ကန့်ဘလူမြို့နယ်အတွင်း အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး သေဆုံး

0
145
မြွေကိုက်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်(ဓါတ်ပုံ - ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းရွာက အသက် ၈ နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး နှစ်ရက်အကြာမှာ သေဆုံးခဲ့တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“မောင်မိုးဟိန်းမှာ မိသားစုဝင်များနှင့်အတူ စစ်ရှောင်နေရသူဖြစ်ကာ ဧပြီလ ၁၅ ရက်က ထမင်းချက်ရန်အတွက် ထင်းသယ်သွားရာမှ မြွေဆိုးကိုက်ခံခဲ့ရခြင်းဖြစ်သည်” လို့ ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

မြွေဆိုးကိုက်ခံရချိန်မှာ မြန်မာ့ဆေးဝါးလုပ်ငန်း – BPI ထုတ် မြွေဆိပ်ဖြေဆေး နှစ်လုံးထိုးကာ အရေးပေါ် ကုသပေးခဲ့ပြီး ကိုးတောင်ဘို့တိုက်နယ်က ကောလင်းမြို့နယ်ဘက်ကို လွှဲပြောင်းကာ BPI ထုတ် မြွေဆိပ်ဖြေဆေးခြောက်လုံးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးတစ်လုံး ထပ်မံထိုးပေးကာ အရေးပေါ်ကုသမှုပေးခဲ့ပေမယ့် ဧပြီ ၁၇ ရက်မှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင်ထဲက ပြည်သူတွေ တောထဲစစ်ရှောင်နေချိန်အတွင်းမှာ မြွေဆိုးကိုက်ခံရမှုတွေ ဖေဖော်ဝါရီလမှာ သုံးဦးနဲ့ မတ်လမှာ တစ်ဦးရှိခဲ့ပေမယ့် အချိန်မီကုသပေးနိုင်ခဲ့လို့ အသက်သေဆုံးမှုမရှိခဲ့ဘူးလို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။

ကန့်ဘလူခရိုင်ဟာ မြွေပွေးနဲ့ မြွေဟောက် ပေါတဲ့ဒေသဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here