၁၀ ဇူလိုင် ၂၀၂၀
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ အချိန်မီကျောင်းတက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ယာယီကျောင်းဆောင်များဆောက်လုပ်ေပးလျက်ရှိသော်လည်း လုံလောက်မှုရှိဦးမည်မဟုတ် သည့်အပြင် ကျောင်းသင်ထောက်ကူပစ္စည်များလည်း အရေးတကြီးလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင် ရွက်ပေးနေသည့်အဖွဲ့အစည်းများကေြပာသည်။
ယခုလက်ရှိ ဆမီးမြို့တွင်ခိုလုံနေကြသည့် စစ်ဘေးရှောင်ကလေးငယ်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီး အ.ထ.က နှင့် လိပ်ခုံး အ.လ.က ကျောင်းတွင် အကျယ် ပေ ၈၀*၃၀ ရှိသော ယာယီကျောင်းဆောင် ၂ ဆောင်ဆောက် လုပ်ပေးလျက်ရှိပြီး (၁၀၀၀) နီးပါးခန့်ရှိသော စစ်ဘေးရှောင်ကျောင်းသူကျောင်းသားများအတွက် လုံလောက်မှု ရှိဦးမည်မဟုတ်ကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့မှဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။
“ကိုဗစ်ကလည်း ဒုတိယအသုတ် အားပြန်ကောင်းလာတယ်ဆိုတော့ ချင်းပြည်နယ်မှာဆိုရင် အိန္ဒိယဘက်ကလာတဲ့သူ ပိုများတာပေါ့နော် အဲဒါကြောင့်စိုးရိမ်မိတော့ ကျောင်းဆောင် ပေ ၈၀ * ၃၀ ဆိုတာက ကျောင်းသား ၂၀၀ ကျော်လောက်ပဲ ဆံ့မယ် ဒါကြောင့်ကျောင်းဆောင် ၂ ဆောင်လောက်ကတော့ ထပ်ဆောက်ဖို့ ကျနော်တို့စဉ်းစားထားတယ်၊ ဒီ IDPs စခန်းမှာ ကျောင်းသားတွေတော်တော်များတဲ့အခါမှာ ဝန်ကြီးကတော့ ကျောင်းထပ်ဆောက်ဖို့လျာထားတာတော့ရှိတယ် ဒါပေမယ့်ခုချိန်ထိတော့ ပြည်တွင်းပြည်ပအလှူများလည်းပဲမေတွ့ရသေးဘူး၊ ဒါပေမယ့် လောလောဆယ်တော့ အထက်တန်းတွေပဲ အရင်ဆုံးတက်ဦးမှာဆိုတော့ အဆင်ပြေအောင်တော့လုပ်လို့ရသေးတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားစစ်ရေးပဋိပက္ခကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ၃၃၀၀ ကျော်ရှိသည့်အနက် သူငယ်တန်းမှ ၁၀ တန်းအထိ တက်ရောက်ကြမည့် စစ်ဘေးရှောင်ကလေးငယ်များအယောက် (၈၀၀) ကျော်ရှိသည်ဟု သိရသည်။
“ကျောင်းသူကျောင်းသားများအတွက် အရေးကြီးဆုံးအရာကဘာလဲဆိုတော့ စားပွဲ၊ ထိုင်ခုံတွေလုံးဝမလုံလောက်ဘူး၊ ပျဉ်စွဲပြီးမှ စားပွဲ၊ ထိုင်ခုံရိုက်ဖို့လည်းလုံးဝအဆင်မပြေဘူး မိုးရွာသီလည်းဖြစ်တဲ့အခါကျတော့ မိုးကတောက်လျှောက်ရွာတယ် ဘာမှလုပ်လို့မရဘူး၊ ဒါကြောင့် စာရေးခုံ၊ စားပွဲ ကျောင်းစိမ်းကျောင်းဖြူ လွယ်အိတ်၊ ထီးတွေကတော့ အင်မတန်မှလိုအပ်နေပါသေးတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။
အလားတူ ပလက်ဝမြို့ပေါ်တွင်လည်း စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိသည့်အနက် ယခုပညာသင်နှစ်တွင် မူလတန်းမှ ၁၀ တန်းအထိတက်ရောက်မည့် ကျောင်းသား/ကျောင်းသူ (၁၁၃၄) ရှိနေပြီး ၎င်းတို့အတွက် ယာယီကျောင်းဆောင်များ ကို ချင်းပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်ပေးမည်ဖြစ်သော်လည်း ကျောင်းဝတ်စုံ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျက် ရှိသည်ဟု ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီေရးအဖွဲ့ဥက္ကဌ ဦးဇာနီကပြောသည်။
“ ချင်းပြည်နယ်အစိုးရက သူတို့အတွက်သီးသန့်ယာယီကျောင်းေဆာင်ဆောက်ပေးဖို့ အစီစဉ်ရှိတယ်၊ အခုသစ်တွေခွဲစိတ်နေပြီ အ.ထ.က (၁) မှာ ကျောင်းဆောင် ၂ ဆောင်လျာထားတာရှိတယ်၊ အ.ထ.က (၂) မှာ တစ်ဆောင်လျာထားပေးတာရှိတယ်၊ မကြာခင်ဆောက်မယ် အဲဒီမှာ အလယ်တန်းနဲ့ မူလတန်းတွေတက်မယ်၊ ကျောင်းသူ၊ ကျောင်းသားတွေအတွက်အခက်အခဲရှိမှာက ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလိုမယ်၊ ဒီမှာလဲ လိုချင်သလိုဝယ်လို့မရဘူး မရှိဘူး’’ ဟု ဦးဇာနီကပြောသည်။
ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ကျောင်းသားများထဲတွင် KG တန်းတက်မည့် ကျောင်းသားဦးရေ ၁၃၀၊ ပထမတန်းတွင် ၁၁၂၊ ဒုတိယတန်းတွင် ၁၀၆၊ တတိယတန်းတွင် ၁၃၃၊ စတုတ္တတန်းတွင် ၁၅၉၊ ပဥ္စမတန်းတွင် ၁၁၉၊ ဆဌမတန်းတွင် ၈၉၊ သတ္တမတန်းတွင် ၉၁၊ အဌမတန်းတွင် ၇၈၊ နဝမတန်းတွင် ၆၂ နှင့် ၁၀ တန်းတွင် ၅၅ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား (၁၁၃၄) ဦးရှိသည်။
ပလက်ဝမြို့နယ်သည် နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိေသးသည့်အတွက် ပလက်ဝမြို့နယ်အတွင်း တာဝန်ကျလာမည့် ကျောင်းဆရာ၊ ဆရာမ များသည်လည်း လာရောက်ရန်စိုးရိမ်မှုများရှိေနကြသည်ဟု People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။
“ဆရာ၊ဆရာမတွေက နိုင်ငံရေးအခြေအနေကြောင့် ဒီကိုလာဖို့အခက်အခဲရှိတယ်၊ ဝန်ကြီးကတော့ ကျောင်းဖွင့်တဲ့အချိန်မှာ တော့သူတို့အားလုံးကိုခေါ်ပြီးမှ ဆမီးမှာထားမယ်လို့ပြောတော့ပြောတယ်၊ ဒါပေမယ့် ကျနော်တို့ရတဲ့အချက်အလက်အရ ဆရာ၊ ဆရာမတွေကို ဒီကိုလာဖို့အခက်အခဲများစွာရှိတယ်ဆိုတာကိုတွေ့ရတယ်၊ ဖြစ်နိုင်တယ်ဆိုရင်တော့ CSO တွေဘက်က ဆရာ၊ဆရာမတွေကို ငှါးနိုင်မလားဆိုတဲ့အသံတွေလည်းထွက်လာတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။
ခိုနူမ်းသုန် – ပေးပို့သည်။