ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် အစစ်ဆေးကြမ်းနေ

0
171

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဗုံးကွဲတာနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ရေဖြူမြို့မဈေးအနီးနဲ့ ပုဂေါဇွန်းကျေးရွာဘက်သွားလမ်းတွေမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း ရေဖြူမြို့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း ဆက်သွယ်ထားတဲ့ တံတားမှာ မိုင်းတွေ့ပြီးနောက် စစ်ကောင်စီတပ်က တံတားပိတ်ဆို့ပြီး စစ်ဆေးခဲ့တာပါ။

စစ်ကောင်စီတပ်က တံတားပိတ်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ခရီးသည်နဲ့ယာဉ်တွေ နာရီနဲ့ချီ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ဗုံးပေါက်ကွဲတာနဲ့ ဗုံးတွေ့ရှိမှုတွေ ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်နေရာတွေအပြင် မြို့အတွသ်းမှာ ကား၊ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာပြည်သူတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရေဖြူမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတွေမှာတော့ လူထိခိုက်ဒဏ်ရာရမရှိဘူးလို့ သိရပါတယ်။

ရေဖြူမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သံလွင်တိုင်းမ်-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here