တိုင်းရင်းသားမီဒီယာအချို့ အာဏာသိမ်းပြီးနောက်ပိုင်း ပျောက်ကွယ်

0
160

အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေနှင့် ရပ်တည်မှုအခက်အခဲများကြောင့် တိုင်းရင်းသားမီဒီယာတစ်ချို့ ပျောက်ကွယ်သွားသည်ဟု တိုင်းရင်းသားသတင်းဌာနများနှင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာသတင်း BNI က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင့် ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်သည့် “စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားမီဒီယာများကို လေ့လာခြင်း” နှင့် “စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံ ငြိမ်းချမ်းရေး” စာတမ်းမိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

BNI ၏ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ စိုင်းမိဏ်းက “သတင်းတိုက်ပျက်သွားတဲ့ မီဒီယာပေါ့နော အဲဒါတွေက တော် တော်များများ ရှိပါတယ်။ ဥပမာ ချင်းပြည်နယ်မှာ ဆိုရင် သတင်းမီဒီယာ ၁၆ ခုရှိတယ် အခု ၁၀ ခုက ပျောက် နေပြီ။ ထို့အတူ ကျနော်တို့ ရှမ်းပြည်မှာလည်း အဲလိုပဲ ပျောက်နေတဲ့ သတင်းမီဒီယာတွေက ဥပမာ တောင်ကြီး အခြေစိုက်တဲ့ မီဒီယာ တော်တော်များများက အလုပ်မလုပ်နိုင်တော့ဘူး။ တချို့ အယ်ဒီတာတွေက ထောင်ကျ နေတယ်။ ဖမ်းဆီးခံနေရတယ်။ အဲ့လိုမျိုးတွေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လွတ်လပ်တဲ့ သတင်းသမားတွေ လည်း အများကြီးပေါ့နော်။ အဲလိုမျိုးတွေ ရှိပါတယ်” ဟု ပြောသည်။

သို့သော် ပျောက်ကွယ်သွားသည့် သတင်းမီဒီယာ အရေအတွက်ကို BNI အနေနှင့် ကောက်ယူနိုင်ခြင်းမရှိသေးပဲ နောက်ပိုင်းတွင်ပြုလုပ်မည့် စာတမ်းများတွင် အရေအတွက်ကို ထည့်သွင်းနိုင်အောင် ကြိုးစားသွားမည်ဟု BNI ၏ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး တာဝန်ခံ ရွှေရည်က ပြောသည်။

၎င်းက “ကျမတို့ရဲ့ သုတေသနမှာ ကျမတို့ အဓိက အရေအတွက်တွေပေါ့နော ဘယ်လောက်တိတိကျကျပျောက် ကွယ်သွားသလဲ ။ ဘယ်လောက်ဆက်ရှိနေသေးသလဲဆိုတာကြီးကို ကျမတို့ မလုပ်နိုင်ပါဘူး။ ကျမတို့က အဓိ က တိုင်းရင်းသား မီဒီယာ အခု လက်ရှိ ရပ်တည်နေတဲ့ မီဒီယာတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ ရေးတာပေါ့ ဒါပေမယ့် ကျမတို့ အထဲမှာ တစ်ခုပါတာ တစ်ခုက ဒီချင်းပေါ့နော ချင်းပြည်နယ်က မီဒီယာ အစက ၁၆ ခုကနေ ၁၀ ခုလောက် ပျောက်ကွယ်သွားပြီးတော့ ၆ ခုလောက်ကတော့ အွန်လိုင်းကနေ ဆက်လက်ရပ်တည်နေတယ် ဆိုတဲ့ အချက်အလက်တစ်ခုပဲ ပါပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားနေသည့် သတင်းဌာနများကို စစ်တပ်က ထုတ်ဝေခွင့် ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်း၊ ခြိမ်းခြောက်ခြင်းကို ပြုလုပ်လာသည့်အပြင် လွတ် လပ်စွာ ထုတ်ဖော်ရေးသားခြင်းများကိုလည်း ကန့်သတ်လာသည့် အတွက် သတင်းဌာနအချို့ ရပ်နားခဲ့ရပြီး သတင်းသမား အများစုမှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု BNI ဆိုသည်။

သတင်းအလုပ်ကို ဆက်လက်လုပ်နေသည့် သတင်းဌာနများနှင့် သတင်းသမားများမှာလည်း ယခင်ကကဲ့သို့ သတင်းအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်၍ မရကြပဲ စစ်တပ်၏ စောင့်ကြည့်နေမှု များကို အမြဲခံနေရ သည့်အတွက် အန္တရာယ်ကြားကနေ ပုန်းရင်းရှောင်ရင်း သတင်းအလုပ်ကို လုပ်ဆောင်နေရသည်ဟု BNI က ပြော သည်။

BNI ၏ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက “တိုင်းရင်းသား မီဒီယာတွေရှိနေရတဲ့ နေရာတွေက အင်မတန် မှ နယ်မြေကျဉ်းတယ်။ ပြီးတော့ ဘယ်မီဒီယာမှာ ဘယ်သူတွေက ရှိနေသလဲ။ ဘယ်သူတွေက ဘာလုပ်နေသ လဲ ဆိုတာကို အာဏာပိုင်တွေ အားလုံးက သိတယ် ပေါ့နော။ ဆိုတော့ ဒီလိုအနေအထားမျိုးမှာ အလုပ်လုပ်နေရတဲ့ အနေအထားက ဒါကလည်း ရေရှည်ရပ်တည် နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်။ အများကြီး စိန်ခေါ်မှုတွေရှိ နိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ဘယ်လောက်ပဲ စိတ်ဆန္ဒရှိရှိ တစ်ဖက်က အချိန်ပြည့် အဖမ်းခံရတယ်။ မိသားစုတွေ ဘဝတွေ ဖျက်ဆီးခံရတဲ့ အနေအထားတွေက အများကြီး ခြိမ်းခြောက်မှုတွေ ရှိနေမှာပဲ။ ဒါက လည်း တစ်ဖက်ကကြည့် မယ်ဆိုရင် ကျမတို့ မီဒီယာတွေအနေနဲ့ တစ်ဖြည်းဖြည်း တစ်ဖြည်ဖြည်းနဲ့ ရပ်လိုက် ရ တဲ့ ဟာမျိုး သို့မဟုတ် လူအင်အား ၏တွေ အရမ်းနည်းသွားပြီးတော့ ဆက်မလုပ်နိုင်တဲ့ အနေအထားမျိုးတွေ လည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းဌာနများ ပျောက်ကွယ်သွားခြင်း၊ သတင်းသမားများက သတင်းအလုပ်ကို ရပ်နားလိုက်ရသည့် အကြောင်းအရင်းများထဲတွင် ဘဏ္ဍာရေး အခက်အခဲလည်းပါဝင်သည်ဟု BNI ၏ မန်းနေ ဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက ဆက်ပြောသည်။

“တကယ်၍ ဒိုနာတွေက မထောက်ပံ့တော့ဘူး သို့မဟုတ် ထောက်ပံ့မဲ့ အနေအထား အကန့်အသတ်ဖြစ်မယ်ဆို ရင် အထူးသဖြင့်ပေါ့နော နဂိုကတည်းက အားနည်းနေတဲ့ နဂိုကတည်းကလည်း အရမ်းကို ရုန်းကန် နေရတဲ့ ဒီတိုင်း ရင်းသား မီဒီယာတွေ အတွက်ကတော့ အချိန်မရွေး လုံးဝပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ အနေအထား တစ်ခုကို ကျမတို့ မြင်နေရတယ်ပေါ့နော။ မသေချာ မရေရာတဲ့ အနာဂတ်တစ်ခုကို ကြည့်ပြီးတော့မှ ကျမတို့ တိုင်းရင်း သား မီဒီယာတွေ ဒေသခံ မီဒီယာတွေက ဒီလုပ်ငန်း လှည်ပတ်မှုတွေကို ခနက သူတို့ ကိုယ်တိုင်ရဲ့ ဆက် လက်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါလေးကို ကျမတို့က ခြုံပြီး ကြည့်လိုက်ပြီးတော့မှ ဒါကတော့ အချိန် မရွေးပေါ့ နော မီဒီယာတွေ အထူးသဖြင့် သေးငယ်တဲ့ မီဒီယာတွေ တိုင်းရင်းသား မီဒီယာတွေက ပျောက်ကွယ် သွားနိုင်တဲ့ အလားအလာ ရှိနိုင်တယ်။”

ထို့ကြောင့် တိုင်းရင်းမီဒီယာ သတင်းဌာနများ ထပ်မံပြီး မပျောက်ကွယ်သွားအောင်နှင့် ၎င်းတို့၏ သက်ဆိုင်ရာ လူမျိုးစုအလိုက် ဒေသအတွင်းက ရိုးရာဓလေ့များ၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ဖော် ထုတ်ရေးသားနိုင်ရန် သတင်းမီဒီယာများကို ထောက်ပံ့ပေးနေသည့် နိုင်ငံတကာ အလှူရှင်များ အနေဖြင့် ယခုထက်ပို၍ ဆက်လက်ကူညီ ထောက်ပံ့ပေးရန် BNI က တောင်းဆိုထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here