သိန္နီမြို့ရှိ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး

0
43
ပုံစာ - သိန္နီမြို့ရှိ လောင်ကစားဝိုင်းများ။

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာနေကြောင်း  ဒေသခံများ ပြောပြချက်အရ သိရသည်။

သိန္နီမြို့လယ်ဘုရားအနီးတွင် လောင်းကစကားဝိုင်းများ စတင်ဖွင့်လှစ်လာပြီး ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း  မိုင်းပါးကျေးရွာ စာသင်ကျောင်းနှင့် ဈေးအနီး၌ အလောင်းကစားဝိုင်းများကို ဖွင့်လှစ်ခဲ့သည့်အတွက်  ပြည်သူများ နှင့် ကျောင်းသားမိဘများက စိုးရိမ်နေရကြောင်း သတင်းအရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“မြို့လယ် မွှေတော်နားမှာက သူတို့ထိန်းချုပ်ပြီးကတည်းက အ‌လောင်ကစားဝိုင်းတွေ ဖွင့်လာတာ။ မိုင်းပါးကျေးရွာ ကလူတွေ လာဆော့တာ များတယ်သိတော့ အဲ့မှာထပ်သွားဖွင့်တာ ရွာကဈေးနဲ့ စာသင်ကျောင်းနဲ့ နီးတာပေါ့။ ဆော့တဲ့ လူတွေများတော့ ကျောင်းသားမိဘတွေက ကလေးတွေပါ သွားဆော့မှာကို စိုးရိမ်နေရတာ” ဟု ၎င်းက ပြောသည်။

သိန္နီမြို့နယ် မိုင်းပါးကျေးရွာတွင် ဖွင့်လစ်သော လောင်းကစားဝိုင်းတွင်လည်း ဒေသခံများအပြင် လယ်သမားများပါ ဝင်ဆော့ကစားနေပြီး လယ်ကွက်များကိုပါရောင်း၍ လောင်းကြေးတင်ဆော့နေကြောင်း သိန္နီမြို့မှ အမည်မဖော်လိုသည့် သတင်းအရင်မြစ်တစ်ဦးက ပြောပါသည်။

“မိုင်းပါးမှာ လယ်သမားတွေပါ လာဆော့တော့ အရမ်းစည်တယ်။ မနေ့ရှေ့တနေ့မှ လာဖွင့်တာ‌တောင် လယ်ကွက် တွေပေါင်ပြီး ဆော့တာရှိတယ်။ တချို့က လယ်ကွက်တွေပါရောင်း‌ပြီး လောင်းတာတွေလည်းရှိတယ်။ အကျင့်တွေ ပျက်ပြီး ဆုံးရှုံးမှုတွေပဲဖြစ်မှာကို စိုးရိမ်နေရတယ်။ လောင်ကစားကတော့ အစုံပါပဲ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကာလရှည်ကြာ လောင်းကစားဝိုင်း ဖွင့်လှစ်နေသည့်အတွက် သိန္နီမြို့နယ်အတွင်း ခိုးယူလုယက်မှုများ၊ လုံခြုံမှုများအတွက်  စိုးရိမ်နေရကြောင်း သိန္နီမြို့ ဒေသခံများက ပြောဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများ မြို့တွင်းတွင် ပြုလုပ်နေသည့်အပေါ် ဒေသခံပြည်သူများ၏ သဘောထား တောင်းခံခြင်းနှင့် ကြိုတင်အသိပေးခြင်းများ မရှိသည့်အပြင် လက်နက်ကိုင်ထားသည့် MNDAA ထံ အခွန်ဆောင်ကာ ဖွင့်လှစ်နေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here