မကွေးတွင် တပ်စခန်းများသို့ရိက္ခာတင်ပို့ရန် ကုန်တင်ကားများကို စစ်ကောင်စီချောဆွဲနေ

0
33

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာတင်ပို့ရန်အတွက် မကွေးတိုင်းအတွင်းက ကုန်တင်ကားများကို စစ်ကောင်စီက ချောဆွဲနေသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီက မကွေး၊ ချောက်၊ စလင်းနှင့် ဆင်ဖြူကျွန်းရှိ ကုန်တင်ကားပိုင်ရှင်များကို အသက်အာမခံပါ ထည့်သွင်းပြီး ငှားရမ်းနေသည့်အပြင် ကားငှားရမ်းချိန်၌ ကားပျက်စီးပါက လျော်ကြေးမယ့်အပြင် ဒရိုင်ဘာပါလာပါက အသက်အာမခံတယ်လို့ ပြောနေပေမယ့် လိုက်မယ့်သူမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရခိုင်ပြည်နယ် အမ်းဘက်ကို ရိက္ခာပို့ဖို့အတွက် ငှားရမ်းနေတာ။ ကားပျက်စီးရင် လျော်ကြေးပေးမယ်။ ဒရိုင်ဘာ ပါလာရင် အသက်အာမခံတယ်ဆိုပြီး ငှားရမ်းနေပေမယ့် လိုက်မယ့်သူမရှိလို့ ချောဆွဲတော့မယ်လို့ အသံကြားတယ်” လို့ စလင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် အတွင်းကလည်း ချင်းပြည်နယ်ကို ရိက္ခာပို့ရန် ကုန်တင်များတွေကို ချောဆွဲခဲ့ဖူးကြောင်းနှင့် ယင်းအချိန်တုန်းကလည်း လိုက်မယ့်သူမရှိဟု ၎င်းက ဆက်ပြောဆိုသည်။

ယင်းကဲ့သို့ ကားငှားလို့ မရသည့်အတွက် ကားပိုင်ရှင်များကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် စစ်ကောင်စီက ကားအစီး ၇၀ ကျော်နှင့် ပခုက္ကူတပ်မ ၁၀၁ ကနေ ချင်းပြည်နယ်ဘက်ကို ရိက္ခာပို့ရန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

၂၀၂၄ ခုနှစ်အတွင်း၌လည်း စစ်ကောင်စီ၏ ကားအစီး ၁၂၀ ကျော်ပါ ရိက္ခာယာဉ်တန်းသည် ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်မှာရှိ ပျူစောထီးရွာများကို ရိက္ခာပို့ဆောင်ခဲ့ချိန် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ၌ ကား ၁၀ စီးကျော် ပျက်စီးခဲ့ပါသေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here