ကချင်လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှုတွဲ ချေဖျက်ရန် လျှောက်တင်

By Staff 4 July, 2018 👁

တပ်မတော် အသေရေ ဖျက်မှုဖြင့် အရေးယူခြင်းခံထားရသော ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ (၃)ဦး အမှုကို ချေဖျက်ပေးရန် ကချင်ပြည်နယ်တရား လွှတ်တော် သို့ ယနေ့ လျှောက်တင်ခဲ့ကြောင်း သိရပါသည်။

“ဒါက ကျနော်တို့ အတွက် နောက်ဆုံးအနေ နဲ့ လျှောက်လဲချက် တင်တာပါ။ ပြီးရင်တော့ တရားသူကြီးက အမိန့် ချမှာပါ။ လျှောက်လဲချက် ဆိုတာက ဒီ အမှုကို ချေဖျက်ဖို့ အတွက်ပါ” ဟု စွပ်စွဲ ခံရသူ ဘက်မှ ရှေ့နေ ဦး Mung Seng Tu က ပြောပါသည်။

ထို့အပြင် တရားလို တပ်မတော်သားဘက်မှ တရား ရှေ့နေ မှလည်း ဤအမှု ကို ဆက်လက် စစ်ဆေးသင့်ကြောင်း ထပ်မံ ပြောကြား ခဲ့ကြောင်းသိရပါသည်။

မြို့နယ် တရားရုံးမှလည်း ထိုအမှုကို ဇူလိုင် (၁၆)ရက်နေ့ ထပ်မံ ရုံးချိန်းထားသည်ဟု သိရပါသည်။