24 April 2025 /

See today's Peace Related News

Homeသတင်းဗန်းမောက်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဗန်းမောက်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

၇ အောက်တိုဘာ ၂၀၂၂

စစ်ကိုင်းတိုင်း ဗန်းမောက်တောင်ပိုင်းဒေသများအတွင်း စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စီးမော်ဘက်မှာ ဒီနေ့ နေ့လည် ၂ နာရီလောက်တစ်ခါ သုံးနာရီခွဲလောက်တစ်ခါ လေယာဉ်လာတာမြင်ရတယ်။ လေယာဉ်စိုက်ဆင်းသွားတာလည်း မြင်ရတယ်။ ပထမအကြိမ်က နှစ်လုံး ဒုတိယအကြိမ်က သုံးလုံး တတိယအကြိမ်က လေးလုံးပေါက်ကွဲတာကြားရတယ်” ဟု အောက်တိုဘာလ ၆ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်းရာတွင် ပတ်၀န်းကျင်ကျေးရွာမှ ပြည်သူတစ်ဦးကဆိုသည်။

အဆိုပါလေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် စီးမော်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေးကွာသော တောင်ကြီးကျေးရွာထိပ်တွင် ဗုံးတစ်လုံးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာရှိနေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ဗုံးအများစုမှာ ရွာြပင်ပတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

“PDF တွေက စီးမော်ရွာမှာ နေထားတာ စစ်တပ်က တောင်ကြီးရွာမှာ ရှိတယ်။ ခုထိ စီးမော်ရွာကို မဝင်နိုင်သေးဘူး။ ဗုံးကြဲတာကတော့ လူထိခိုက်မှု မရှိဘူးလို့ သိရတယ်။” ဟု အဆိုပါကျေးရွာများနှင့် ဆက်စပ်မှုရှိသော ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဗုံးကြဲမှုနှင့် ပတ်သက်၍ ဗန်းမောက်ဒေသ PDF သတင်းများကို အစဉ်တစ်စိုက်ဖော်ပြလာသော Bamauk Revolution BR- team ကလည်း အတည်ပြုထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် ပေပင် ၊ ကျောက်အိုင်ကျေးရွာများတွင်လည်းကောင်း အောက်တိုဘာလ ၄ ရက်နေ့က ကျောက်မဲတောင် အနီးတွင်လည်းကောင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ကျောက်အိုင်ကျေးရွာမီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗန်းမောက်တောင်ပိုင်း ဒေသများတွင် အောက်တိုဘ လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြားတိုက်ပွဲများ ဆက််တိုက်ဖြစ်ပွားနေပြီး စစ်ကြောင်းများ ဆက်လက်ထိုးနေသဖြင့် တိုက်ပွဲအရှိန် မြှင့်လာနိုင်စရာရှိကြောင်းလည်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ)- ပေးပို့သည်။

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ PDF ရှိသည့်နေရာကို လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၇) ရက်တွင် စစ်ကောင်စီသည် ဂျက်လေယာဥ် ၅ စီးဖြင့် မိုးမိတ်မြို့ အခြေစိုက် ခမရ ၃၄၈...

အပစ်ရပ်ထားသော်လည်း ရသေ့တောင်နှင့်မြေပုံ ကားလမ်းများကို စစ်ကောင်စီ ဆက်ပိတ်ထား

စစ်ကောင်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယာယီအပစ်ရပ်တန့်လိုက်ပြီးနောက် ရခိုင်ပြည်ရှိ ကုန်းလမ်းရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းနှင့် မင်းပြား - မြေပုံကားလမ်းတို့ကို ပိတ်ထားဆဲဖြစ်သည်။ လက်ရှိ ပုဏ္ဏားကျွန်း - ရသေ့တောင်လမ်းပိုင်းတွင် ပုဏ္ဏားကျွန်းမှ ရသေ့တောင်သို့သွားလျှင် လက်ဝဲစာတိုက်ကျေးရွာနှင့် သာစည်ကျေးရွာကြားရှိ စစ်ဆေးရေးဂိတ်နှင့် ရသေ့တောင်မှလာလျှင်လည်း ပိန္နဲတောကျေးရွာအနီးရှိ စစ်ကောင်စီ...

ရခိုင်နှင့် ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ၉၈၀၀၀ ကျော်ကို အကူအညီပေးနိုင်ဖို့ လိုအပ်နေဟု ယူအန်ထုတ်ပြန်

ရခိုင်ပြည်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ၄ လကျော်ကြာအောင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ ၉၈၅၀၀ ကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရန် လိုအပ်နေသည်ဟု ယူအန်အိုချာ (UNOCHA) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ၎င်းထုတ်ပြန်ချက်ထဲတွင် “ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ၄ လကြာ ပြင်းပြင်းထန်ထန်...