“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်တွင်းစစ်ဖြစ်နေတာ ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့်မို့လို့ တတ်နိုင်တဲ့ ဘက်ကနေ ဒီရုပ်ရှင်၊ Camera ကဏ္ဏကနေပြီး ကျွန်တော်က Presentation ပေးခြင်း ဖြစ်ပါတယ်။ …….မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကိုတင်ပြခြင်း ဖြစ်တယ်” Salai Tial Bawi Ling

0
310
ပုံစာ - “RamRian (My Duty)” ရုပ်ရှင်မှတ်တမ်းတိုပြသပွဲ။

ထန်တလန်မြို့နောက်ခံ စစ်ရဲ့အနိဌာရုံမြင်ကွင်းတွေကို မြင်တွေ့ရမယ် “RamRian (My Duty)” ရုပ်ရှင်မှတ်တမ်းတို ရိုက်ကူးသူ Salai Tial Bawi Ling နဲ့ ဆက်သွယ်မေးမြန်းချက်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံးအန်တုခဲ့တဲ့ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ “RamRian (My Duty)” ဇာတ်လမ်းတို ရုပ်ရှင်မှတ်တမ်းကို နို၀င်ဘာလ ၂၆ ရက်နေ့က ကိုးရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ပြသလိုက်ပြီဖြစ်ပါတယ်။

ဒီရုပ်ရှင်မှတ်တမ်းကို ချင်းလူမျိုး Salai Tial Bawi Ling က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး စစ်ကောင်စီကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ကို နောက်ခံထားပြီး စစ်ရဲ့အနိဌာရုံ မြင်ကွင်းတွေကို မြင်တွေ့ရမယ်လို့ သူက ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတိုနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ Salai Tial Bawi Ling ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ဆရာအကြောင်းနဲ့ ခုရိုက်ကူးပုံဖော်ထားတဲ့ RamRian အကြောင်း မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ကျွန်တော် အမေရိကန်ကနေ Photo Journalist နဲ့ ၂၀၁၂ မှာ စတက်ပြီး ၂၀၁၅ မှာ ကျောင်းပြီးတယ်။ အဲ့ဒါပြီးပြီးချင်း CNF ဥက္ကဌ Pu Zing Cung ကနေပြီး ကျွန်တော့်ကို CNA သမိုင်းဆိုပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီတုန်းက ၂၀၁၅ စက်တင်ဘာကနေစပြီး ရိုက်ဖြစ်တယ်။ ကျွန်တော်တို့ ချင်းတော်လှန်ရေး အရင်က ပြီးခဲ့တဲ့ ၈ နှစ် ကပေါ့။ သူ့ရဲ့ Title က RO (Heritage) လို့ ခေါ်တယ်။ ဒါပေမဲ့ ဒီဟာက မီနစ် ၈၀ စာ လောက် ရှိတဲ့ဟာကို ကျွန်တော်က တစ်နာရီနဲ့ ၁၄ မိနစ်စာ လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ အကြောင်းအရပ်တွေက အဆင်သင့်မဖြစ်သေးဘူး။ စစ်တိုက်နေတုန်းမို့လို့ Information တွေ၊ ကျွန်တော်တို့ အကြောင်းများ စစ်တိုက်တဲ့ကာလမှာ မသိတာကောင်းတဲ့အတွက် ကျွန်တော် ခဏသိမ်းထားတာဖြစ်တယ်။

အခုကျွန်တော် ရိုက်ထားတဲ့ RAMRIAN ဆိုတဲ့ဟာက အမှန်ဆိုရင် ဒီကောင် ရုပ်ရှင်နှစ်ခု ရိုက်ထားတယ်၊ ဒီတစ်ခေါက်မှာ။ တော်လှန်ရေး တကယ့် BACK TO BURMA (War Action) ဆိုတဲ့ဟာကို release မလုပ်သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီထန်တလန်မြို့ကိုအခြေခံတဲ့ စစ်ကောင်စီတွေ ဘယ်လောက်ရက်စက်သလဲဆိုတဲ့ဟာ RamRian ကို အဓိကထားပြီး မှတ်တမ်းရုပ်ရှင်တို (Short Documentary) ၂၃ မိနစ်စာကို ဒီကိုးရီးယားနိုင်ငံ Bupyeong- Station ,Lotte Cinema မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြခဲ့တာ ဖြစ်တယ်။ ဒါအပြင် မလေးရှားကို ထပ်သွားမယ်။ အဲ့ဒီမလေးရှားပြီးရင် သြစတြေးလျမှာပြဖို့ ရှိတယ်။ ဂျပန်နှင့် အမေရိကတို့ ဥရောပတို့ လာမယ့်နှစ် ၂၀၂၄ မှာ ကမ္ဘာကိုပြမှာ ဖြစ်တယ်။ အဲ့တာပြီးမှပဲ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ချင်းညီအစ်ကိုတွေဖြစ်ဖြစ်၊ တိုင်းရင်းသားပဲ ဖြစ်ဖြစ် နိုင်ငံတကာကို ကြည့်နိုင်အောင် ကျွန်တော်တို့ စီစဥ်ပါတယ်။

မေး။ ။ ဘယ်လိုစိတ်ကူးရည်ရွယ်ချက်နဲ့ ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်တွင်းစစ်ဖြစ်နေတာ ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့်မို့လို့ တတ်နိုင်တဲ့ဘက်ကနေ ဒီရုပ်ရှင်၊ Camera ကဏ္ဏကနေပြီး ကျွန်တော်က Presentation ပေးခြင်း ဖြစ်ပါတယ်။ ဒီခေတ်မှာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲရှိသလို အခုပြီးခဲ့တဲ့လတွေက ဟားမက်နဲ့ အစ္စရေးမှာ စစ်ပွဲဖြစ်တယ်။ ကမ္ဘာ့မီဒီယာတွေက သူတို့အကြောင်းလောက်ကိုပဲ သိတယ်။ မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး။ အဲ့တာကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်း ဖြစ်တယ်။

မေး။ ။ ဒီရုပ်ရှင်က ဘာကိုအခြေခံပြီး ရိုက်ကူးထားတာပါလဲ။ ဒီရုပ်ရှင်ထဲမှာ ဘယ်လို အကြောင်းအရာတွေပါလဲ။

ဖြေ။ ။ ဒီရုပ်ရှင်ကို ကြည့်ချင်းအားဖြင့် ဘာကိုသိနိုင်သလဲ ဆိုလို့ရှိရင် စစ်ရဲ့အနိဌာရုံကို ပထမဦးဆုံးမှာ မြင်ရမယ်။ လူသားမဆန်တဲ့၊ မြန်မာပြည်မှာဆိုရင် တမြို့လုံးပြာကျတဲ့မြို့ဆိုရင် ထန်တလန်မြို့တမြို့ပဲ ရှိတယ်။ အဲ့လိုမျိုးကြောင့် ထန်တလန်မြို့ကို ပုံဖော်ထားတယ်။ Refugee (စစ်ဘေးရှောင်) တွေ ဘယ်မှာနေသလဲ၊ ဘယ်လိုအခက်ခဲ စားသောက်သလဲဆိုတဲ့ဟာ၊ Refugee တွေရဲ့ နေရာတွေ ပုံဖော်ထားတယ်၊ ပြီးတော့ ကျွန်တော်တို့ Victoria Base ရဲ့ စစ်သင်တန်းရဲ့ အခြေအနေနဲ့ ကျွန်တော်တို့စစ်ရဲ့ အနိဌာရုံ မြင်ကွင်းတို့၊ ဒီတော်လှန်ရေးရဲဘော်တွေ သေဆုံးသွားတဲ့ စစ်မြေပြင်မြင်ကွင်းတွေ အဲ့တာတွေ အဓိကမြင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆေးရုံတွေမှာ လူနာတွေကြည့်တဲ့ဟာတွေ၊ ဒီ Landmine Victims တွေ၊ မြေမြှပ်မိုင်းနဲ့ ခြေပျက်၊ လက်ပျက်၊ မျက်စိမမြင်နိုင်၊ နားတွေပျက်တဲ့သူတွေ၊ သူတို့ရဲ့အခြေအနေတွေကို တစိတ်တပိုင်းလေးမြင်ရမှာ ဖြစ်ပါတယ်။

မေး။ ။ ဒီရုပ်ရှင်ဖြစ်မြောက်ဖို့အတွက် အချိန်ဘယ်လောက်ပေးခဲ့ရလဲ၊ ငွေကြေးအရ ဘယ်လောက်ကုန်ခဲ့ပါလဲ။

ဖြေ။ ။ အချိန်တော့ ကျွန်တော် ဒီပြင်ဆင်ထားတဲ့ Script (ဇာတ်ညွှန်း) ရေးတာနဲ့ ရိုက်ကွင်းကအစ Location (နေရာရွေးချယ်တာ) သွားတာကအစ အချိန် ၅ လ လောက် ကြာခဲ့တယ်။ ငွေကြေးအနေနဲ့ ဒေါ်လာ ၅ သောင်း အထက်ကုန်တယ်။

မေး။ ။ ဒီရုပ်ရှင်ကို အခု ကိုးရီးယားမှာစပြပြီလို့ သိရပါတယ်။ ဒါက ပထမဆုံးအကြိမ် ပြတာပါလား။ ပရိတ်သတ်ရဲ့အားပေးမှုက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကိုးရီးယားမှာ ပထမအကြိမ် စပြခဲ့တယ်။ ဒီနိုဝင်ဘာ ၂၆ ရက်နေ့ ပြခဲ့တာ ဖြစ်တယ်။ ရုပ်ရှင်ရုံက လူ ၃၀၀ ဆန့်တဲ့ ရုပ်ရှင်ရုံမှာ တချို့အားပေးတဲ့လူတွေ အရမ်းများတော့ ထိုင်ခုံမှာမဆန့်တော့ ဘေးနာတွေမှာထိုင်တဲ့ သူတွေလည်း ရှိတယ်။ သူတို့ရဲ့ပါဝင်မှုကိုလည်း အသိမှတ်ပြုတယ်၊ အားပေးမှုကိုလည်း ကျေးဇူးတင်တယ်လို့ ဒီကနေပဲ ကျွန်တော် ပြောချင်တယ်။ ရုံကအပြည့်ပဲ ရုံကထိုင်ခုံတောင် မလောက်ငှလို့ ဒီလျှောက်လမ်းတွေမှာ လူတွေက အကုန်လုံးထိုင်တယ်။ ပြီးတော့ ကိုးရီးယားမှာရှိတဲ့ အဖွဲ့အစည်းအားကနေ၊ မြန်မာဆိုင်ရာ လှုပ်ရှားမှု အဖွဲ့စည်းကနေပြီး ကျွန်တော်တို့ကို လှူဒါန်းထားတာတွေရှိ တယ်။ နှုတ်အားဖြင့် ဖြစ်စေ၊ စိတ်အားဖြင့် ဖြစ်စေ အကုန်လုံးက ပါဝင်ခဲ့တယ်၊ supporting တော်တော်လုပ်ခဲ့တယ်။

မေး။ ။ နောက်ထပ် ဘယ်နိုင်ငံတွေကို ဆက်ပြမှာပါလဲ။

ဖြေ။ ။ ကျွန်တော် ဒီလာမယ့်အပတ်မှာဆိုရင် မလေးရှားမှာ ပြမယ်။ အဲ့တာပြီးရင် ဒီဇင်ဘာလ ၂၀ ကနေ ခရစ္စမတ်ကာလပေါ့၊ New Year နှင့် ခရစ္စမတ်ကာလတွေဆိုရင် သြစတြေးလျမှာလည်း ပြသမှာ ဖြစ်တယ်။ ဂျပန်က ၂၀ ရက်နေ့က စီစဥ်ထားပေမဲ့ ရုံက လူအယောက် ၃ ထောင်ဆန့်တဲ့ ရုံလိုချင်တယ်။ အဲ့ဒီရုံက နေရာ မလွတ်တော့ဘူး။ အဲ့တော့ ဂျပန်က သူတို့ရရင် လုပ်မယ်တဲ့။ သူအခုထိ မရသေးတော့ ဒီနှစ်တော့ မသွားရတော့ဘူး ထင်တယ်။ နောက်နှစ်မှပဲ ဂျပန်ဘက်က၊ အဲ့ဒီပြီးရင် North America နှင့် Europe ဆိုရင် လာမယ့် ဇန်နဝါရီ၊ ဖေဖော်ဝါရီတွေမှာ ပြနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ ဒီကနေရရှိလာတဲ့ ရန်ပုံငွေကို ဘယ်လိုပြန်လည်အသုံးချမှာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ ကိုးရီယားမှာလည်း အချိန်လည်း သိပ်မရဘူးဆိုတော့၊ ရုံကလည်း ရုံကြီးတွေ မရဘူးဆိုတော့ ကျွန်တော်တို့လည်း Finance ကို သေချာလေးတော့ မသိဘူး။ ခန့်မှန်းတာလေးတော့ ရှိတယ်။ အခုထိ အကုန်လုံး မစုမိသေးဘူးလေ အဖွဲ့တွေက၊ အမေရိကန်ဒေါ်လာ ၁၂၀၀၀ လောက်တော့ ရမယ်လို့ ခန့်မှန်းကြတယ်။ အဲဒီကရတဲ့ ဝင်ငွေတွေက အဓိကတော့ ပထမဦးဆုံးအနေနဲ့ Victims တွေရဲ့ ဘဝ ပညာရေးတွေ အတွက်၊ ကွန်ပျူတာသင်တန်းတွေ၊ အင်္ဂလိပ်သင်တန်းတွေ အတွက် ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး သွားလှူဒါန်းမှာ ဖြစ်တယ်။ ရသမျှ ရံပုံငွေအားလုံးကို ကျွန်တော်တို့ စစ်မှာ စစ်တိုက်နေတဲ့ အခက်အခဲအများကြီး၊ ပညာရေးရော၊ ကျန်းမာရေး ကဏ္ဏမှာပါ ကျွန်တော်တို့သုံးမှာ ဖြစ်တယ်။ တချို့တဝက်ကို ကျွန်တော်တို့ War Action ရုပ်ရှင်ပြန်ရိုက်မှာ ဖြစ်တယ်။ အဲ့ဒီရုပ်ရှင် ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ မြန်မာတလျှောက်လုံးရဲ့ တော်လှန်ရေးကို ကျွန်တော်တို့ ရုပ်ရှင်ရိုက်မှာ ဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့သုံးမှာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ချင်းပြည်နယ်ကိုကြည့်ရင် ဆရာ ဘယ်လိုခံစားမိပါလဲ။

ဖြေ။ ။ ကျွန်တော်က ဒီစစ်မြင်ကွင်းကို ကိုယ်တိုင်မြင်တဲ့အခါမှာ ကျွန်တော့်ဟာကျွန်တော် ဒီ Landmine Victims တွေအတွက် စစ်ရဲ့ ဒီမှာသေဆုံးသွားတဲ့ သားသမီးတွေ၊ ကျွန်တော်တို့ရဲ့ သူရဲကောင်းလေးတွေရဲ့ ဘဝလေးက အရမ်းကို သနားစရာကောင်းတယ်။ သူတို့ရဲ့ မိသားစုလေးတွေ ကလေးတွေရဲ့ ပညာရေးကအစ ကျွန်တော်ဆုံးဖြတ်ထားတာက ဒီအတွက် မြန်မာပြည်တလျှောက်မှာရှိတဲ့ စစ်ရဲ့ ဒီသားကောင်တွေ ခက်ခဲတဲ့ လူတွေကို တတ်နိုင်တဲ့ဘက်ကနေပဲ ဒီကရသမျှကို ကျွန်တော်လှူဒါန်းမယ်။ ဆက်လက်ပြီးတော့ သူတို့နဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။

မေး။ ။ လက်ရှိတော်လှန်ဆင်နွဲနေတဲ့ တော်လှန်ရေးအပေါ် ဆရာ့အမြင်သိချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက ကြည့်မယ်ဆိုရင် အဲ့ဒီတုန်းက အရှေ့တောင်အာရှမှာ အရမ်းထွန်းတောက်တဲ့နိုင်ငံ ဖြစ်တယ်။ စင်ကာပူကနေ ရန်ကုန်မှာ အလုပ်လာလုပ် ကြတယ်၊ ကျောင်းလာ တက်ကြတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းအကြာကြီး နေပြီး နောက်ပိုင်းမှာ မြန်မာပြည်က အာရှမှာ၊ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ တိုင်းပြည် ဖြစ်သွားတယ်။ မြန်မာပြည်သူပြည်သား အများကြီး နိုင်ငံခြားမှာ အလုပ်သမားအဖြင့် သွားပြီးအလုပ်လုပ်ကြတယ်။ အဲဒါ စစ်ရဲ့ သားကောင်ပါပဲ။ ဒါကြောင့် ဒီဟာကို တိုက်ခိုက်မယ်၊ အနိုင်ထိ လုံးဝအောင်ပွဲရသည့်အထိ ယုံကြည်တယ်၊ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ကျွန်တော်တို့ အမြဲတမ်း အားပေးထောက်ခံမှာ ဖြစ်ပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ ကျွန်တော့်ကိုအားပေးကြတဲ့ မြန်မာပြည်သူပြည်သား၊ တိုင်းရင်းသားများ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ပါ၊ ဒီကျွန်တော့်ရဲ့ ကဏ္ဍအနေနဲ့ ဒီရုပ်ရှင်လုပ်ငန်းအနေနဲ့ ပါဝင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ကို အားပေးပါ။ ဒီတော်လှန်ရေးမှာ တစိတ်တပိုင်းအားပေးတဲ့ လူတွေအပေါ်မှာလည်း အားလုံးကို အသိမှတ်ပြုတယ်၊ ကျေးဇူးတင်တယ်။ မြန်မာပြည်နယ်တလျှောက်တိုင်းမှာ တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးရဲဘော် ညီငယ်၊ ညီမလေးတွေ ကျွန်တော်တို့ အမြဲတမ်း အားပေးပါတယ် ဆိုတဲ့ဟာကို ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here