6 June 2026 /

See today's Peace Related News

Homeသတင်းရေးမြို့နယ် မိထော်လှာလေးနှင့် ကျုံညဲရွာမှ ဒေသခံ ၇ဦးအား စစ်ကောင်စီတပ် ဖမ်းဆီး

ရေးမြို့နယ် မိထော်လှာလေးနှင့် ကျုံညဲရွာမှ ဒေသခံ ၇ဦးအား စစ်ကောင်စီတပ် ဖမ်းဆီး

၂၈ စက်တင်ဘာ ၂၀၂၁

ရေးမြို့နယ် တောင်ပိုင်းရှိ မိထော်လှာလေးနှင့် ကျုံညဲရွာများမှ အမျိုးသမီးအပါအဝင် ဒေသခံရွာသား ၇ဦးအား စစ်ကောင်စီတပ်နှင့် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ပူးပေါင်းစစ်ကြောင်းက စက်တင်ဘာ ၂၆ရက်တွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အဆိုပါဒေသသည် မွန်မြေစောင့်ရေးအဖွဲ့အမည်ခံ DMD လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာဒေသဖြစ်ပြီး ဖမ်းဆီးခံဒေသခံများအား DMD နှင့် ဆက်နွှယ်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၅ခုနှစ် မွန်ပြည်သစ်ပါတီနှင့် နဝတစစ်အစိုးရအကြား သဘောတူညီချက်အရ ၁၉၉၇ခုနှစ်တွင် အဆိုပါရေးတောင်ပိုင်းဒေသမှ မွန်ပြည်သစ်ပါတီ နေရာရွေ့ပြောင်းသွားခဲ့ရာ ကျန်ရှိခဲ့သူများဖြင့် ကိုယ့်အစုအဖွဲ့အလိုက် စစ်ကောင်စီတပ်ထံ လက်နက်ချအလင်းဝင်ခြင်းမျိုး မကြာခနပြုလုပ်လေ့ရှိပြီး DMD အဖွဲ့ကတော့ စစ်အာဏာသိမ်းကာလအတွင်း နာမည်ခံပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

ဖမ်းဆီးခံရသူများတွင် ၁-နိုင်ကျော်ဦး ၂-နိုင်မြိုင် ၃-နိုင်ကွန်းပကျော့(နာဲကောန်ပစံက်) ၄-နာဲချမ်းမွန် ၅-ကိုမင်းထွန်း ၆-နိုင်ဝင်းရွှေ နှင့် ၇-မိကွန်းဘေ့(မိကောန်ၝောံ) တို့ပါဝင်ကြောင်း ယုံကြည်စိတ်ချရသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ သတင်းပေးပို့ခဲ့သည်။

MNA – ပေးပို့သည်။