KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီ လေယာဉ်ဖြင့် ညသန်းခေါင်ချိန် တိုက်ခိုက်

0
241

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။

KNU မူတရော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေကို စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၂ ရက် မနက် ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံ အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း နယ်မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။

လာရောက်တိုက်ခိုက်သည့် လေယာဉ်အမျိုးအစားကို ကေအိုင်စီက အတိအကျ မသိရသော်လည်း ညအချိန် ဇန်နဝါရီလ ၁၂ ရက်၊ မနက်စောစော ၁၂း၄၅ နာရီခန့်တွင် ရန်ကုန်မြို့တိုင်း၊ မှော်ဘီမြို့နယ်ထဲမှ ဂျက်တိုက်လေယာဉ် ပျံသန်းထွက်ခွာသွားကြောင်း ကြားသိရသူများက ပြောသည်။

အချိန် ၂ မိနစ်ခန့်သာကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် လေယာဉ်မှ ဗုံး ၅ လုံး ပစ်ချသွားခဲ့ရာ ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံကို ၂ လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး လယ့်ဂေးထာ့ကျေးရွာထဲသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အသေးစိတ်အခြေအနေကို ကေအိုင်စီအနေဖြင့် KNU မူတရော်ခရိုင် တာဝန်ရှိသူများထံ ဆက်လက်မေးမြန်းကာ ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here