တန်ပြန်ထိုးစစ် အရှိန်မြှင့်မည်ဖြစ်သည့်အတွက် ရေး – ထားဝယ် – သရက်ချောင်းလမ်းပိုင်း သွားလာချိန်ကန့်သတ်

0
94
Photo - ဒေါနစစ်ကြောင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ် အရှိန်မြှင့်မည်ဖြစ်သည့်အတွက် အမှတ် (၈) ပြည်ထောင်စုလမ်းမ ရေးတောင်ပိုင်းကနေ ထားဝယ်၊ သရက်ချောင်းလမ်းပိုင်းကို သတ်မှတ်အချိန်အတွင်းသာ သွားလာခွင့်ပြုမည်ဟု ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဒေါနစစ်ကြောင်းက ထိုသို့အသိပေးချက်ကို မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီ အတွင်းသာ သွားလာခွင့်ပေးတော့မည် ဖြစ်သည်ဟု ဆိုပါသည်။

သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားရာတွင်လည်း မော်တော်ယာဉ်များ မှန်ချမောင်းနှင်ကြရန်နှင့် တာဝန်အရစစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံကြရန်လည်း အသိပေးထားပါသည်။

စစ်ကောင်စီတပ်က အရပ်သုံးကားများကို အသုံးပြုပြီး သွားလာခြင်း၊ အရပ်သားအသွင်နှင့် စစ်အင်အား ဖြည့်တင်းမှုများကို ပြုလုပ်နေသည့်အတွက် အမှတ် ၃ စစ်ဒေသခွဲအနေနှင့် တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်။

အသိပေးထုတ်ပြန်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများက လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း အသိပေးထားပါသည်။

ဒေါစစ်ကြောင်းသည် မွန်မဟာမိတ်တော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး အမှတ် (၈) ပြည်ထောင်စု လမ်းမပေါ်တွင် နယ်မြေစိုးမိုးမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here