10 July 2025 /

See today's Peace Related News

Homeသတင်းပြည်သူလူထုနှင့် ပိုမိုထိတွေ့ရန် ပြည်နယ်အစိုးရအား ကရင်အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

ပြည်သူလူထုနှင့် ပိုမိုထိတွေ့ရန် ပြည်နယ်အစိုးရအား ကရင်အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

အစိုးရနှင့် ပြည်သူလူထုတို့ ယခုထက် ပိုမိုထိတွေ့ဆက်ဆံပြီး အပြန်အလှန် ပူးပေါင်းပါဝင်ကြရန် လိုအပ် ကြောင်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(Karen State Civil Society Organizations Network-KSCN)က ယနေ့(မတ်လ ၂၅ ရက်) အကြံပြု ပြောဆိုလိုက်သည်။

ဖားအံမြို့၊ ကန်သာယာအနီးရှိ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်သည့် ပြည်သူ့ ဆက်ဆံရေးနှင့် ပြည်သူပူးပေါင်း ပါဝင်မှု၊ ကရင်ပြည်နယ်ရှိ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရပ်ရွာလူထုများကို အားပေး မြှင့်တင်ခြင်း စာတမ်းမိတ် ဆက်ပွဲနှင့် ပြည်သူ့ဖိုရမ်တွင် ယခုလို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

KSCN အဖွဲ့ဝင် ဖားအံပညာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးသန်းအောင်က “ဥပမာ- အစိုးရက ဘာစီမံကိန်း၊ လုပ်ငန်းကို လုပ်ထားတယ်၊ လုပ်မယ်ဆိုတာ ပြည်သူကိုချပြဖို့ သတင်းစာမီဒီယာတွေက ယေဘုယျဆန်တယ်။ အစိုးရအနေနဲ့ ရွာအလိုက်၊ မြို့နယ်အလိုက် ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်မယ့် စကားဝိုင်း၊ တွေ့ ဆုံပွဲ၊ သတင်းစာရှင်းလင်းပွဲတွေကို ပုံမှန်လေး ပြုလုပ်သွားနိုင်ရင်တော့ ပိုကောင်းမယ်”ဟု ကေအိုင်စီသို့ ပြော သည်။

ပညာရေးကဏ္ဍအနေဖြင့် အစိုးရပညာရေးဌာန၊ ပညာရေးဆိုင်ရာအရပ်ဖက်လူမှုအဖွဲ့နှင့် မိဘပြည်သူများက ပ ညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးရန် လိုအပ်သလို အခြား တစ် ဖက်တွင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအချင်းချင်း တွေ့ဆုံဆွေးနွေးသွားခြင်းဖြင့် ပြည်သူ ပူးပေါင်းပါဝင်မှုအား ပိုကောင်းလာမည်ဟု မြင်မိကြောင်း ဦးသန်းအောင်က ဆက်ပြောသည်။
image.png

ထို့အပြင် ယနေ့အခမ်းအနား၏ ဝိုင်းဖွဲ့ဆွေးနွေးခြင်းအစီအစဉ်တွင်လည်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ (KSCN) ကိုယ်စား ဆရာကျော်စွာမှ အစိုးရနှင့် ပြည်သူလူထုတို့ အပြန်အလှန် ထိတွေ့ဆက်ဆံ ပူးပေါင်းပါဝင်မှု အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်းလည်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်သူ့ ဆက်ဆံရေးနှင့် ပြည်သူပူးပေါင်းပါဝင်မှု စာတမ်းမိတ်ဆက်ပွဲနှင့် ပြည်သူ့ဖိုရမ်ကို Another Develo pment (AD) မှ ကမကထပြုလုပ်ပြီး အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ကရင်ပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ KSCN မှ တာဝန်ရှိသူများ စုစုပေါင်း ၈၀ ဦးကျော် တက်ရောက်ခဲ့သည်။

ကရင်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး စောစံလှမြင့်က “ဒေသန္တရဖွံ့ဖြိုး တိုး တက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းနဲ့ ပြည်သူတွေ တသွေးတည်းတသားတည်းဖြစ်ဖို့လိုတယ်။ ပြည်သူတွေ က ဌာနဆိုင်ရာကို ယုံကြည်လေးစားဖို့လိုတယ်။ ဒီလိုလေးစားမှပဲ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ပြည်သူတွေက ပူးပေါင်း ပါဝင်လာမှာဖြစ်တယ်။ ဒီလိုမျိုး workshop တွေလည်း များများလုပ်ပေးသင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ပြုလုပ်သည့် အခမ်းအနားအစီအစဉ်တွင် ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်မှ အဖွင့်အမှာ စကား ပြောကြားခြင်း၊ AD မှ စီမံကိန်း အကြောင်းရှင်းလင်းမိတ်ဆက်ခြင်း၊ သုတေသနစာတမ်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ အမေးအဖြေ ကဏ္ဍနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။