မင်းတုန်းမြို့နယ်အတွင်း သတင်းပေးအသတ်ခံရမှုအတွက် လာရောက်စစ်ဆေးသော စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

0
207

သတင်းပေးဆိုသူ ပစ်သတ်ခံရမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီကား မကွေးတိုင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သရက်-မင်းတုန်း-ကံမ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ (Eagle Force) က ထုတ်ပြန်သည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာမှ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (Eagle Force) က သတင်းထုတ်ပြန်ထားသည်။

ရဲနှင့်စစ်သား ၁၀ ဦးခန့်လိုက်ပါလာသည့် ဖောကားကို ဒီဇင်ဘာ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၅၆ မိနစ် အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ အရွယ် လက်ပွရွာသားတဦး ”ပေါက်ကွဲသံကြားတယ်။ ကားထိတာတော့ သေချာတယ် လူသေ မသေတော့ သေချာ မသိဘူး။ သွားမကြည့်ရဲဘူး” ဟု ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးဆိုသူ ဦးစိုးငြိမ်း၏ သတင်းပေးမှုကြောင့် မှိုက်ကျေးရွာနှင့် လက်ပွကျေးရွာက ဒေသခံရွာသား ၂ ဦး ပစ်သတ်ခံရပြီး ဒေသခံ အယောက် ၄၀ ခန့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီးနောက် PDF တပ်စခန်းတခုလည်း စီးနင်းခံခဲ့ရသည်။

အဆိုပါ စီးနင်းခံရမှုအတွင်း PDF တပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့သည်။

ထိုကဲ့သို့သော တိုက်ခိုက်ခံရမှုများကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီသတင်းပေး ဦးစိုးငြိမ်းဆိုသူကို သရက်-မင်းတုန်း- ကံမ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ (Eagle Force) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သရက်မြို့အဝင် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ) တပ်ရင်း ၁၂ ကို သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကိုလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သရက်-မင်းတုန်း-ကံမ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ (Eagle Force) မိုင်းခွဲခဲ့သေးသည်ဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here