ကန့်ဘလူမြို့နယ်အတွင်း မီးလောင်ထားသည့် စစ်ရှောင်နှစ်ဦး၏ အလောင်းတွေ့ရှိ

0
287

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးကျေးရွာအနီးတွင် အမျိုးသားနှစ်ဦး၏ မီးရှို့သတ်ခံထားရသည့် အလောင်းများကို တွေ့ရှိခဲ့ရကြောင်း မြေပြင်တွင် စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ကူညီပေးသူတစ်ဦးက “ကျနော်တို့ကြားတာတော့ အဝတ်ထုပ်ကျန်ခဲ့လို့၊ ညဘက်စောင်ခြုံဖို့ မရှိတာကြောင့် ပြန်ယူချိန် မီးရှို့သတ်ခံလိုက်ရတာလို့ ကြားတယ်။ ဘာလက်နက်မှမပါတဲ့ စစ်ရှောင်ပြည်သူတွေပါ” ဟု ပြောသည်။

ကိုင်းရိုးကျေးရွာအနီးက ဆိုင်ကယ်နှစ်စီးနဲ့အတူ မီးရှို့သတ်ခံထားရသည့် အမျိုးသားအလောင်းနှစ်လောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်ကတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အကူအညီပေးနေသူများက ဆိုသည်။

မီးရှို့အသတ်ခံထားရသည့် အမျိုးသားနှစ်ဦးမှာ အသက် ၂၂ နှစ်နှင့် အသက် ၃၂ နှစ်အရွယ်ခန့် ရှိသူများဖြစ်ကြပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးဘူးဟု ဆိုသည်။

စစ်ကောင်စီတပ်က အင်အား ၁၂၀ ဝန်းကျင်ဖြင့် ကန့်ဘူမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်က ရွာသားတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here