IEC က ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား ၁၁၇ ဦးကို လွတ်ငြိမ်းခွင့်ပေး

0
27

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကရင်နီ အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် အကျဥ်းသား ၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်ဟု IEC တရားရေးဌာန၊ ဌာနမှူးကြီး ခူတော်ရယ်အက်စ်က ပြောဆိုသည်။

“နေ့ထူးနေ့မြတ်ဆိုပြီးတော့ ဆောင်ရွက်တာလည်းပါတယ်။ နောက်ပြီးတော့ လူသားချင်းစာနာနဲ့ ရည်ရွယ်ချက် တွေလည်း ပါတယ်ပေါ့နော။ နဂိုကတည်းက အကျဥ်းကျခံရတဲ့ အကျဥ်းသားတွေမှာ အကျဥ်းထောင်ထဲ သူတို့ အကျင့်စာရိတ္တတွေကို သူတို့ဘာသာ သူတို့ပြုပြင်တယ်။ နောက်ပြီးတော့ သူလွတ်မြောက်တဲ့အခါမှာ သူ့ဟာသူ ပြုပြင်မယ်။ နောက်ပြီးတော့ သူ အကျဥ်းကျနေချိန်အတွင်းမှာ လိမ္မာတယ်ဆိုရင် အဲဒီဟာက သူတို့အတွက် ဂုဏ်ချီးမြှင့်တဲ့ဟာလည်း ပါတယ်ပေါ့နော” ဟု IEC ၏ တရားရေးဌာန၊ ဌာနမှူးကြီး ခူတော်ရယ်အက်စ်က ပြောသည်။

ယခုလို IEC က အကျဥ်းသားများကို လွတ်ငြိမ်းခွင့်ပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံထားရသည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခာချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သေးသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရကြသူများအနေနှင့် Òနောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့်အတူ လွတ်ငြိမ်းခွင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ် ကြားကာလအစီအမံ ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲငယ် (၂) နှင့် ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေး ဥပဒေပုဒ်မ – ၃၂ တို့အရ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား (၁၂) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် (၁၀၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အကျဉ်းထောင်တွေမှာ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၂၀၀ ကျော် ကျန်ရှိသေးသည်ဟုလည်း သိရပါသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here