ရေဖြူမြို့ပေါ်ရှိ မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ

0
340

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဂရပ်ကွက်ရှိ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား လဝကရုံး မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ် ၁၅ ရက်နေ့ ည ၇ နာရီလောက်မှာ ရေဖြူမြို့နယ် လဝကရုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။

မီးရှို့ခံရတာကြောင့် လဝကရုံးအဆောက်အဦး တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့သလို စာရွက်စာတမ်းတွေ လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း စစ်ကောင်စီပြောခွင့်ရကတော့ လဝကရုံး မီးလောင်မှုကြောင့် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း အချက်အလက် တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လဝကရုံးကို လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဝင်ရောက်စီးနင်းမီးရဖျက်ဆီးမှုမှာ ရုံးဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ရေဖြူမြို့နယ် လဝကရုံး မီးရှို့ဖျက်ဆီးမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် မေလတုန်းက ရေဖြူမြို့နယ်လဝကရုံး အနီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်တာမရှိခဲ့ပေမယ့် ဇူလိုင်လက ရေဖြူ စရဖရုံး ဗုံးခွဲခံရမှုမှာတော့ အဆောက်အဦး တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here