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။
မေး – ပင်လုံစာချုပ်ရဲ့ ဒုတိယ အနှစ်သာရကရော ဘာလဲ။
ဖြေ – အေး နောက်တစ်ခါ ပင်လုံစာချုပ်က ဘာလဲဆိုရင် တပြိုင်တည်း လွတ်လပ်ရေးယူတာ။ သူ့ရဲ့ အနှစ်သာရ က ဒုတိယအချက်က ဘာလဲဆိုတော့ လွတ်လပ်ရေးရပြီးရင် အမျိုးသားတန်းတူရေး တည်ဆောက်မယ်ဆိုပြီး အဲ့ ဒါက တကယ့်ကို အနှစ်သာရ ရည်မှန်းချက်။ ဘာဖြစ်လို့ တပြိုင်တည်းသွားယူရမယ် ပြောလဲဆိုရင် အဲ့တုန်းက ရှမ်းတို့ ကချင်တို့ ချင်းတို့က သီးခြားလွတ်လပ်ရေး ယူရင် ယူလို့ရတယ်။ ယူပိုင်ခွင့်ရှိတယ်။ အန္တလန်တိတ် စာ ချုပ်အရ ရှိ တယ်။ ဒါပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များက အမြော်အမြင် ကြီး မားစွာနဲ့ တိုင်ပင်ဆွေးနွေး အပေးအယူလုပ်ပြီးမှ တပြိုင်တည်းယူတာ။ လွတ်လပ်ရေးယူတာ။ လောနဲ့ ကန်ပူး ချားနဲ့ ဗီယက်နမ် လို့ပေါ့ သူတို့က ၃ ခါယူတော့ ၃ နိုင်ငံဖြစ်တယ်။ အဲ့တုန်းကလည်း ကျနော်တို့ ပင်လုံစာချုပ် အတူတူမချုပ်ဘူး ဆို ရင် အဲ့မှာ ကျနော်တို့က ၃-၄-၅ နိုင်ငံ ဖြစ်တယ်။ အဲ့ဒါကြောင့် တပြိုင်တည်း လွတ်လပ် ရေးယူဖို့ဆိုပြီး သူ့ရဲ့ အနှစ် သာရတစ်ခုဖြစ်တယ်ဆိုတာ ကျနော်တို့ နားလည်ရမယ်။ လူငယ်လူရွယ်တွေ၊ နောက် တချက်က အဲ့ဒါပြီးရင် ဖွဲ့ စည်းပုံပြီးရင် လွတ်လပ်ရေးရပြီးရင် အမျိုးသားတန်းတူတဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်။ အဲ့ဒါ သိပ်အရေးကြီးတယ်။ အဲ့ဒါတွေက ကျကျနန မသိဘူး။
မေး – ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့ကြတယ်ပေါ့နော်။ အဲ့ဒီနောက်မှာ ဗိုလ်ချုပ်နဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေက လွတ်လပ်ရေးယူဖို့အတွက် ဘာတွေ ဆက်လုပ်ကြလဲ။
ဖြေ – အဲ့ဒီမှာကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်က ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ချုပ်ပြီးတော့ မတ်လ ၁၈ ရက်နေ့မှာပဲ တခါတည်းနဲ့ အင်္ဂလိပ်အစိုးရပါတယ်။ ဖဆပလ ကြားဖြတ်အစိုးရပါတယ်။ အဲ့ဒီမှာ ရှမ်းခေါင်းဆောင်ပါတယ်၊ ကချင်ခေါင်းဆောင်ပါတယ်။ ချင်း ခေါင်းဆောင်ပါတယ်၊ ကရင်ခေါင်းဆောင်ပါတယ်။ ပါပြီးတော့ ကျနော်တို့ ပြည်ထောင်စုဖွဲ့ရင် ဘယ်တိုင်းရင်း သား ဘယ်နယ်မြေ နဲ့ ဖွဲ့မလဲဆိုတော့ အဲ့မှာက မေမြို့ အထူးစုံစမ်းရေးကော်မရှင်ဆိုတာက ကော်မရှင် တရပ်ဖွဲ့ ပြီးတော့ မဆလ ၁၈ ရက်ကနေပြီးတော့ အဲ့ဒီ ဧပြီလ ၂၁ ရက်အထိလုပ်တာ။ အားလုံးခေါ်ပြီးတော့ ရှမ်းတို့ ကချင်တို့ ချင်းတို့ ခေါ် ပြီးတော့ ကျနော်တို့ ပြည်ထောင်စု အဲ့ဒီဟာ တခါတည်း လွတ်လပ်ရေးယူမယ်၊ ပြည် ထောင်စု တည်ဆောက်မယ်။ ခွဲထွက်ချင်တဲ့အချိန် ခွဲထွက်ရမယ် ဆိုတာ သဘောထားမှတ်တမ်းရှိတယ်။ အဲ့ဒါ ရှင်းပြရင် အရှည်ကြီးပဲ။ အဲဒါ တစ်ချက်။ နောက်တစ်ချက်က ဧပြီလ ၂၁ ရက်နေ့ ပြီးပြီးလည်း ပြီးရော ဗိုလ် ချုပ်အောင်ဆန်း မနားဘူး။ အဲဒါ မေလ ၁၆ ကနေပြီးတော့ ၂၃ ၊ ၂၄ မှာ ပြီးသွားတယ်။ ဖဆပလ ပဏာမ ပြင် ဆင်ရေး ညီလာခံ အနာဂတ် ဖွဲ့စည်းပုံအတွက် ရေးဆွဲဖို့အတွက်က ဘယ်လိုမူချမလဲ ဆိုတာက အဲဒီ ဖဆပလ ပဏာမ ညီလာခံကို ခေါ်လိုက်တယ်။ ပဏာမ ဘာဖြစ်လို့ ပြောသလဲဆိုရင် ဖွဲ့စည်းပုံ ရေးဆွဲဖို့အတွက် ပဏာမ ပေါ့။ အဲဒီအချိန် တိုင်းပြုပြည်ပြု လွှတ်တော် မပေါ်သေးဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်းက အဲဒါ အမြင့်ဆုံး အာ ဏာကို ခေါ်ပြီးတော့ တိုင်းရင်းသား အချင်း ချင်းအဲဒီမှာ ကျနော် ရှမ်းတွေပါ တက်ရောက်လေ့လာတယ်။ အဲမှာက အနာဂတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေး ဆွဲဖို့ ဆိုတာက အဲဒီမှာက အခြေခံမူဆိုပြီးတော့ အခန်း ၁၄ ခန်း သတ်မှတ်ထားတယ်။ ဦးလေး ရေးထားတဲ့ စာ အုပ်မှာ အဲမှာ အဲဒီ အခန်း ၁၄ ခန်းကို အဲမှာ ဦးလေး ဖော်ပြ ပါရှိပြီးသား ဖြစ်တယ်။
မေး – ဒီမှာ ဆက်သိချင်တာက အနာဂတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲဖို့အတွက် ဘာတွေဆက်လုပ်လဲပေါ့နော်။ အဲ့ဒီထဲမှာရော ဘာတွေပါလဲ။
ဖြေ – ဦးလေး အခန်း ၁ ပဲ ပြောမယ်။ အခန်း ၁ က အရေးကြီးဆုံး ဦးလေး အခန်း ၁ မှာ ဘာပြောထားသလဲ ဆိုတာက အခန်း ၁ မှာဆိုရင်တော့ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်ရမယ်။ ပြည်ထောင်စု သမ္မတ နိုင်ငံဖြစ်ရမယ်။ ဆိုတော့ နာမည်ပေးထားတာပေါ့ဗျာ။ နံပါတ် ၂ ကတော့ ပြည်ထောင်စုကို ဘယ်နယ်မြေနဲ့ ဖွဲ့ မလဲဆိုတာ လက်ရှိရှိတဲ့ နယ်မြေက အခုနပြောသလို ဗမာပြည်မနယ်မြေရှိတယ်။ ရှမ်းနယ်မြေရှိတယ် ကချင် နယ်မြေရှိတယ်။ ချင်းနယ်မြေရှိတယ် ၄ ခု နောက် ကရင်နီနယ်မြေတစ်ခုရှိတယ်။ ကရင်နီက ပါဝင်လိုရင်တော့ မေးမှာပေါ့။ ဒါက ကရင်နီ အဲမှာ ကျနော်တို့ ပြည်ထောင်စုလည်း ကျနော်တို့ ဒီနယ် ၅ နယ်နဲ့ ကျနော်တို့ ဖွဲ့မယ် ဆိုပါတယ်။ အဲ့ဒါ ပုဒ်မ ၂ မှာ ပုဒ်မ ၃ မှာ ဘာရေးထားသလဲဆို ပြည်နယ်သစ်များ ကဏ္ဍဆိုပြီးတော့ အချက် ၇ ချက်ပေးထားတယ်။ ပထဝီအနေအထားရှိတယ်။ နောက်ပြီးတော့ ဗမာစကား မတူသော လူမျိုးရှိတယ်။ သမိုင်း အစဉ်အလာ ရှိတယ်။ ရာဇဝင်အဲမှာ ယဉ်ကျေးမှုတွေရှိတယ်။ နောက်ပြီး စီးပွားရေး အသီးသီးရှိတယ်။ နောက် ပြီးတော့ မိမိ သမိုင်းအစဉ်အလာရှိတယ်။ မိမိဟာ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်အဖြစ် နေထိုင်လိုရင် ပေးရ မယ်ဆိုတာ အတည်အလင်းဖော်ပြထားတယ်။ အဲဒါ လူတွေက မသိဘူး အဲဒါတွေဟာ အဲဒီ ပြည်နယ် အသစ်များ ကဏ္ဍဆိုတော့ နယ်မြေတို့ ပြည်သူတို့ အသီးသီးရှိရမယ်။ ဗမာစကား မတူတဲ့ ဖြစ်ရမယ်။ အဲဒီလို ပြောတာဟာ အဲဒီ ဗမာစကား မတူတဲ့ လူမျိုး ဖြစ်ရမယ်ဆိုတာက ခင်ဗျာ။ ရှမ်း ကချင်တို့ ချင်းတို့ ကရင်နီတို့ ဗမာစကား တူ လား မတူလား မေးစရာလိုလား ဖြေစရာလိုလား မေးစရာ ဖြေစရာ မလိုဘူး။ ဆိုတော့ ဗမာ စကားနဲ့ မတူဘူး ဆိုတာ ခုနပြောတဲ့ ပင်လုံစာချုပ်ထဲမှာ ဗမာပြည်မထဲမှာ အတူတူနေတဲ့ မွန်နဲ့ ကရင်နဲ့ ရခိုင်ကို ပြည်နယ်ပေးရ မယ်ဆိုပြီး အဲဒီမှာပါတယ်။ ဖဆပလ ပဏာမ ပြင်ဆင်ရေး ညီလာခံရဲ့ အဲဒီမှာ အခန်း ၁၄ ခန်း အနက် အခန်း ၁ ပုဒ်မ ၃ မှာပါမယ်။ အဲဒါတွေလည်း ကရင်တို့ ကိုယ်တိုင် မွန်တို့ကိုယ်တိုင် ရခိုင်တို့ ကိုယ်တိုင် မသိဘူး။ ဦးလေးရဲ့ ရေးထားတဲ့ စာရှိတယ်။
မေး – ဒီအနာဂတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲဖို့ ပြင်ဆင်ကြတဲ့အချိန် တိုင်းရင်းသားတွေလိုချင်တဲ့ အမျိုး သား တန်းတူရေးအတွက်ရော ဘယ်လိုအချက်တွေပါလဲ။
ဖြေ – အဲဒါပြီးတော့ အဲဒီဟာတော့ အမျိုးသားတန်းတူပေါ့။ အဲဒါကြောင့်ဒီထဲမှာ ပြန်ကြည့်လိုက်ရင် ခုနနယ် ၅ နယ်ဆိုတာက ရှမ်းရယ်၊ ကချင်ရယ်၊ ချင်းရယ်၊ ကရင်နီရယ်။ နောက်ပြီးတော့ မွန်ရယ်၊ ရခိုင်ရယ်၊ နောက် ကရင်ရယ်၊ နောက်ပြီးတော့ ဗမာရယ်။ ဘာဖြစ်လဲ ပင်လုံ စိတ်ဓာတ်အရဆိုရင် ဗမာလည်း ပြည်နယ် တစ်နယ်ပဲ ပေါ့။ ရှမ်းပြည် ၈ မူဆိုတာ အဲဒါကိုခေါ်တာ အဲဒါသိဖို့လိုတယ်။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီမှာ အနာဂတ် ဖက်ဒရယ် အတွက်က လုပ်ထားပြီး နောက်ဆုံးတစ်ခုက ဗိုလ်ချုပ်အောင်ဆန်းက ဘာလုပ်သလဲဆိုရင် အဲမှာ ရွေးကောက်ပွဲ ဖြစ်ပြီး ရွေးကောက်ပွဲဖြစ်ပြီးတော့ ရွေးကောက်ပွဲပြီးပြီ။ မေလ ၁၄ ရက် ဖဆပလပြီးတော့ တစ်ခါနဲ့ ရွေးကောက် ပွဲတွေ လုပ်ပြီးတော့ အမှတ်တွေ အသီးသီးတက်တယ်။ အဲ့မှာ ၁၉၄၇ ဇွန်လ ၁၆ ရက် ဗိုလ်ချုပ် အောင်ဆန်းက မရပ်မနား အဲဒီမှာ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ပြီးတော့ အဲဒီမှာ တစ်ခါတည်းနဲ့ အနာဂတ် ဖွဲ့စည်းပုံ ရေးဆွဲဖို့ အတွက် အခြေခံမူ ၄ ချက် တစ် လွတ်လပ်သော နိုင်ငံဖြစ်ရမယ်။ နှစ် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ သော နိုင်ငံဖြစ်ရမယ်။ သုံး ဒီမိုကရေစီ သမ္မတနိုင်ငံဖြစ်ရမယ်။ လေး ပြည်ထောင်စု ဖြစ်ရမယ်ဆိုတဲ့ ၄ ချက်က အဲဒီ ၄ ချက်နဲ့ ပြည့်စုံ တယ်။ လွတ်လပ်သောနိုင်ငံ၊ ကိုယ်ပိုင်ပြဌာန်းထားသောနိုင်ငံ ပြောတာ ဘာမှမဟုတ်ဘူး။ အဲဒီ ဒိုမေးနီးယား အစောင့်အရှောက် နိုင်ငံ အဲဒီ ကနေဒါတို့ ဩစတြေးလျမဟုတ်ဘူး။ ကိုယ်ကိုယ်လွတ်လပ်တဲ့ နိုင်ငံ ဖြစ်ရမယ်။ ကျနော် အခုအထိ ဩစတြေးလျတို့ ကနေဒါတို့ ကြည့်ရင် ဘုရင်မကြီးရဲ့ အလံတွေနဲ့ သီချင်းတွေနဲ့ နောက် ငွေဆိုရင်လည်း ဘုရင်မကိုထားရတာ အဲလိုမျိုး မလိုချင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက။
မေး – အခုပြောသွားတဲ့အထဲမှာ အချက် နံပါတ် ၃ က ဒီမိုကရေစီ သမ္မတနိုင်ငံဖြစ်ရမယ် ဆိုတာပါတယ်။ ဒါကို ပိုပြီး နားလည်လွယ်အောင် ရှင်းပြပေးစေချင်ပါတယ်။
ဖြေ – တတိယ တစ်ချက်က ဘာပြောသလဲ ဒီမိုကရေစီ သမ္မတနိုင်ငံဖြစ်ရမယ်။ တိုတိုလေးပဲ ဒါပေမယ့် ပြည့်စုံ တယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတစ်ဦးချင်းရဲ့ ဒီမိုကရေစီ ပြည်သူ့ လူဦးရေအပေါ်မှာရေးတဲ့ ပြည်သူ့လွတ် တော် တစ်ရပ်၊ ဒါရှိရတယ်။ နောက်တစ်ခုက အမျိုးသား လွှတ်တော်တစ်ရပ်က သက်သက်ရှိရမယ်။ အမျိုးသား လွှတ်တော်က သမ္မတ ရွေးမယ် အဲဒါစနစ်၊ ဒါကြောင့် ဒီမိုကရေစီ သမ္မတ စနစ်ဖြစ်ရမယ်လို့ အဲဒီမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အဲဒီ လွှတ်တော် ၂ ရပ်ကို အာဏာတူပေးလိုက် ဒါဆိုရင် ဥပဒေမှာ လွှမ်းမိုး မှုက ဗမာပြည်မက လူဦးရေများလို့ လွှမ်းမိုးလို့ မရဘူး။ ပြည်သူ့လွှတ်တော်မှာ ၅၀၀ ရရင် ဗမာက ၃၀၀ ရရင် ရမယ် လူဦးရေ သန်း ၃၀ ရှိရင် တိုင်းရင်းသား ၂၀၀ ပဲ ရမယ်။ အဲဒါ ဗမာများပြီးသား ဝန်ကြီးချုပ်တို့ ဝန်ကြီး ရွေးရင်လည်း ဗမာပဲများမှာပဲ နှစ်စဉ် အုပ်ချုပ်ရေးက ဒါမို့လို့ ပြည်သူလွှတ်တော်မှာ ဆယ်ပြည်နယ်မှာဆိုရင် တပြည်နယ် ဆယ်ယောက်ဆိုရင် တစ်ရာပေါ့ တစ်ရာဆိုရင် တိုင်းရင်းသားလည်း ငါးခြောက်ဆယ် ခုနှစ်ဆယ် ရှစ် ဆယ် ခုနှစ်ဆယ် ဖြစ်သွားပြီ အဲဒီ ဥပဒေပြု အာဏာမှာဆိုရင် ပြည်သူ့လွှတ်တော်ပြုရင် အမျိုးသားလွှတ်တော်ပို့ အမျိုးသား လွှတ်တော်မကြိုက်ရင် ပယ်ချ ဥပဒေ မဖြစ်ဘူး။
ထိုနည်းတူပဲ အမျိုးသား လွှတ်တော်က ဥပဒေပြုရင် အဲမှာ ပြည်သူလွှတ်တော်ပို့ ပြည်သူ့လွှတ်တော်မကြိုက်ရင် ပယ်ချမယ်။ မဖြစ်ဘူး။ နှစ်ဖက်လုံးကြိုက်မှ ဥပဒေဖြစ်သည်ဆိုတဲ့ ထပ်တူ ဥပဒေပြုအာဏာ အဲဒါ သိပ်အရေးကြီးတယ်။ တိုင်းရင်းသား တန်းတူရေး တန်း တူရေးလူတွေ နားမလည် ထို့အတူ ပြည်သူ့လွှတ်တော်တို့ ဝန်ကြီးချုပ်တို့ဟာ ဘယ်လိုမှ တန်းတူမရဘူး ဗမာ များတဲ့ အဲဒီ အုပ်စုကို ပြည်သူတစ်ဦးချင်းရဲ့ ပြည်သူကို အုပ်ချုပ်တဲ့ဟာတော့ ဒါတွေဟာ ဗမာက လွှမ်းမိုးပြီး သား များပြီးသားပဲ နေ့စဉ်အုပ်ချုပ်ရေး ဝန်ကြီးချုပ်စနစ်မှာ ဒါမို့လို့ တိုင်းရင်းသား တန်းတူရေး ခုန အဲဒီက အမျိုးသား လွှတ်တော်မှာ ဆိုရင် ပြည်သူ့လွှတ်တော် လုပ်တဲ့ဥပဒေကို မကြိုက်ရင် ပယ်ချပိုင်ခွင့် အဲဒါ တစ်ခုပဲ တန်းတူရေး ဒါပဲ အဲဒါကြောင့် ကျနော်တို့က နေဝင်းက လုပ်တဲ့ တိုင်း ၇ ခု ပြည်နယ် ၇ ခုကို သွားစွဲနေ ဖက်ဒ ရယ်ဆိုရင် တိုင်းပြည် ပြိုကွဲပဲဆို နေဝင်းပြောတာ နှစ် ၆၀ လောက်စွဲလာတာ အခု နေဝင်းက အဲဒါ ပြည်နယ် ၇ ခု တိုင်း ၇ ခု ပြောတဲ့ဟာလည်း လျှောက်စွဲလာတယ်။ တန်းတူရေးဆိုတာ အဲဒီမှာ အမျိုးသားလွှတ်တော်မှာပဲ ရှိ တယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက အပြီးအစီး လုပ်ထားပြီးသားပဲ၊ အဲ ဗိုလ်ချုပ်အောင်ဆန်းစလုပ်တဲ့ အတိုင်းပဲဆိုရင်တော့ အဲဒီဖွဲ့စည်းပုံအတိုင်းသာ ဆွဲလိုက်ရင် ဗမာပြည်မှာဆိုရင် အခုအချိန်ခါ နှစ်ပေါင်း ၇၀ မှာ တကယ်ကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျနော်တို့ နိုင်ငံဖြစ်ပြီ။
NMG – ပေးပို့သည်။