ဂန်ဂေါဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းရွာပျူစောထီးများက ထပ်မံသတ်ဖြတ်

0
210
Photo – Social Media

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းကျေးရွာအခြေစိုက် ပျူစောထီးတွေက ထပ်မံ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မြောက်ခင်ရန်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းက သင်တော၊ ရွှေဘိုနဲ့ ရေသာကျေးရွာက ပြည်သူတွေကို သတ်ဖြတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်သူတွေ သတ်ဖြတ်ခံလိုက်ရတယ် ဆိုတာကိုတော့ အတည်ပြုဖို့ ခက်တုန်းပဲ။ အလောင်းတွေ အကုန်လုံးကိုတော့ ပြန်ရထားပြီးပြီး အဲဒီရွာတွေကို မီးရှို့တာတွေလည်း ရှိခဲ့တယ်Ó လို့ အဆိုပါဒေသခံက ပြောပါသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုမှုအရ သိရသည်။

ထိုသို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် သင်တောရွာဒေသခံ ၇ ဦး၊ ရေသာရွာဒေသခံ ၁ ဦးနဲ့ ရွှေဘိုရွာ ဒေသခံ ၂ ဦး ကို စစ်ကောင်စီနှင့် ပျူစောထီးတို့က သတ်ဖြတ်သွားပြီး သင်တောရွာနဲ့ ရွှေဘိုရွာတို့ကိုလည်း မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောသည်။

ဒေသခံတွေကို သတ်ဖြတ်သွားတဲ့ ပျူစောထီးတွေက တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ မြောက်ခင်ရန်းကျေးရွာကဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီက G-3 အလက် ၂၀၀ ကျော်၊ RPG နဲ့ လက်နက်ကြီးတွေကို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၁၂ ရက်နေ့ တွေမှာ ထောက်ပံ့ ပေးခဲ့တယ်လို့ ဒေသခံတို့ ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here