5 June 2026 /

See today's Peace Related News

Homeသတင်းတတိယအကြိမ် ပင်လုံညီလာခံ အတွင်း တပ်မတော် ထိုးစစ်ရပ်ရန် UNFDP တောင်းဆို

တတိယအကြိမ် ပင်လုံညီလာခံ အတွင်း တပ်မတော် ထိုးစစ်ရပ်ရန် UNFDP တောင်းဆို

ရှေ့လမှာ ကျင်းပမည့် တတိယ အကြိမ် (၂၁)ရာစု ပင်လုံဆွေးနွေးပွဲ ကာလအတွင်း မြန်မာ့တပ်မတော်မှ လုပ်လေ့လုပ်ထရှိသော တိုင်းရင်းသားဒေသ ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန် UNFDP ပါတီ က ဇွန် (၂၇) ထုတ်ပြန်ချက်ဖြင့် တောင်းဆိုလိုက်သည်။

ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ UNFDP ပါတီအနေဖြင့် ဇူလိုင် (၁၁)နေ့ စတင်မည့် (၂၁)ရာစု ပင်လုံဆွေးနွေးပွဲကို ကြိုဆိုထောက်ခံသော်လည်း ဆွေးနွေးပွဲ ကာလအတွင်း ထိုးစစ်ဆင်ခြင်းကို မလိုလားကြောင်း UNFDP ပါတီ ဥက္ကဌ ဒေါ် Labyawng Bawk Ja (ဘောက်ဂျာ) က ယခု ဆိုသည်။

“ပြီးခဲ့သောဆွေးနွေးပွဲ (၂)ကြိမ်ကို ကြည့်မယ်ဆိုရင် အမြဲလိုလို တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲ တွေပြင်းထန်လာတယ်။ တပ်မတော်က မူဘောင် (၆)ချက်ကို အလျှော့ပေးတာမရှိဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့သဘောထားကိုလည်း လိုက်လျောမူမရှိ ဘူး။ ဒါကြောင့် လုပ်ငန်းစဉ်တိုင်းမှာ အောင်မြင်မူမရှိခဲ့ဘူး။”

ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အားလုံးကို စုံညီစွာ ပါဝင်ခွင့်ရရှိအောင် အစိုးရနှင့် မြန်မာ့တမ်မတော်မှ သဘောထားကြီးစွာဖြင့် ဖိတ်ခေါ်ပြီး လွတ်လပ်စွာ တန်းတူဆွေးနွေးခွင့်များ ရရှိအောင် ဆောင်ရွက်ပေးရန်လိုလားကြောင်းကို တောင်းဆို ထားခြင်းဖြစ်သည်။

ယခင် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဌ ဟောင်း ဒေါ် ဘောက်ဂျာ ဦးဆောင်သော United Nationalities Federal Democracy Party (UNFDP) ပါတီ ရုံးကို မြစ်ကြီးနားမြို့တွင် မေလ (၅)၊ ၂၀၁၈ ရက်နေ့ ဖွင့်လှစ်ခဲ့သည်။